Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 8
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

Avatar-3 ဇာတ်ကားကို ၂၀၂၅ ခုနှစ် ခရစ္စမတ်တွင်ရုံတင်မည်ဟု ဒါရိုက်တာဂျိမ်းစ်ကင်မရွန်း ကြေညာ

December 16, 20231 Min Read
Share
Facebook Twitter

ကမ္ဘာကျော်တိုင်တန်းနစ်ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့သူ ကနေဒါရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Avatar:The Way of Water နောက်ဆက်တွဲဇာတ်ကားဖြစ်သည့် Avatar 3 ကို ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်တွင် ရုံ တင်မည်ဟု ကြေညာလိုက်သည်။

TV New Zealand နှင့်အင်တာဗျူးတွင် ကင်မရွန်းက “ ဇာတ်ကားရိုက်ပြီးသွားလို့ ပြင် ဆင်တည်းဖြတ်မှုတွေအတွက် နှစ်နှစ်အလုပ်များပါမယ်။ဒီတော့ ၂၀၂၅ ခရစ္စမတ် ရုံပေါ်ရောက်လိမ့်မယ်” ဟုပြောသွားသည်။

နဂိုက Avatar 3 ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြရန်လျာထားခဲ့သည်။သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှ ရုံတင်တော့မည်ဟု ဒစ္စနေကုမ္ပဏီက မနှစ်က ကြေညာခဲ့သည်။ Avatar 4 ကို ၂၀၂၉ ခုနှစ်၊ ဒီဇင်ဘာ ၊ Avatar 5 ကို ၂၀၃၁ ခုနှစ်၊ ဒီဇင်ဘာတွင် ရုံတင်မည်ဟုလည်း တဆက်တည်းကြေညာခဲ့သည်။

၂၀၀၉ ခုနှစ်က Avatar မူရင်းရုပ်ရှင်သည် ရုံတင်ပြသမှုတွင် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး visual effect ဆုအပါအဝင် အော်စကာဆုသုံးဆု ဆွတ်ခူးခဲ့သည်။

Avatar 2 က မူရင်းဇာတ်ကားထွက်ပြီး ၁၃နှစ်အကြာမှ ထွက်လာခြင်းဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကား များသမိုင်းတွင် အကြန့်ကြာဆုံး နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်သည်။

Avatar 2 က သုံးနာရီနှင့် ၁၂ မိနစ် ကြာမြင့်ချိန်ရှိသည်။သို့သော် ဂျိမ်းစ်ကင်မရွန်းအတွက် ကြာမြင့်ချိန်အရှည်ဆုံးဇာတ်ကား မဟုတ်သေးပေ။ Titanic ဇာတ်ကားက သုံးနာရီနှင့် ၁၅ မိနစ်ရှိသည်။ Avatar 2 တွင် မူရင်းဇာတ်ကားမှ သရုပ်ဆောင်များအပြင် ကိတ်ဝင်းစလက်လည်း ပါဝင်ခဲ့သည်။ Titanic ရုပ်ရှင်ရိုက်ကူးပြီးနောက်ပိုင်း ကိတ်ဝင်းစလက်နှင့် ကင်မရွန်းတို့ ပထမဆုံး ပြန်လက်တွဲရိုက်ခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။

ရေငုပ်အသက်အောင့်ရသည့် ဇာတ်ဝင်ခန်းများပါခဲ့ပြီး ဇာတ်ကားလိုအပ်ချက်အရ ကိတ်က ခုနစ်မိနစ်နှင့် ၁၅ စက္ကန့် ရေငုပ်သရုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် Mission: Impossible-Rogue Nation ဇာတ်ကားအတွက် ခြောက်မိနစ်အသက်အောင့် သရုပ်ဆောင်ခဲ့သည့် တွမ်ခရုစ်၏ စံချိန်ကိုကျော်ခဲ့သည်။ သို့သော်၂၀၂၃ အော်စကာဆုပေးပွဲတွင် Avatar 2 က Visual Effects ဆုနှင့်သာ ကျေနပ်ခဲ့ရသည်။

နိုင်ငံခြားဇာတ်ကားများ ပြသခွင့်ရရန် မလွယ်သည့်၊အရေအတွက် အကန့်အသတ်ဖြင့်သာ ပြသခွင့်ပြုသည့် တရုတ်ပြည်မကြီးတွင် Avatar 2 က ပြသခွင့်ရခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous ArticleBlackpink က YG Entertainment အေဂျင်စီနှင့် စာချုပ်သက်တမ်းထပ်တိုး
Next Article ဂါဇာတွင်ဖြစ်ပွားသော စစ်ပွဲနှင့်ပတ်သက်၍ ဟောလိဝုဒ်တွင် တုံ့ပြန်မှုများ အမျိုးမျိုးထွက်ပေါ်နေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.