မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲပြီး ခေတ္တခဏ အနားယူမည်ဖြစ်သော်လည်း နည်းပြလောကသို့ ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲမည်ဟု ဇန်နဝါရီ (၂၆) ရက်တွင် အံ့အားသင့်ဖွယ်ကြေညာခဲ့ပြီး နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် မသေချာကြောင်းလည်း ပြောကြားထားသည်။
ထို့ကြောင့် ယာဂန်ကလော့ပ်အနေဖြင့် ဖိအားများသည့် နည်းပြလောကကို စွန့်ခွာသွားနိုင်သည့်အလားအလာရှိကြောင်း သုံးသပ်မှုများရှိနေသဖြင့် ဂွါဒီယိုလာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“သူ ပြန်လာမှာ သေချာပါတယ်။ ဘယ်အချိန် ပြန်လာမလဲဆိုတာ မသိပေမဲ့ ခဏအနားယူပြီး ပြန်လာမယ်လို့ ထင်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။