Author: admin

“Dune:Part Two”ရုပ်ရှင် သည် အောင်မြင်မှုကြီး ရရှိခဲ့ပြီးနောက် ဒါရိုက်တာဒန်းနစ်ဗီလီနျူဗီ နှင့် Legendary ကုမ္ပဏီတို့က Dune 3 နှင့် အဏုုမြူစစ်ပွဲအကြောင်း ရုပ်ရှင်တစ်ကားဖန်တီးရန် ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။ ဗီလီနျူဗီသည် အန်နီဂျေကော့၏ ပူလစ်ဇာဆုအတွက် နောက်ဆုံးစာရင်းဝင် “Nuclear War: A Scenario” ကို အခြေခံ၍ Legendary ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိသည်ဟု Variety သတင်းတွင် အတည်ပြုထားသည်။ Legendary ကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် ဗီလီနျူဗီနှင့်အတူ တတိယမြောက် Dune ရုပ်ရှင်ကို ရိုက်ကူးနေပြီဖြစ်ကြောင်း အတည်ပြုထားသည်။ Legendary က ဂျေကော့ဆန်၏ ဝတ္ထုတွင် ဇာတ်ညွှန်းရုပ်ရှင် မူပိုင်ခွင့်များကို ရွေးချယ်ခဲ့သည်။ဗီလီနျူဗီသည် လက်ရှိတွင် ထုတ်လုပ်ရန်၊စီမံဆောင်ရွက်ရန် သို့မဟုတ် ဒါရိုက်တာအဖြစ် လုပ်ဆောင်ရန် စတူဒီယိုနှင့် ဆွေးနွေးနေကြောင်း သိရသည်။ ၎င်း၏ထုတ်လုပ်ရေးမိတ်ဖက် တန်ညာလာပွိုင့်တီကလည်း ယင်းရုပ်ရှင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ မတ် ၂၆ ရက်က ထွက်ရှိသည့် ဂျေကော့ဆန်၏ စာအုပ်သည် စစ်ဘက်ပညာရှင်နှင့် အရပ်ဘက်ပညာရှင်များ၏ အင်တာဗျူးများ၊ သုံးသပ်ချက်များကို အခြေတည်ရေးသားထားသည့် နျူကလီးယားစစ်ပွဲ၏ ဖြစ်နိုင်ခြေကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။ ဗီလီနျူဗီ၏ “Dune:Part Two”သည် ကမ္ဘာတစ်ဝန်းတွင် ရုံတင်အမြတ်ငွေ ဒေါ်လာသန်း ၆၃၀ ရရှိထားသည်။ လက်ရှိ ၂၀၂၄ခုနှစ်တွင် ရုံတင်ဝင်ငွေ အများဆုံးဖြစ်နေသည့် ယင်းရုပ်ရှင်တွင် တီမိုသီချားလမက်၊ ဇန်ဒါရာနှင့် အခြားဟောလိဝုဒ် A-list စာရင်းဝင်များက ပါဝင်သရုပ်ဆောင်ထားကြသည်။ဗီလီနျူဗီ၏ ပထမဆုံး Dune ရုပ်ရှင်ကို…

