ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်၍ ဟောလိဝုဒ်အသိုင်းအဝိုင်းကြား တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လျက်ရှိကာ လူမှုမီဒီယာအကောင့်များတွင် “ ပါလက်စတိုင်း လွတ်လပ်ရေး” သို့မဟုတ်“ အစ္စရေး နှင့်အတူ ရပ်တည်သည်” ဟူသည့် ဆောင်ပုဒ်များ ရေးသားဖော်ပြနေကြသည်။
“ Wonder Woman ”ရုပ်ရှင်ဖြင့် လူသိများသည့် အစ္စရေးမင်းသမီးဂယ်ဂဒေါ့က ဟားမာ့စ်တို့အစ္စရေးကို ထိုးဖောက်ဝင်ရောက်မှုကြောင့် အရပ်သားအများစုအပါအဝင်လူ ၁၂၀၀ ခန့်သေဆုံးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကတည်းက အစ္စရေးကို ထောက်ခံကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“ကျွန်မအစ္စရေးဘက်ကရပ် တည်ပါတယ်။သင်တို့လည်း အစ္စရေးဘက်က ရပ်တည်ပေးသင့်တယ်”ဟု ဂဲလ်ဂဒေါ့က ၎င်း၏Instagram followers ၁၀၉ သန်းကို ပြောကြားခဲ့သည်။ဂဲလ်သည်ဟားမာ့စ်တို့ပြန် ပေးဆွဲထားသည့် ဓားစာခံများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့်ပို့စ်များကို ဆက်တိုက်ပုံမှန်မျှဝေခဲ့သူ ဖြစ်သည်။
“သင်(ဂဲလ်)သာဂါဇာမှာရှိနေမယ်ဆိုရင် သင့်ရဲ့ လူမှုမီဒီယာကိုအသုံးပြုပြီး ပျောက်ဆုံးနေတဲ့၊ သေဆုံး နေတဲ့အပြစ်မဲ့ပါလက်စတိုင်းတွေ အကြောင်းကို မျှဝေပေးနိုင်မလား”ဟု Instagram အသုံးပြုသူတစ်ဦးက ဂဲလ်၏ပို့စ်တစ်ခုကို တုံ့ပြန်ခဲ့သည်။
အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့်ကလေးများအပါအဝင် လူ ၁၇,၀၀၀ ကျော်သေဆုံးခဲ့သည်။
ပါလက်စတိုင်း မျိုးနွယ်မှဆင်းသက်လာသည့် အမေရိကန်မော် ဒယ်ဂျီဂျီဟာဒစ်က followers ၇၉ သန်းရှိသော ၎င်း၏ Instagram ၌ မကြာသေးမီ သီတင်းပတ်များအတွင်းပြုလုပ်မည့် ဖက်ရှင်ရှိုးပွဲအပေါ် အာရုံစိုက်မှု လျော့နည်းလျက်ရှိသည်။“ အစ္စရေးအစိုးရက ပါလက်စတိုင်းလူတွေအပေါ် စနစ်တကျနှိပ်စက်မှု”ဟု ပြောဆိုခဲ့သည်။
“အလိမ်အညာတွေကို မဖြန့်ပါ နဲ့။ သင်(ဂျီဂျီ)နဲ့ သင့်အမ(ဘယ်လာ) တွေက ဂျူးမုန်းတီးသူတွေဖြစ်တယ်” ဟု အင်တာနက်အသုံးပြုသူတစ်ဦးက ဂျီဂျီ၏ပို့စ်တွင် မှတ်ချက်ရေးသား ခဲ့သည်။
ခိုင်လီဂျန်နာကလည်း followers ၃၉၉ သန်းရှိသည့် ၎င်း၏ Instagram တွင် အစ္စရေးလိုလားသော ပို့စ်များကိုမျှဝေခဲ့သော်လည်း ဝေဖန်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ပြီး နောက်တစ်နာရီအကြာတွင် ပြန် ဖျက်ခဲ့သည်ဟု အမေရိကန်မီဒီယာတွင် ဖော်ပြထားသည်။
“ ဂါဇာပဋိပက္ခမှာ ဘက်ရွေးတဲ့ အနုပညာရှင်တွေက ဆုံးရှုံးတာများပြီး ပြန်ရတာမျိုးနည်းပါတယ်”ဟုဘ ရက်ဆဲလ်ရှိ Saper Vedere ပြည်သူ့ဆက်ဆံရေးကုမ္ပဏီကို တည်ထောင်သူ နီကိုးလက်စ်ဗန်ဒါဘီယက်စ်က ဆိုသည်။ပရိုဂျူဆာများနှင့်စပွန်ဆာများသည် ပထဝီနိုင်ငံရေးနဲ့စီးပွားရေးကို ရောထွေးမှုအတွက်အကြိုက် တွေ့မှုနည်းပါးသည်ဟု ၎င်းကဆိုသည်။