လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် လေးရာခိုင်နှုန်းသာရရှိသေးဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း ရေးရုံး UNOCHA က ထုတ်ပြန်သည်။
ရန်ပုံငွေထောက်ပံ့မှုမရှိခြင်းကြောင့် တုံ့ ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အလုပ် မတွင်ဖြစ်စေကြောင်း၊ ၂၀၂၄ ခုနှစ် လူသား ချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့် ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် နှစ်တစ်နှစ်၏သုံးလတာကုန်ဆုံး ချိန်အထိ ၄ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေး ကြောင်း၊ လိုအပ်နေသော လူဦးရေ ၅ ဒသမ ၃ သန်းကို ကူညီရန်နှင့် ပြတ်လပ်နေသော ရိက္ခာများကို မုန်တိုင်းရာသီအကြိုဖြည့်ဆည်း သွားရန် ထပ်လောင်းအားဖြည့်ရမည့် ရန်ပုံငွေ အရင်းအမြစ်များ အရေးပေါ်လိုအပ်နေ ကြောင်း UNOCHA က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေး နေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက် လျက်ရှိပြီး အိုးအိမ်စွန့်ခွာရသူ ၂ ဒသမ ၅ သန်းကျော် အပါအဝင် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီးဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားဆဲ တိုက်ပွဲများကြောင့် အရပ် သားပြည်သူများမှာ ပဋိပက္ခဒဏ်ကိုဆက်လက် ခံစားနေကြရပြီး တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုအန္တရာယ်ပိုမိုမြင့်တက် လျက်ရှိ ကာ ရှိရင်းစွဲ အခြေအနေကပင်ဆိုးရွားလျက် ရှိသောလူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်များကို ပိုမိုဆိုးရွားလာစေသည်ဟု UNOCHA က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် အပူပြင်းဆုံးရာသီဝင်လာပြီဖြစ် သဖြင့် ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာရသူများ စွာတို့သည် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ လေပြင်းမုန်တိုင်း ရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေး ရန် အရေးကြီးနေပြီး နေရာများစွာတို့၌ ကုန် စျေးနှုန်းများခေါင်ခိုက်လာခြင်းနှင့် ဝယ်မရ ဖြစ်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာမဖူလုံ ခြင်းမှာလည်း လွန်စွာရတက်မအေးစရာ ဖြစ် နေသည်ဟု UNOCHA က ထုတ်ပြန်သည်။
အလားတူ ကချင်ပြည်နယ်၌ ကချင် လွတ်မြောက်ရေးတပ်မတော်က မတ် ၇ ရက် ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ ၁၈၀၀၀ ကျော်သည် ၁၀ မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်လျက်ရှိသည်ဟု UNOCHA က ထုတ်ပြန်သည်။