Read More

နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် တရုတ်၏ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် ယခုသီတင်းပတ်အတွင်း ဟာဝိုင်ယီပြည်နယ်တွင်တွေ့ဆုံခဲ့ပြီး ပစိဖိတ်ဒေသတွင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း လေယာဉ်နှင့် သင်္ဘောများဘေးကင်းစွာ ပျံသန်းခုတ်မောင်းနိုင်ရေးနှင့်စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် တရုတ်က ရုတ်ခြည်းရပ်ဆိုင်းခဲ့သည့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏အချုပ်အခြာအာဏာပိုင်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည့် ထိုင်ဝမ်ကျွန်းကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထိုစဉ်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သည့် နန်စီပယ်လိုစီ သွားရောက်ခဲ့ ပြီးနောက် တရုတ်ကနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့သည်။ ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်တို့သည် အပြန်အလှန်ဆက်ဆံမှုများတိုးမြှင့်ရန်နှင့် တင်းမာမှုများလျှော့ချရန် ကြိုးပမ်းနေစဉ် ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပြင်ပ၌ သီးခြားတွေ့ ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ လျော့ကျလာခဲ့သည်။ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ ပြန်လည်စတင်ရန်လည်း သမ္မတနှစ်ဦးက သဘောတူခဲ့သည်။ ထို့နောက်တစ်လခန့်အကြာတွင် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချားစ်ကွင်တန် ဘရောင်းနှင့် တရုတ်စစ်တပ်အကြီးအကဲတို့သည် ဗီဒီယိုကောလ်မှတစ်ဆင့် ဆွေးနွေးခဲ့ပြီး ယင်းသည် ပယ်လို စီ၏ထိုင်ဝမ်ခရီးစဉ်နောက်ပိုင်း နှစ်နိုင်ငံစစ်တပ် ထိပ်ပိုင်းတာဝန်ရှိသူများအကြား ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမှုဖြစ်သည်။ ထို့အတူ ယခုသီတင်းပတ်အစောပိုင်းက သမ္မတဘိုင်ဒင်နှင့် သမ္မတရှီတို့တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန်သည်လည်း ဧပြီ ၄ ရက်က တရုတ်သို့ရောက်ရှိလာခဲ့သည်။ လတ်တလော တစ်ကျော့ပြန်ပြုလုပ်ခဲ့သည့်…

Read More

အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမာ့စ်အဖွဲ့အား အစ္စရေးနှင့် သဘောတူညီချက်ပြုလုပ်ရန် ဖိအားပေးတောင်းဆိုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီဂျစ်နှင့် ကာတာခေါင်းဆောင်များကို ဧပြီ ၅ ရက်က စာများရေးသားပေးပို့ခဲ့သည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို နှစ်ဆမြှင့်တင်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို တိုက်တွန်းခဲ့ပြီးတစ်ရက်အကြာတွင် ဘိုင်ဒင်က အီဂျစ်နှင့် ကာတာခေါင်းဆောင်များကို တိုက်တွန်းစာများပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်သည် ဧပြီ ၈ ရက်တွင် ဂါဇာ၌ ပြန်ပေးဆွဲခံထားရဆဲဟု ယူဆရသည့် ဓားစာခံ ၁၀၀ ခန့်၏ မိသားစုဝင်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိ ကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဘိုင်ဒန်သည် ယခုသီတင်းပတ်ကုန်တွင် ဓားစာခံအကျပ်အတည်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများအတွက် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)ညွှန်ကြားရေးမှူး ဘီလ်ဘန်းစ်ကို အီဂျစ်နိုင်ငံ ကိုင် ရိုမြို့တော်သို့ စေလွှတ်ချိန်တွင် အီဂျစ်နှင့် ကာတာခေါင်းဆောင်များအား တိုက်တွန်းစာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ခြောက်လအတွင်း အစ္စရေး၌ လူ ၁၂၀၀ ထက်မနည်းသေဆုံးခဲ့ကာ ၂၅၀ ခန့် ဓားစာခံအဖြစ်ပြန်ပေးဆွဲခံခဲ့ရကာ ထိုဓားစာခံများအနက် ၁၃၀ ခန့်သည် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ အစ္စရေးက ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် ဂါဇာတွင် အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါဇာစစ်ပွဲနှင့်စပ်လျဉ်း၍ အစ္စရေးအနေဖြင့်မူဝါဒ အမြန်ပြောင်းလဲရမည်ဟု အမေရိကန်က သတိပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးကဂါဇာမြောက်ပိုင်းသို့ ယာယီအကူအညီ ပို့ဆောင်မှုများကို ခွင့်ပြုသွားမည်ဟု ဧပြီ ၅ ရက်တွင်…

