Browsing: Local

ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာ မတ် ၈ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သော်လည်း ကျောင်းကြီးအချို့သည်ပင် တင်သွင်းခြင်းမရှိသေးသည့်အတွက် တင်သွင်းကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို မေ ၁၂ ရက်နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။ မတ်…

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသားတစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရသည်။ ယခင်နှစ် ဧပြီလမှ ယခုနှစ်ဖေဖော်ဝါရီလကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု…

အိန္ဒိယသည် မြန်မာနှင့်ထိစပ်နေသည့် ထိုးဖောက်စိပ့်ဝင်နိုင်သော ၎င်း၏ ကီလိုမီတာ ၁၆၁၀ (မိုင် ၁၀၀၀)ရှည်လျားသော နယ်နိမိတ်ကို ခြံစည်းရိုးခတ်ရန် ဆယ်နှစ်ခန့်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲရန်စီစဉ်ထားသည်ဟု နီးစပ်ရာသတင်းအရင်းအမြစ်ကပြောကြားခဲ့ပြီး ယင်းသို့ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းမှာ မှောင်ခိုနှင့် အခြားသော…

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မင်းတပ်မြို့နယ်အတွင်း မတ် ၂၀ ရက်မှ ၂၁ ရက်အထိ အိမ်ထောင်စုပေါင်း…

People Media ၏ အယ်ဒီတာချုပ် ဦးကျော်စိုးဦး ယနေ့(မတ် ၂၅ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။ ဦးကျော်စိုးဦးသည် တယ်လီဂရမ်တွင် People Media၊ Kyaw Soe Oo စသည့်…

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်တွင်…

သင်္ကြန်ကာလနေရပ်ပြန်မည့် အထည်ချုပ်အလုပ်သမားများ၏ ကုမ္ပဏီများအတွက် ထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင် ကုမ္ပဏီများအနေဖြင့် စက်ရုံများ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များသင်္ကြန်ကာလရုံးပိတ်ရက်များတွင် နေရပ် သို့ပြန်မည့်သူများ လမ်းခရီးသွားလာရေးအ ဆင်ပြေချောမွေ့စေရန်…

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။ လက်ရှိတွင်…

ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်အငှားလောကမှ သိရသည်။ လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ King Throne အမည်ရှိ မော်တော်ယာဉ်အငှားကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီက မော်တော်ယာဉ်ပိုင်ရှင်များနှင့်…

စက်သုံးဆီစျေးနှုန်းမြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ မတ် ၂၂ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ ၉၅…