Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
စပါးအသင်းခေါင်းဆောင် ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဖူလ်ဟမ်အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ စပါးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းကို အဝေးကွင်း၌ ဂိုးပြတ်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ”ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော် အပါအဝင် လက်ခံနိုင်စရာမရှိတာပါ။ လူတိုင်းက မှန်ထဲကိုကြည့်ပြီး ဒါ ငါ့အမှားလို့ ပြောရမှာပါ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းက လုံလောက်မှုမရှိပါဘူး။ အားလုံး အမြန်ဆုံးနိုးထဖို့ လိုအပ်နေပါပြီ”ဟု ဆွန်ဟောင်မင်က ပြောကြားခဲ့သည်။
Midsommar ဒါရိုက်တာအေ ရီအက်စတာ၏ Eddington ရုပ်ရှင်တွင် ဂျိုအာကွင်းဖီးနစ်နှင့် အမ်မာစတုန်းတို့ ပါဝင်မည်ဟု သိရသည်။ ဒါရိုက်တာအေရီအက်စတာသည် Eddington ရုပ်ရှင်ကို ယခုလတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ကာ နာမည်ကျော်သရုပ်ဆောင် အများအပြားကို ယင်းရုပ်ရှင်တွင် မြင်တွေ့ရမည်ဖြစ်သည်။ Eddington တွင် Joker သရုပ်ဆောင် ဂျိုအာကွင်းဖီးနစ်၊ Poor Things သရုပ်ဆောင် အမ်မာစတုန်း၊ Elvis သရုပ်ဆောင်သြစတင်ဘတ်တလာနှင့် The Last of Us သရုပ်ဆောင် ပီဒရိုပက်စ်ကယ်တို့ ပါဝင်သွားမည်ဖြစ်ကာ လုခ်ခရင်းမ်၊ ဒိုင်ယာဒရီအိုကွန်နယ်၊ မိုက်ကယ်ဝါဒ့်နှင့် ကလစ်ဖ်တန်ကို လင်းဂျူနီ ယာတို့ကလည်း အားဖြည့်ပါဝင်ထားသည်ဟု သိရသည်။ A 24 နှင့် Square Peg တို့ ပူးတွဲထုတ်လုပ်သွားမည့် Eddington ကို အေရီအက်စတာက ဇာတ်လမ်း၊ ဇာတ်ညွှန်းဒါရိုက်တာနေရာများကို သာမက ထုတ်လုပ်သူအဖြစ်ပါတာ ဝန်ယူထားသည်။ ထို့ကြောင့် ယင်းရုပ်ရှင်သည် Hereditary၊ Midsommar ၊ Dream Scenario နှင့် Beau Is Afraid တို့ပြီးနောက် A 24နှင့် Square Peg တို့ပူးတွဲထုတ်လုပ်သည့် ခြောကကားမြောက်ရုပ်ရှင်ဖြစ်ကာ Death of a Unicorn သည် Eddington မတိုင်မီ ထွက်ရှိလာမည်ဖြစ်သည်။ အက်စတာက ၎င်း၏ရုပ်ရှင် ဇာတ်ကားသစ်သည် Western ရုပ်ရှင်အမျိုးအစား ဖြစ်လိမ့်မည်ဖြစ်ကာ ဖီးနစ်နှင့်အတူ တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း New York Times သတင်းကို အစောပိုင်းက ပြောပြခဲ့ သည်။…
ထိုင်းနိုင်ငံ၏ ခရီးသွားများလာရောက်လေ့ရှိသည့် ချင်းမိုင်မြို့တွင် မတ် ၁၅ ရက်က မီးခိုမြူများဖုံးလွှမ်းခဲ့ပြီး ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် ပါဝင်ခဲ့သည်။ လေထုအရည်အသွေးကို စောင့်ကြည့်သည့် IQAir ဝက်ဘ်ဆိုက်က ချင်းမိုင်မြို့ကို လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် မတ် ၁၅ ရက်အစောပိုင်းက ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ သွေးကြောမျှင်များထဲအထိ ဝင်ရောက်နိုင်သည်အထိ သေးငယ်သည့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုံအမွှားများဖြစ်သည့် PM2.5 ညစ်ညမ်းပစ္စည်း ပမာဏသည်ကျန်း မာရေးကို