Read More

ငတ်မွတ်ခြင်းဘေးကြီး ခြိမ်းခြောက်လျက်ရှိသော ဂါဇာမြောက်ပိုင်းသို့ ယာယီအကူအညီ ပို့ဆောင်မှုများကို ခွင့်ပြုသွားမည်ဟု ဧပြီ ၅ ရက်တွင် အစ္စရေးက ကြေညာခဲ့ရာ ဂါဇာစစ်ပွဲနှင့်စပ်လျဉ်း၍ အစ္စရေးအနေဖြင့် မူဝါဒ အမြန်ပြောင်းလဲရမည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဧပြီ ၅ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ မိနစ် ၃၀ ကြာဖုန်းဖြင့် စကားပြောဆိုရာတွင် အစ္စရေးနှင့်သက်ဆိုင်သော အမေရိကန်မူဝါဒသည် ဂါဇာတွင် အရပ်သားများနှင့် အန်ဂျီအိုလုပ်သားများကို အကာအကွယ်ပေးမှုအပေါ်တွင် မူတည်နေသည်ဟု ဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။ အစ္စရေးအတွက်အမေရိကန်၏စစ်ရေး အကူအညီနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရာ အခြေအနေများကို သမ္မတဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် အရိပ်အမြွက်ပြောဆိုခဲ့သည်။ ပိတ်ဆို့ခံထားရသော ဂါဇာသို့နောက်ထပ်စားနပ်ရိက္ခာပို့ဆောင်သော လမ်းကြောင်းများဖွင့်ပေးသွားမည်ဟု ၎င်းတို့နှစ်ဦး ဖုန်းစကားပြောပြီးနောက် နာရီပိုင်းအကြာ ဂျေရုဆလင်၌ ညကြီးမင်းကြီးအချိန်တွင် အစ္စရေးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ စားနပ်ရိက္ခာယာယီပို့ဆောင်ရေးလမ်းကြောင်းများကို အက်ရှ်ဒေါ့ဆိပ်ကမ်း၊ အာရက်ဇ်ဂိတ်တို့မှတစ်ဆင့် တရားဝင်လုပ်ဆောင်နိုင်သည်ဟု အစ္စရေး၏စစ်ကော်မတီက ပြောကြားခဲ့သည်။ ထို့အပြင် ခါရမ်ရှာလွန် ဂိတ်တွင်လည်း အိမ်နီးချင်းဂျော်ဒန်မှစားနပ်ရိက္ခာပိုမိုပို့ဆောင်ခြင်းများကို လုပ်ဆောင်နိုင်သည်ဟု နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။ အစ္စရေး၏ဆောင်ရွက်ချက်များကို အိမ်ဖြူတော်က လျင်မြန်စွာ ကြိုဆိုလိုက်သည်။ သမ္မတ၏ မေတ္တာရပ်ခံချက်အရ ယင်းသို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့ပြီး ယခုအခါ ၎င်းတို့ကို ပြည့်ဝစွာအကောင်အထည်ဖော်ရမည်ဖြစ်ကာ လျင်မြန်စွာ အကောင်အထည်ဖော်ရမည်ဟု ပြောကြားခဲ့သည်။ အစ္စရေးသည် ဟားမာ့စ်နှင့်ဖြစ်ပွားသည့် ခြောက်လကြာစစ်ပွဲတွင် အရပ်သားသေဆုံးမှု များပြားနေသည့်ကိစ္စအတွက် နိုင်ငံတကာဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အစ္စရေး၏အဓိက မဟာမိတ်အမေရိကန်၏ဖိအားပေးမှုများကို အစ္စရေးပိုမိုရင်ဆိုင်နေရသည်။ စစ်ပွဲ ဖြစ်ပွားစေခဲ့သည့် အကြောင်းအရင်းဖြစ်သည့် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက…

