ပြည်ပထွက်ခွာခွင့်များကို ညွှန်ကြားချက် များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တား ဆီးခြင်းမရှိဘဲ ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်ထွက်ခွင့်ပြုနေကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာ တည်ကြောင်း သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက် များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တား ဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ် များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများ နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ထွက်ဂိတ် များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက် ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အ ညီ စနစ်တကျဝင်ထွက်ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်ပထွက်ခွာခွင့်များနှင့် ပတ်သက်ပြီး မည်သည့်ညွှန်ကြားချက်မျှ သီး ခြားထုတ်ပြန် ဆောင်ရွက်ထားခြင်းမရှိကြောင်း အသိပေးကြေညာအပ်သည်ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ကြောင်း အမိန့်ကြေညာစာအား ထုတ်ပြန်ပြီးနောက် တွင် မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့် များကို တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ် လာနေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန် သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည် သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော် ၀ါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစကက အမိန့်ထုတ်ပြန်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက် တွင် စစ်မှုထမ်းရမည့်အသက်အရွယ်ကို အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အ တွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းနှင့် ကျွမ်းကျင်သူ အမျိုးသား ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်း ထားသည်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအ ရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်း နီးပါးရှိပြီး အားလုံး စစ်မှုထမ်းရမည် မဟုတ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ လူ ဦးရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး၊ အမျိုး သားတွေပဲထည့်တွက်ဦး၊ အမျိုးသားတွေပဲ ထည့်တွက်ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ တစ် ရာ ခိုင်နှုန်းဆိုရင် ခြောက်သောင်းသုံးထောင်ရှိပြီ ဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်းဆိုရင် တစ်သိန်း နှစ်သောင်းရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်း ဆိုရင် လူဦးရေ ခြောက်သိန်းရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလောက်လူဦးရေ လိုသလား၊ ၁၀ ရာခိုင်နှုန်းလိုသလား မလိုနိုင်ပါဘူး။ မြန် မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာပေါင်း ခြောက် သောင်း ရှိတယ်။ ရပ်ကွက်တွေပါ ထည့်တွက် ရင် ခြောက်သောင်းကျော်ရှိတယ်။ ရပ်ကွက် တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။