အလွန်ထိခိုက်စေသည့် အဆင့်အထိရောက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ချက်ထက် ၃၅ ဆပိုမိုမြင့်မားခဲ့သည်။ “ဒီပမာဏက တော်တော်များပါတယ်။ ကိုဗစ်ကာလတုန်းကလိုပဲ နှာခေါင်းစည်းဝတ်ထားရပါတယ်” ဟု ၀ါရိုရွတ်စျေးတွင် လိမ္မော်သီးရောင်းချသူစြ်သည့် ကာမိုလ်(၆၂ နှစ်)က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ သည်။ အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ခံဝန်ဖြင့်ဆောလျင်စွာ ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မတ် ၁၅ ရက် နံနက်ပိုင်းက ထိုစျေးသို့ လာရောက်ခဲ့ပြီး ၎င်းအား ထောက်ခံသူများနှင့် ဓာတ်ပုံရိုက်ချိန်တွင် နှာခေါင်းစည်းဝတ်ဆင်ထားသည်ကို တွေ့ရသည်။ သက်ဆင်၏ မွေးရပ်မြို့ဖြစ်သည့် ချင်းမိုင်မြို့တွင် လေထုညစ်ညမ်းမှုများ မကြာခဏမြင့်တက်ခဲ့ပြီး အထူးသဖြင့် နှစ်တစ်နှစ်၏ အစောပိုင်းလများတွင် လယ်သမားများက စိုက်ခင်းများကို မီးရှို့ရှင်းလင်းမှုများကြောင့် မီးခိုးများထွက်လာပြီး လေထုညစ်ညမ်းမှုများ ကို ပိုမိုဆိုးရွားစေခဲ့သည်။ လေထုညစ်ညမ်းမှုများကြောင့် ကျန်းမာရေးပြဿနာများကို ဂရုစိုက်ရန် အသိပညာပေးမှုများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဝန်ကြီးချုပ် ဆရာထာထာဝီဆင်း၏ အစိုးရအဖွဲ့သည် လေထုသန့်စင်ရေး Clean Air အက်ဥပဒေကို ဇန်နဝါရီလအတွင်း အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်သည့်…
ကွန်ဂိုနိုင်ငံ၏ ဒေသအချို့တွင် mpox ရောဂါကူးစက်မှုများကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယခု ကူးစက်မှုများသည် ပြီးခဲ့သည့်နှစ်က အာဖရိကတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် mpox ရောဂါကူးစက်မှုကို ပထမဆုံးအကြိမ်အတည်ပြုခဲ့ပြီးကတည်းက အာဖရိကဒေသအနှံ့တွင် ထိုရောဂါပျံ့နှံ့နေကြောင်း အရိပ် လက္ခဏာတစ်ခုဖြစ်ခဲ့သည်။ ကွန်ဂိုတွင် mpox ရောဂါကူးစက်ခံရသူ ၄၃ ဦးရှိပြီး ထိုရောဂါသည် နိုင်ငံ၏နေရာဒေ သ ၁၂ ခုအနက် ကိုးခုတွင် ကူးစက်ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ mpox ရောဂါသည် တောရိုင်းတိရစ္ဆာန်များမှ အစပြုပေါ်ပေါက်သည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသားများထဲသို့ ကူးစက်ကာ လူအချင်းချင်းကူးစက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။ ထိုဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့သဖြင့် မျောက်ကျောက်ရောဂါဟု စတင်ခေါ်ဝေါ်ခဲ့ပြီး နောက်ပိုင်းတွင် လူမျိုးရေးခွဲခြားမှုပြဿနာများရှိလာနိုင်သဖြင့် mpox ဟု အမည်ပြောင်း လဲခဲ့ခြင်းဖြစ်သည်။ ယင်းရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူများ သို့မဟုတ် တိရစ္ဆာန်များနှင့်အနီးကပ်ထိတွေ့မိရာမှ ကူးစက်ခံရနိုင်သည့်အပြင် ညစ်ညမ်းသည့်အခင်းများကဲ့သို့ ပစ္စည်းများမှတစ်ဆင့် ကူးစက်ခံရနိုင်ပြီးဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့်အရေပြားယားယံကာ အဖုအပိမ့်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ဗဟိုနှင့်အနောက်အာဖရိကနေရာများတွင် ယင်းရောဂါဖြစ်ပွားလေ့ရှိသော်လည်းဥရောပ၊ မြောက်အမေရိကနှင့်ကမ္ဘာ့နိုင်ငံအများအပြားတွင် အထူးသဖြင့် လိင်တူချစ်သူအမျိုးသားများနှင့် လိင်တူလိင်ကွဲဆက်ဆံသူအမျိုးသားများအကြား ယင်းရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားခဲ့သည်။ mpox လူနာများတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ဆက်စပ်ရောဂါများဖြစ်ပွားလေ့ရှိသည်။ ကွန်ဂို၏ အိမ်နီးချင်း ဒီအာကွန်ဂိုနိုင်ငံတွင်လည်း mpox ရောဂါကူးစက်မှုများဖြစ်ပွားနေပြီး ထိုကူးစက်မှုများသည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း WHO က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ “ဒီအာကွန်ဂိုကနေ နိုင်ငံတကာမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်လာနိုင်တဲ့ အပေါ်ကျွန်မတို့ စိုးရိမ်မိပါတယ်”ဟုmpox…
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ကို မတ် ၁၅ ရက်က ဆက်လက်ကျင်းပရာ ရူပဗေဒဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၁၁၄၆၂ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကြောင်း သိရသည်။ ယခုနှစ်တွင် ရူပဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ ဦးရှိပြီး ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အလားတူ သမိုင်းဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန နှစ်ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၀၆၅၁ ဦးရှိပြီး သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူစုစုပေါင်း ၁၇၂၀၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မတ် ၁၄ ရက်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးနှင့် ပထဝီဝင်ဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈ ဦးရှိကြောင်း သိရသည်။ အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်…
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်မှစတင်ကာ ရပ်နားခဲ့ရသည့် လေကြောင်းခရီးစဉ်များ မတ် ၁၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။ “မတ် ၁၆ ရက်ကနေစတင်ပြီး လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ပြုထားပါပြီ။ ဘယ်လေကြောင်းလိုင်းတွေ စပြီးပြေးဆွဲမလဲဆိုတာကတော့ မနက်ဖြန်အစည်းအဝေးမှ သိပါမယ်။ လားရှိုးလေဆိပ်ကနေ လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ကိုတော့ ခွင့်ပြုချက်ရပါပြီ” ဟု လားရှိုးလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လားရှိုးလေဆိပ်မှ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များအနေဖြင့် လားရှိုး – ရန်ကုန်၊ လားရှိုး-မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး- မြစ်ကြီးနား၊ လားရှိုး – ဟဲဟိုးလေကြောင်းခရီးစဉ်များ ပြေးဆွဲကြောင်း သိရသည်။ လားရှိုးမြို့သည် ယခင်က ကုန်သွယ်မှုလမ်းကြောင်းနှင့် ခရီးသွားလာမှုလမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ ကောင်းမွန်မှုရှိခဲ့သော်လည်း ယခုအခါ လားရှိုး – မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါနှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတား၊ သီပေါနှင့် လားရှိုးမြို့ကြားရှိ စဥ့်အင်တံတားတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် ဒေသခံများအနေဖြင့် ကုန်သွယ်မှုနှင့် ခရီးသွားလာမှုများ အခက်အခဲများစွာကြုံတွေ့လျက်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ လားရှိုးကနေ မန္တလေးကိုသွားချင်တယ်ဆိုရင် အရင်က မော်တော်ကား ခြောက်နာရီလောက်စီးရင်ရောက်ပြီ။ အခုကလားရှိုးကနေ မိုင်းရယ်၊ နမ့်လန်၊ ကျောက်ဂူ၊ နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေးလမ်းကြောင်းအတိုင်း တစ်ကွေ့တစ်ပတ်ကြီးသွားရတော့ ခရီးလမ်းလည်းရှည်တယ်။ လမ်းလည်းကြမ်းတယ်။ အချိန်လည်းကြာတယ်။ ကားခလည်း အရင်ကထက် ဈေးအဆမတန်မြင့်သွားတဲ့ဒဏ်ကို ခံကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ လားရှိုးမှ ရန်ကုန်၊ နေပြည်တော်မြို့များသို့ သွားရောက်လိုသူများအနေဖြင့်လည်း လားရှိုး- မိုင်းရယ်- ကျောက်ဂူ-အင်တော- ရပ်စောက်လမ်းမှတစ်ဆင့်…
ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် ဥပဒေသတ်မှတ်ချက်အရ အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန်ကာလသည် ၂၄ လဖြစ်ပြီး တပ်မတော် စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဥပဒေတွင်အကျုံးဝင်သည့် လူငယ်များထံ ဖောင်ဖြည့်ရန်ပေးပို့နေသည်ဟု သိရသည်။ “မနေ့ (မတ် ၁၄ ရက်) က ၂၄ ကနေ ၃၀ ကြား လူငယ်တွေခေါ်မယ်ဆိုပြီး သတင်းထွက်တယ်။ ဒီနေ့မနက်ကျတော့မှ ဥပဒေအတိုင်း ၁၈ နှစ်ကနေ ၃၅ အထိခေါ်မယ်ဆိုပြီး အစည်းအဝေးမှာ ပြောပါတယ်။ အခုစာရင်းတွေက လဝက ကနေ စာရင်းထုတ်ပေးတာ။ အဲဒီစာရင်းမူလက…
ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာက မန်စီးတီးမှ ထွက်ခွာပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အပတ်စဉ် ပွဲထွက်ကစားလိုခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပါလ်မာသည် ချယ်လ်ဆီးအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၃) ဂိုး သွင်းကာ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ပေးထားသည်။ ပါလ်မာက “အသက် (၆) နှစ်ကတည်းက ကစားနေတဲ့ မန်စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရတာ မလွယ်ပါဘူး။ ကျွန်တော့်အနေနဲ့ အပတ်တိုင်း ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေတာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသည့် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုသည် နည်းပြတန်ဟက်ဂ် ရာထူးမှမပြုတ်မချင်း မိခင်ကလပ် မန်ယူအသင်းထံသို့ ပြန်လာမည်မဟုတ်ကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း ဒေါ့မွန်အသင်းထံသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။ သို့သော် ဆန်ချိုအနေဖြင့် လက်ရှိတွင် အငှားစာချုပ်ပြည့်လျှင် မိခင်ကလပ် မန်ယူအသင်းထံသို့ ပြန်လာရန် ဆန္ဒမရှိကြောင်း သိရသည်။ ဆန်ချိုသည် ၂၀၂၁ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းထံသို့ ပေါင် ၇၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ အကယ်၍ လာမည့် ၂၀၂၄-၂၅ ရာသီတွင် မန်ယူအသင်း နည်းပြအဖြစ် လက်ရှိနည်းပြ တန်ဟက်ဂ် ဆက်ရှိနေမည်ဆိုပါက ဆန်ချိုအနေဖြင့် ဒေါ့မွန်အသင်းထံသို့ အပြီးသတ်ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။ ဆန်ချိုသည် မန်ယူအသင်းတွင် စတင်ရောက်ရှိသည့်အချိန်ကစပြီး ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ အစောပိုင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ စက်တင်ဘာ ၃ ရက်တွင် တန်ဟက်ဂ်က အာဆင်နယ်နှင့်ပွဲ၌ အ သင်းလူစာရင်းတွင် ဆန်ချို မပါဝင်ခြင်းမှာ လေ့ကျင့်ရေးကွင်းတွင် ခြေစွမ်းမပြနိုင်ခြင်းနှင့် မန်ယူကစားသမားတစ်ယောက်တွင် ရှိရမည့် စွမ်းဆောင်ရည်မရှိခြင်းကြောင့်ဖြစ်သည်ဟု မီဒီယာများကို မီဒီယာများကိုပြောကြားခဲ့သည်။ တန်ဟက်ဂ်၏ အဆိုပါပြောဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့် ဆန်ချိုက တန်ဟက်ဂ်အနေဖြင့် မဟုတ်မမှန်ပြောဆိုနေပြီး မိမိသည် အသင်း၏ရလဒ်ဆိုးရွားမှုအတွက် အသုံးချခံနေရသည်ဟု လူမှုကွန်ရက်တွင် ရေးတင်ခဲ့သည်။ ယင်းအတွက် မန်ယူအသင်း က တန်ဟက်ဂ်အား ပြန်လည်တောင်းပန်ရန် ဆန်ချိုကို ညွှန်ကြားခဲ့သော်လည်း ဆန်ချိုက…
အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန်က ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်းကို စွန့်ခွာပြီး ကန့်ကွက်မှုများရှိနေသည့်ကြားမှ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန် သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာအသင်းထံသို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းခေါင်း ဆောင်အဖြစ် ကစားစဉ်က LGBTQ+ အ ခွင့်အရေးများကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် လိင်တူချစ်ခြင်းကို တရားမဝင်အဖြစ် သတ်မှတ်သည့် ဆော်ဒီနိုင်ငံသို့ပြောင်း ရွှေ့ကစားခြင်းအပေါ် ဝေဖန်မှုများစွာ ရှိခဲ့သည်။ ဟန်ဒါဆန်သည် လီဗာပူးလ်ဂန္ထဝင်ကစားသမား ဂျရတ် ကိုင်တွယ်နေသည့် ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းတွင် ရုန်းကန်ခဲ့ရသည်။ ဟန်ဒါဆန်အနေဖြင့် ဆော်ဒီ တွင် မိသားစုနေရေးထိုင်ရေး အဆင်မပြေခြင်း၊ ရာသီဥတုအဆင်မပြေခြင်းတို့နှင့် ရင် ဆိုင်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဟန်ဒါဆန်သည် အယ်လ်အစ်တီဖာအသင်းနှင့်စာချုပ်ဖျက်သိမ်းပြီး ပြီးခဲ့သည့်ဇန်နဝါရီတွင် အေဂျက်စ်အသင်း သို့ နှစ်နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဟန်ဒါဆန်က “ကျွန်တော့်အသွေးအသားထဲ ဘောလုံးစီးဆင်းနေတယ်ဆိုတာကို အခု ကျွန်တော် နားလည်သွားပါပြီ။ ဆော်ဒီပရိုလိဂ်က တိုးတက်နေဆဲ လိဂ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး။ ကျွန်တော့် အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့တာ မှားပါတယ်။ အရင်တုန်းကတော့ ဆော်ဒီကိုသွားတာ မှန်တယ်လို့ ထင်ခဲ့ပေမဲ့ မဟုတ်ခဲ့ပါဘူး။ အခု အေဂျက်စ်မှာ ကျွန်တော် ပျော်ပါတယ်”ဟု ပြော