Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းနှင့် နှစ်ကျော့ပေါင်း (၁-၁) သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၄-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် (၁၄) နှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အပြီးတွင် ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။ ထို့ကြောင့် အာတီတာက “ကျွန်တော်တို့ လိုချင်တဲ့ နေရာကို ရောက်နေပါပြီ။ ဒီအခြေအနေမျိုးရောက်အောင် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပြီး အများကြီး ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ အားပေးမှုတွေ ရရှိခဲ့သလို၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အနေနဲ့ လိုချင်တဲ့အဆင့်တစ်ခုကို ရောက်နေပါပြီ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာတီတာက မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သာမက ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ပါ ချန်ပီယံဆုများကို ရယူနိုင်ရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အိန္ဒိယသည် နျူကလီးယားထိပ်ဖူး အများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၁၁ ရက်တွင်ပြော ကြားခဲ့သည်။ ပြည်တွင်း၌ထုတ်လုပ်ထားသော Agni-5 ဒုံးကျည်ကို Multiple Independently Target Re-entry Vehicle(MIRV)နှင့် ပထမဆုံးအကြိမ် စမ်းသပ်မှုအောင်မြင်ခဲ့ သည့်အတွက် ဂုဏ်ယူပါကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် X တွင် မိုဒီက ပြောကြားခဲ့သည်။ MIRV နည်းပညာကြောင့် Agni-5 ဒုံးကျည်သည် နျူကလီးယားထိပ်ဖူး အများအပြားကို တစ်ပြိုင်နက်တည်း သယ်ဆောင်နိုင်ပြီး မတူညီသည့် ပစ်မှတ်များဆီသို့ ခွဲထွက်ကာ တိုက်ခိုက်ချေမှုန်းနိုင်မည်ဖြစ်သည်။ အဆိုပါ ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ မိုဒီက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းကထုတ်လုပ်သည့် Agni-5 ဒုံးကျည်များကို ယခင်က စမ်းသပ်ခဲ့ဖူးကြောင်း ၎င်းက ပြောဆိုခဲ့သည်။ အိန္ဒိယသည် ဒုံးကျည်နည်းပညာ စွမ်းဆောင်ရည် ထက်မြက်သည့် ထိပ်တန်းနိုင်ငံများအုပ်စုတွင် ပါဝင်လာသည်ဟု ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက X တွင် ရေးသားခဲ့သည်။ Agni သည် သက္ကတဘာသာအရ ‘မီး’ ဟု အဓိပ္ပာယ်ရပြီး အိန္ဒိယက ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် တီထွင်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ခဲ့သည့် ဒုံးကျည်များကို ယင်းနာမည်ပေးခဲ့ခြင်း ဖြစ်သည်။ ထိရောက်မှုအကွာအဝေးပိုနည်းသည့် Agni-1 နှင့် Agni-2 ဒုံးကျည်တို့ကို အစဉ်အလာပြိုင်ဘက် ပါကစ္စတန်ကို တန်ပြန်ရန် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခဲ့သော်လည်း ထိရောက်မှုအကွာအဝေး ပိုကောင်းသည့် နောက်ဆုံးပေါ် မျိုးကွဲများသည်…
ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟု ပြောခဲ့သောပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းကပယ်ချလိုက်ပြီး ယူကရိန်းသည် ဘယ်တော့မှအညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့အလံဟာ အဝါရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။ အဲဒီအလံဟာ ကျွန်တော်တို့ ရှင်သန်၊သေဆုံး၊ အောင်နိုင်တဲ့ အလံဖြစ်ပါတယ်”ဟု အလံဖြူထောင်ရန် ယူကရိန်း သတ္တိရှိထားသင့်သည်ဟု ပုပ်ရဟန်း မင်းကြီးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ မတ် ၁၀ ရက်တွင် ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။ ယူကရိန်းသည် ရုရှားနှင့်စေ့စပ်ဆွေးနွေးသင့်သည်ဟု ဆွစ်ဇာလန်ရုပ်သံလွှင့်ဌာန RTS နှင့် အင်တာဗျူးတွင် အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြောကြားခဲ့သည်။ “အခြေအနေကို မြင်သူတွေဟာ အသန်မာဆုံးသူတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူတွေကို ထည့်စဉ်းစားပါ။ အလံဖြူထောင်ဖို့ သတ္တိရှိပါ။ စေ့စပ်ဆွေးနွေးပါ”ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အဆိုပါ အင်တာဗျူးကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်က ပြောသည်။ ကောင်းသည့်ဘက်တွင် ရပ်တည်ရန်၊ ဆန့်ကျင်ဘက်တွင် တစ်သားတည်းရပ်တည်ပြီးစေ့စပ်ဆွေးနွေးရေးကို တောင်းဆိုခြင်းမပြုရန် ကူလီဘာကပုပ်ရဟန်းမင်းကြီးကို တောင်းဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ မတ် ၁၁ ရက်တွင် ယူကရိန်းက ဗာတီကန်သံတမန်ကို ကိယက်ဗ်မြို့သို့ ဆင့်ခေါ်ခဲ့သည်။ အလံဖြူထောင်ရန်စဉ်းစားသင့်သည်ဟု ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏စကားက ယူကရိန်းကို ဒေါသထွက်စေခဲ့သည်။ “ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ပြောကြားချက်တွေကြောင့် ဗာတီကန်သံတမန် အပိုစတိုလစ်နန်စီယိုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖိတ်ကြားခဲ့ပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှု မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။ အလံဖြူထောင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့သော စကားများနှင့် ပတ်သက်၍ ဗာတီကန်သံတမန်တစ်ဦးဖြစ်သော လစ်သူယေးနီးယားဘုန်းတော်ကြီး ဗစ်ဗာဒက်ကူလ်ကိုကက်စ်ကလည်း စိတ်ပျက်မိသည်ဟု…
ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မတ် ၁၂ ရက်က ရုရှားနိုင်ငံသို့ သွား ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မော် စကိုမြို့တွင်ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန်လည်းရှိကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာခြင်းနှင့် International Scientific and Practical Conference သို့ တက်ရောက်ခြင်းအားဖြင့် ရုရှားနိုင်ငံ၏ ရွေး ကောက်ပွဲကျင်းပပုံနည်းစနစ်များ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြုဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံ မျှဝေခွင့်များ ရရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ရုရှားနိုင်ငံသို့ သွားရောက်မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေတွင် လင်းပိုင်များကို ငါးဖမ်းပိုက်ကွန်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်ဟု ဘုရားဖူးသွားရောက်ခဲ့သူအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဧရာဝတီလင်းပိုင်အကောင်ရေ အနည်းဆုံး ၁၀ ကောင်ခန့်ကို ငါးဖမ်းပိုက်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်။ မတ် ၁၂ရက်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ မြတ်မော်တင်စွန်းစေတီကမ်းခြေတွင် ငါးဖမ်းပိုက်များနှင့်အတူ ဖမ်းမိထားသည့် လင်းပိုင်များကို တွေ့ရှိရပြီး ရေလုပ်သားအချို့က ပြန်လွှတ်ပေးရန် စီစဉ်နေသည်ကိုလည်း ဓာတ်ပုံအချို့တွင် တွေ့ရသည်။ လင်းပိုင်များ ပိုက်ကွန်နှင့်မိပြီး ကမ်းပေါ်ပါလာသဖြင့် မော်တင်စွန်းဘုရားဖူးလာရောက်သူများက ဓာတ်ပုံရိုက်ခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များက ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။ လင်းပိုင်အကောင်ရေအများအပြားကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။ ဧရာဝတီတိုင်းရှိ ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ် ၁၀ ရက်မှ ၂၄ ရက်အထိ ၁၅ ရက်ကြာ ကျင်းပလျက်ရှိနေပြီး ဘုရားဖူးပြည်သူများ လာရောက်ခဲ့စဉ် လင်းပိုင်အများအပြားကို ငါးဖမ်းပိုက်များအတွင်း ဖမ်းဆီးရမိသည့်ဖြစ်စဉ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လင်းပိုင်အမျိုးအစားများအနက် ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်အမျိုးအစားများ နေထိုင်ကျက်စားလျက်ရှိပြီး မျိုးသုန်းလာမှုကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို လူမှုအဖွဲ့အစည်းများမှ လုပ်ကိုင်လျက်ရှိသည်။ ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။
သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေစျေးကွက်ရောင်းဝယ်သူများမှ ရွှေစျေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ကောလာဟလအခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပစျေးကွက်ရောင်းဝယ်သူများမှ စျေးကစား၍ ရွှေစျေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ယင်းကြောင့် ရွှေစျေးကစားသူများအနေဖြင့် ကောလာဟလများထုတ်လွှင့်ခြင်းနှင့် စျေးကစားခြင်းများ မပြုလုပ်ကြရန် ပန်ကြားအပ်ကြောင်း၊ ရန်ကုန်ရွှေအသင်း၏ သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ မတ် ၁၂ ရက် မွန်းလွဲပိုင်းရည်ညွှန်းစျေးနှုန်းမှာ ကျပ် သုံးဆယ့်ခုနစ်သိန်းကိုးသောင်း ခြောက်ထောင့်ခြောက်ရာဖြစ်ကြောင်း သိရသည်။ ပြင်ပစျေးကွက်တွင် ရွှေစျေးနှုန်းမှာ ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။ မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ရွှေနှင့်ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံသည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေစျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့်ထုတ်ပြန်ရာတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်…
လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်း တို့၏ပစ်မှတ်ဖြစ်သည့် နည်းပြ ဇာဘီအလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ဖာနန်ဒိုကာရိုက တုံ့ပြန်ပြောကြားခဲ့သည်။ အသက် ၄၂ နှစ်သာရှိသေးသည့် လူငယ်နည်းပြ အလွန်ဆိုသည် လေဗာကူဆင်အသင်းအား စံချိန်တင် ရှုံးပွဲမရှိမှတ်တမ်းတင်ရှိနိုင်သည်အထိ ရလဒ်ပိုင်းကောင်းမွန်စေရန် စွမ်းဆောင်ပေးထားသူဖြစ်သည်။ အလွန်ဆို၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ယခုနွေရာသီတွင် နည်းပြသစ်ခန့်အပ်ရမည့် လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ၎င်းတို့၏ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ပစ်မှတ်ထားကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် အလွန်ဆို၏အနာဂတ်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် လေဗာကူဆင်အသင်း အမှုဆောင်ချုပ် ကာရိုက “သူဒီမှာ ရှိနေလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဇာဘီအလွန်ဆိုက Puzzle အစိတ်အပိုင်းတစ်ခုပါ။ သူဒီမှာမရှိတော့တဲ့အချိန် ကျရင် အရာအားလုံးပြိုလဲသွားသလိုဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ထိပ်တန်းလူစာရင်းပိုင်ဆိုင်ထားပါတယ်။ နည်းပြအဖွဲ့တွေနဲ့ ဆီမွန်ရိုလ်ဖက်စ် (အားကစားဒါရိုက်တာ) လည်း ကျွန်တော်တို့ဆီမှာရှိပါတယ်။ ဒီနေရာမှာ အောင်မြင်မှုအတွက် တာဝန်ရှိသူအများစု က ဇာဘီအလွန်ဆိုနဲ့ အမှီအခိုကင်းစွာရှိနေကြတာပါ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။ လေဗာကူဆင်အသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ၃၆ ပွဲကစားပြီးချိန်အထိ ရှုံးပွဲလုံးဝမရှိသေးဘဲ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။ ၎င်းတို့အနေဖြင့် ဘွန်ဒစ်လီဂါ ပြိုင်ပွဲ၌ ၂၅ ပွဲကစား၊ ၂၁ ပွဲနိုင်၊ လေးပွဲသရေ၊ ရမှတ် ၆၇ မှတ်ဖြင့် ဒုတိယနေရာမှ ဘိုင်ယန် မြူးနစ်အသင်းကို ၁၀ မှတ်အထိဖြတ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် သွင်းဂိုး ၆၃ ဂိုးရရှိထားပြီး ဘိုင်ယန်မြူးနစ်အသင်း (၇၃ ဂိုး) ပြီးလျှင် ဒုတိယဂိုးအများဆုံးအသင်းဖြစ်သလို ပေးဂိုး…