Read More

ဘားအံမြို့နယ် ဒူရိန်ကျေးရွာရှိ ကွမ် ဖော်ကားကူးဆိပ်ကမ်းတွင် ဧပြီလ ၅ ရက် ညနေပိုင်းအချိန်က မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွား ခဲ့ပြီး ယာဉ်မောင်းမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်) ထံမှ သိရသည်။ ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ကရင်ပြည်နယ် ဘားအံမြို့ နယ် ဒူရိန်ကျေးရွာရှိ ကွမ်ဖော်ကားကူး ဆိပ် တွင် Toyota High Ace အမျိုးအစား မော်တော်ယာဉ်တစ်စီးမှာ ဒေါ်လန်းကျေးရွာဘက်ခြမ်းသို့ ကမ်းကူးရန် ကမ်းနားဘက်သို့ ဆင်း လာစဉ် ဘရိတ်ပေါက်ကာ မော်တော်ယာဉ်မှာ လှိုင်းဘွဲချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်) မှ တာဝန် ရှိသူတစ်ဦးက ပြောကြးသည်။ ၎င်းကဆက်လက်ပြီး “ချောင်းထဲကို ထိုးကျသွားတဲ့ ကားကိုတော့ မနေ့ (ဧပြီလ ၅ ရက်) ည ၇ နာရီ ၄၅ မိနစ်အချိန်လောက်မှာ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်)က ရေငုပ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့က ချောင်းထဲမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားကို ချောင်းထဲကနေ ပြန်လည် ဆယ်ယူနိုင်ဖို့ ကြိုးချည်တာတွေကို ရေငုပ် လုပ်ဆောင်ပေးခဲ့ပြီးနောက်၊ ည ၁၂ နာရီအ ချိန် မှာတော့ ကားကို ကမ်းပေါ်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။ ထိုလှိုင်းဘွဲ့ချောင်းမှာ ဂျိုင်းမြစ်၏ မြစ် လက်တက် ချောင်းမကြီးတစ်ခုဖြစ်ပြီး ရေ တက် ရေကျရှိသည့်အတွက်ကြောင့်…

Read More

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် လေးရာခိုင်နှုန်းသာရရှိသေးဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ ရေးရုံး UNOCHA က ထုတ်ပြန်သည်။ ရန်ပုံငွေထောက်ပံ့မှုမရှိခြင်းကြောင့် တုံ့ ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အလုပ် မတွင်ဖြစ်စေကြောင်း၊ ၂၀၂၄ ခုနှစ် လူသား ချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့် ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် နှစ်တစ်နှစ်၏သုံးလတာကုန်ဆုံး ချိန်အထိ ၄ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေး ကြောင်း၊ လိုအပ်နေသော လူဦးရေ ၅ ဒသမ ၃ သန်းကို ကူညီရန်နှင့် ပြတ်လပ်နေသော ရိက္ခာများကို မုန်တိုင်းရာသီအကြိုဖြည့်ဆည်း သွားရန် ထပ်လောင်းအားဖြည့်ရမည့် ရန်ပုံငွေ အရင်းအမြစ်များ အရေးပေါ်လိုအပ်နေ ကြောင်း UNOCHA က ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေး နေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက် လျက်ရှိပြီး အိုးအိမ်စွန့်ခွာရသူ ၂ ဒသမ ၅ သန်းကျော် အပါအဝင် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီးဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားဆဲ တိုက်ပွဲများကြောင့် အရပ် သားပြည်သူများမှာ ပဋိပက္ခဒဏ်ကိုဆက်လက် ခံစားနေကြရပြီး တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုအန္တရာယ်ပိုမိုမြင့်တက် လျက်ရှိ ကာ ရှိရင်းစွဲ အခြေအနေကပင်ဆိုးရွားလျက် ရှိသောလူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်များကို ပိုမိုဆိုးရွားလာစေသည်ဟု…

Read More

မလေးရှားအများပိုင်ကုမ္ပဏီ Axiata က ၎င်းတို့အစုရှယ်ယာများကို EDOTCO Myanmar သို့ ဒေါ်လာသန်း ၁၅၀ ဖြင့် လွှဲ ပြောင်းရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာ ကြောင်း Axiata ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မလေးရှား စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Axiata က ၎င်းတို့ ရှယ်ယာအများစုပိုင်ဆိုင်ထားသော တာဝါတိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် EDOTCO Myanmar ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချရန် သဘောတူညီချက် တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ပြီးဖြစ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ မက်ခရိုစီးပွားရေးလုပ်ငန်းများနှင့် လုပ် ငန်းလည်ပတ်မှုများတွင် ခက်ခဲယိုယွင်းလာ ခြင်းကြောင့် မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံး ဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု Axiata ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ဒေါ်လာသန်း ၁၅၀ ဖြင့် ဝယ်ယူခဲ့သည့် EDOTCO Myanmar မှာ မြန်မာနိုင်ငံတွင် တာဝါတိုင်ပေါင်း ၃၀၀၀ ကျော်အား အကောင် အထည်ဖော်ကာ လုပ်ကိုင်လျက်ရှိသည့် လုပ် ငန်းတစ်ခုဖြစ်သည်။

