Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 6
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် ဥပဒေသတ်မှတ်ချက်အရ အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေ

March 16, 20242 Mins Read
Share
Facebook Twitter

ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် ဥပဒေသတ်မှတ်ချက်အရ အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန်ကာလသည် ၂၄ လဖြစ်ပြီး တပ်မတော် စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အများစုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဥပဒေတွင်အကျုံးဝင်သည့် လူငယ်များထံ ဖောင်ဖြည့်ရန်ပေးပို့နေသည်ဟု သိရသည်။

“မနေ့ (မတ် ၁၄ ရက်) က ၂၄ ကနေ ၃၀ ကြား လူငယ်တွေခေါ်မယ်ဆိုပြီး သတင်းထွက်တယ်။ ဒီနေ့မနက်ကျတော့မှ ဥပဒေအတိုင်း ၁၈ နှစ်ကနေ ၃၅ အထိခေါ်မယ်ဆိုပြီး အစည်းအဝေးမှာ ပြောပါတယ်။ အခုစာရင်းတွေက လဝက ကနေ စာရင်းထုတ်ပေးတာ။ အဲဒီစာရင်းမူလက သက်ဆိုင်ရာရယကဥက္ကဋ္ဌတွေက ဒီမှာရှိသလား၊ ကျောင်းတက်နေသလား၊ အပြင်မှာအလုပ်လုပ်နေသလားဆိုတာကို Update ပြန်လုပ်တာပေါ့။ စာရင်းနဲ့ မြေပြင်အခြေအနေနဲ့ ကိုက်သလားဆိုတာကို ယူတာပေါ့။ အခုနောက်ဆုံးညွှန်ကြားချက်က ဓာတ်ပုံသုံးပုံပေါ့။ လိုင်စင်ဓာတ်ပုံ နောက်ခံကာလာက အပြာရောင်ပေါ့။ ကာယကံရှင်ကိုယ်တိုင်က ရယကဥက္ကဋ္ဌပေးတဲ့ ပုံစံ ၃၀ (က)ပေါ့။ အဲဒီမှာ ပုံစံ ၃၀ ကို ကိုယ်တိုင်ဆန္ဒပြုတယ်ဆိုတာကို လက်မှတ်ထိုး မှတ်တမ်းတင် ဓာတ်ပုံရိုက်တာပေါ့။ အကယ်၍ သားသမီးမရှိရင် မိဘက ကိုယ်စားတာဝန်ယူရင် မိဘက လက်မှတ်ထိုးတဲ့ မှတ်တမ်းတင်ဓာတ်ပုံရိုက်မှာပေါ့။ ပြောရမယ်ဆိုရင် ကာယကံရှင်ရဲ့ ဓာတ်ပုံသုံးပုံနဲ့ လက်မှတ်ထိုးတာကို မှတ်တမ်းတင်ထားမှာပေါ့။ အဲဒါတွေကို ၁၇ ရက်နေ့ နောက်ဆုံးထားတောင်းထားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စစ်မှုထမ်းရန်ခေါ်ယူခြင်း မဟုတ်သေးဘဲ ရှိသည့်စာရင်းနှင့် မြေပြင်တွင် ကိုက်ညီမှုရှိမရှိကို စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ပုံစံ ၃၀ (က) ကို ဖြည့်သွင်းရသည့် အဆင့်သာရှိသေးကြောင်း၊ စာရင်းကောက်ယူထားပြီး မည်သည့်အချိန်တွင် စစ်မှုထမ်းရမည်ဆိုသည်ကို သိရှိခြင်းမရှိသေးကြောင်း သုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“ဖြည့်ထားတာကို အပေါ်ကိုတင်ရမယ်။ လူရွေးချယ်ရေးသည်အပေါ်က ရွေးမယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူ၊ နောက်တစ်ခါဝန်ထမ်း၊ ကျန်းမာရေးမကောင်းတဲ့သူပေါ့။ အဲဒါတွေက ကင်းလွတ်ရမယ်။ အခုအဲဒါတွေအားလုံးကို ဘယ်သူကလုပ်မလဲဆိုတော့ အပေါ်ကပဲ လုပ်တော့မယ်။ မြို့နယ်အဖွဲ့တွေက စာရင်းပဲတင်ရတော့မယ်။ တိုင်းကရွေးမှာလား၊ ဗဟိုကရွေးမှာလားဆိုတာကတော့ မသိဘူး။  ဘယ်အချိန်ခေါ်မလဲဆိုတာလည်း မသိဘူး” ဟု သုံးခွမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယခင်ရက်ပိုင်းက အသက် ၂၄ နှစ်မှ ၃၀ အထိ စစ်မှုထမ်းရမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း နောက်ပိုင်းတွင်မူလသတ်မှတ်ချက်အတိုင်းသာ ထမ်းဆောင်ရမည်ဟု သိရှိခြင်းကြောင့် သားဖြစ်သူများ  အကျုံးဝင်နေသည်ဟု သုံးခွမြို့ခံတစ်ဦးက ပြောကြားသည်။

“အခုကတော့ မလွတ်တော့ဘူးပေါ့” ဟု သုံးခွမြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ မြောက်ဥက္ကလာမြို့နယ်တွင်လည်း စာရင်းကောက်ယူမှုများရှိနေပြီး ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်သူဖြစ်ပါက ပတ်စ်ပို့စ်နံပါတ်များ တောင်းယူကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“ကျွန်တော့်ညီက ထိုင်းမှာ MoU နဲ့ အလုပ်သွားလုပ်နေတာပါ။ စာရင်းလာကောက်တော့ အကျိုးအကြောင်းပြောပြလိုက်တော့ ပတ်စ်ပို့စ်နံပါတ်ကို တောင်းယူသွားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းသို့စာရင်းကောက်ယူရာတွင် အောက်ခြေရပ်ကွက်ရုံးများတွင်လည်း လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရေး သုံးသပ်ထောက်ပြမှုများလည်း ရှိနေသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီး မှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက မတ် ၁၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကားဂိတ်များ၊ စျေးများတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအခြေအနေများကို ဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖေဖော်ဝါရီ ၁၄ ရက် အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၄) ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက်တစ်ခုလျှင် လူငယ်လေးဦးမှ ၅၀ အထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေကြောင်းနှင့် တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်ကလာရောက်ခေါ်ဆောင်သွားကြောင်း Exile မီဒီယာတစ်ခုတွင် ဖော်ပြထားသည့် သတင်းများမှာ မှန်ကန်မှုမရှိဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအပတ်စဉ် ပွဲထွက်ကစားလိုခြင်းကြောင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု တိုက်စစ်ကစားသမား ပါလ်မာပြောကြား
Next Article တိုက်ပွဲများကြောင့် လေယာဉ်ပြေးဆွဲမှုရပ်နားထားသည့် လားရှိုးလေဆိပ်တွင် လေကြောင်းခရီးစဉ်များ မတ် ၁၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.