ဘာစီလိုနာအသင်းသည် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ယမားလ်(၁၆ နှစ်)သည် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး လက်ရှိ နည်းပြ ဇာဗီ၏ ခေါ်ယူမှုဖြင့် အသင်းကြီးနှင့်အတူ စတင်လေ့ကျင့်ခွင့်ရရှိခဲ့သူဖြစ်သည်။ ယမားလ်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဘာစီလိုနာ အသင်းအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီးနောက် ယခုရာသီတွင် အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းက ပြီးခဲ့သည့် အောက်တိုဘာလတွင် ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ယူရိုသန်း(၁၀၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ယခုအခါ ၎င်းအား ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယမားလ်အား ကမ်းလှမ်းခဲ့သည့်အသင်းမှာ PSG အသင်းဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ဘာပေ၏နေရာတွင် ရေရှည်အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအခက်အခဲရှိနေသည့် အသင်းဖြစ်သော်လည်း အနာဂတ်အတွက် ရည်မှန်းထားသည့်အသင်းများကို ရောင်းထုတ်လိုခြင်းမရှိသောကြောင့် PSG အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဂျီရိုနာအသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနေသည့် နည်းပြ မီချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိနည်းပြ ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်းမရှိသည့်အတွက် မီချယ်လ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ မီချယ်လ်သည် ဂျီရိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် အခြားဥရောပထိပ်သီး အသင်းအချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အန်ဖီးလ်ကွင်း၌ တစ်မှတ်ရယူနိုင်ရန် ဆူနာမီကို ရင်ဆိုင်ရသည့်အခြေအနေမျိုး ကြုံခဲ့ရကြောင်းနှင့် လီဗာပူးလ်အသင်းအား ချီးကျူးကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။ မတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်း နှင့် (၁-၁) ဂိုးဖြင့် သရေကျပြီးနောက် ဂွါဒီယိုလာက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ လီဗာပူးအသင်းသည် ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု ၁၉ ကြိမ် နှင့် ဂိုးပေါက်တည့်သည့်ခြိမ်းခြောက်မှု ခြောက်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပထမပိုင်းတွင် ဒါဝင်နူးနက်ဇ်၏သွင်းဂိုး လူကျွံနေသလို ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ပယ်နယ်တီရနိုင်သည့်အခွင့်အရေး ငြင်းပယ်ခံရသဖြင့် နစ်နာခဲ့ရသည်။ ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက ”ဒီကွင်းမှာ ကစားရတဲ့အခါ ကျွန်တော်တို့မှာ အခွင့်အရေးမရှိဘူးဆိုတာ ဘယ်တော့မှ မမေ့သင့်ပါဘူး။ အဲဒီလိုသိထားရတာ အရမ်းခက်ခဲပါတယ်။ ၁၀-၁၅ မိနစ်လောက်က ဆူနာမီကို ရင်ဆိုင်ရသလိုမျိုး ရှင်သန်နိုင်အောင် လုပ်ခဲ့ရတာ ကျွန်တော်တို့သိပါတယ်။ ဒါက ခက်ခဲတဲ့ ပွဲစဉ်ပါ။ အသင်းတစ်သင်းကပဲ တစ်ချိန်လုံး ထိန်းချုပ်ထားတဲ့ပွဲမျိုး မဟုတ်ပါဘူး။ လီဗာပူးလ်ကို အများကြီးချီးကျူးပါတယ်။ ဒီယှဉ်ပြိုင်မှုမှာ သူတို့လုပ်ခဲ့တာတွေက မယုံနိုင်စရာပဲဆိုတာ ထပ်ပြီးသက်သေပြနိုင်ခဲ့တယ်။ ဒီကွင်းကိုလာပြီး အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်သိပါတယ်။ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ အမှတ်ရယူနိုင်ခဲ့လို့ ပြိုင်ဘက်အသင်းကို ချီးကျူးပါတယ်” ဟု ချီးကျူးပြောကြားသည်။ ထို့ပြင် ၆၉ မိနစ်တွင် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့သည့် ဒီဘရိုင်းနား၏တုံ့ပြန်မှုအပေါ် ဂွါဒီယိုလာက ”ဒီလိုမြင်ရတာ ကျွန်တော်ဝမ်းသာပါတယ်။ သူစိတ်ဆိုးတာကို ကျွန်တော်သဘောကျပါတယ်။ အဲဒါကောင်းပါတယ်။ အခုတော့ သူပျော်နေပါပြီ။…