Read More

ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က ပေါ်တူဂီလက်ရွေး အသင်းဖော် ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဘာစီလိုနာအသင်းအကြောင်းကို မေးမြန်းလေ့ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား (၂၉ နှစ်) မှာ ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက ဘာစီလိုနာအသင်း၏ ပစ်မှတ်ကစားသမားဖြစ်ပြီး ၎င်းအား မခေါ်ယူနိုင်သဖြင့် ဂျော်အိုဖေးလစ်ကို အက်သလက်တီကိုအသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ရသည်။ အားကစားသတင်းထောက် ဂျရတ်ရိုမီယို၏ Jijantes FC အစီအစဉ်တွင် ဘာနာဆေးလ်ဗားနှင့်ပတ်သက်၍ ဂျော်အိုဖေးလစ်က ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်သာ တစ်ရက်လောက် ဒေကို (ဘာစီလိုနာအားကစားဒါရိုက်တာ) ဖြစ်ခွင့်ရမယ်ဆိုရင် ဘာနာဒိုဆေးလ်ဗားကို သံသယကင်းကင်းနဲ့ ခေါ်ယူဖြစ်မှာပါ။ သူ့ကို ဘာကာဆီ ခေါ်ခွင့်ပြုမှာပါ။ သူကစားတာကို မြင်ဖူးလား။ သူက လူသားတစ်ဦးအနေနဲ့ ပိုကောင်းပါသေးတယ်။ သူက ကန်ဆယ်လိုတို့ရဲ့မျိုးဆက်က လာတာပါ။ အခုခေတ်ကစားသမားတွေက အသက် ၃၅-၃၆ နှစ်အထိ ကစားနိုင်ကြပါတယ်။ ဒီကအခြေအနေအကြောင်း၊ ရာသီဥတုနဲ့ အခွန်ကိစ္စတွေကို သူက ကျွန်တော့်ကို မေးပါတယ်။ သူဒီကိုလာဖို့ အားလုံး အဆင်ပြေတဲ့အကြောင်း ကျွန်တော်ပြောပြပါတယ်။ ဒါက မန်ချက်စတာစီးတီးအတွက် လွယ်ကူမယ်လို့ မထင်ပါဘူး။ ယူရိုသန်း ၆၀- ၇၀ ပေးရမယ်ဆိုရင် ယူရို ၆၃ သန်းနဲ့ ကျွန်တော် သူ့ကိုခေါ်ဖြစ်မှာပါ” ဟု ဂျော်အိုဖေးလစ်က ပြောကြားခဲ့သည်။ ဘာနာဒိုဆေးလ်ဗားသည် ပြီးခဲ့သည့်နှစ် သြဂုတ်တွင် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသည်။

Read More

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ရိုးမားအသင်းထံ အငှားချထားသော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို လာမည့်နွေရာသီတွင် ဆော်ဒီသို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် တန်ဖိုးကြီးမားစွာဖြင့် ခေါ်ယူထားခဲ့ရသော လူကာကူအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေး ပြန်လည်ရရှိလိုခြင်းကြောင့် ဆော်ဒီသို့ ရောင်းချရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်နှင့် တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီး ယူရိုသန်း(၆၀)ဟု စျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

Read More

PSG အသင်း၏နည်းပြ အန်နရီကေးက ဘာစီလိုနာအသင်းနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ ”ကျွန်တော့်အသင်းကို အလွန်ထူးခြားတဲ့ စရိုက်လက္ခဏာနဲ့အတူ မြင်တွေ့ချင်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး လက်ရှိအချိန်မှာ ယှဉ်ပြိုင်ဖို့ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ အလွန်ထူးခြားတဲ့ ပွဲတစ်ပွဲ စောင့်ကြိုနေပါပြီ”ဟု အန်နရီကေးက ဆိုခဲ့သည်။ အန်နရီကေးသည် ဘာစီလိုနာအသင်း၏နည်းပြဟောင်းဖြစ်ပြီး ဖလားသုံးလုံးအောင်ပွဲ ရယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။

Read More