Author: admin

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန် ကုန်မြို့ရှိ လူမှုကူညီရေးအသင်းများ အခက် အခဲဖြစ်ပေါ်နေကြောင်း အဆိုပါအသင်းများ ထံမှ သိရသည်။ “ဆီစျေးက အခုတစ်လီတာကို ၂၈၀၀ နားကပ်နေပြီလေ။ အရင်လို မလိုက်နိုင်တော့ ဘူး။ အရမ်းကို အရေးကြီးမှ သွားနိုင်တဲ့အ ခြေအနေဖြစ်နေတယ်” ဟု ရန်ကုန်မြို့ ဆက် ခြေဖုံးမြို့နယ်ရှိ ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လူမှုကူညီရေးအသင်းအများစုမှာ ပြည်သူများ၏ လှုဒါန်းမှုများဖြင့် စက်သုံးဆီများကို ဝယ်ယူသုံးစွဲနေရသည့်အခြေအနေဖြစ်ပြီး စက်သုံးဆီစျေး မြင့်တက်မှုကြောင့် အခြား သောလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိကြောင်း ပရဟိတအသင်းအချို့က ပြော ကြားသည်။ “ကျွန်တော်တို့အသင်းက အခမဲ့လိုက်ပို့ တာ။ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။ အလှူရှင်တွေ က ဆီဖိုးလှူတာကိုပဲ ပြန်ယူတယ်။ တချို့က တတ်နိုင်တော့ လှူကြပေမဲ့ အများစုက ပြန် မလှူနိုင်တာများတယ်။ ရပ်တည်ရတာက ကိုယ့်ရပ်ကွက်ထဲက အမာခံအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်ရတာပေါ့” ဟု ပရဟိတ အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ယင်းသို့ စက်သုံးဆီစျေးမြင့်တက်မှု ကြောင့် ပရဟိတအသင်းများအနေဖြင့် ချိတ် ဆက်ကာ လုပ်ဆောင်နေရသည်ဟု ပရဟိတ အသင်းများထံမှ သိရသည်။ “ဥပမာ မြို့နယ်ခြားနေပြီဆိုရင် အဲဒီ မြို့နယ်မှာရှိတဲ့ အသင်းကို ချိတ်ပေးလိုက်တာ ပေါ့။ အရင်ကလို အဝေးကြီးကို သိပ်မသွား နိုင်တော့ဘူး။ အရင်က မီးလောင်မှုဖြစ်ပြီဆို ရင်လည်း မြို့နယ်အစုံက ပရဟိတအသင်း တွေ တန်းစီသွားကြတာ။ အခုကတော့ အဲဒီ လို သွားဖို့ဆိုတာက မလွယ်တော့ဘူး။ ကား…

Read More

Netflix က ဖေဖော်ဝါရီ ၁ရက်တွင် ရုပ်မြင်သံကြားအစီအစဉ်များနှင့် ရုပ်ရှင်ဇာတ်ကားအများအပြားကို ထုတ်ဖော်ကြေညာချိန်၌ ၂၀၂၄ ခုနှစ်တွင် ၎င်း၏ streaming လွှမ်းမိုးမှုကို ပိုမိုတိုးချဲ့မှုတွင် အကူအညီ ဖြစ်စေရန် Game of Thrones ဖန်တီးသူများက ပုံဖော်ထားသော သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲအသစ်ဖြင့် ၎င်း၏ရည်ရွယ်ချက်ကို လောင်းကြေးထပ်ခဲ့သည်။ မတ် ၂၁ ရက်တွင် ထွက်ရှိမည့် 3 Body Problem ဇာတ်လမ်းတွဲသည် အရောင်းရဆုံး တရုတ်သုံးတွဲ ဆက်ဝတ္ထုများမှ မှီငြမ်းရိုက်ကူးထားခြင်းဖြစ်ကာ ယင်းဝတ္ထုသည် လူသားမျိုးနွယ်များက ဂြိုဟ်သားယဉ်ကျေး မှုနှင့် ထိတွေ့ဆက်ဆံခဲ့သည့် ခေတ်သစ် လက်တွေ့ဘဝ အလှည့်အပြောင်းတစ်ရပ်ကို ရိုက်ကူးပုံဖော် ထားခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲသည် တစ်စိတ်တစ်ပိုင်း စိတ်ခြောက်ခြားဖွယ် ကောင်းသည့်အပြင် တစ်စိတ်တစ် ပိုင်း သိပ္ပံစိတ်ကူးယဉ် အကြောင်းအရာလည်းဖြစ်လိမ့်မည်ဟု ဇာတ်ညွှန်းအရာရှိချုပ် ဘီလာဘာဂျာရီရာက လော့စ်အိန်ဂျလိ့စ် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းသည် လန်ဒန်၏ ခေတ်သစ်နေ့ရက်များကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်သည်။ဇာတ် လမ်းပြကွက်တစ်ခုတွွင် ဗြိတိန်ရဲတပ်ဖွဲ့အရာရှိ(သရုပ်ဆောင် ဘန်နီဒစ်ဝေါင်း)က မိမိကိုယ်ကိုယ်သေ ကြောင်း ကြံစည်မှုဟု ယူဆရသော ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုကို စုံစမ်းစစ်ဆေးနေကြောင်း ပြသထားသည်။ Thrones မှ စာရေးဆရာများဖြစ်သည့် ဒေးဗစ်ဘီနီအော့ဖ်နှင့်ဒီဘီဝိုက်စ်တို့ ဖန်တီးထားသော ယင်း ဇာတ်လမ်းတွဲများသည် ဖေဖော်ဝါရီ ၁ ရက်က ထုတ်ဖော်ပြသခဲ့သော Netflix ၏ ၂၀၂၄ အတွက်ဇာတ် ကားများတွင် အထင်ကရဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ပြသရန် စီစဉ်ထားသော အခြားဇာတ်လမ်းတွဲများတွင် Netflix ၏…

Read More

လက်ရှိတွင် ထောင်ဒဏ်ကျခံနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ထောင်ဒဏ်ခြောက်နှစ်ကျခံရန် မလေးရှားနိုင်ငံ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်က အတည်ပြုပြောကြားခဲ့သည်။ နာဂျစ်သည် ဒေါ်လာဘီလျံပေါင်းများစွာချီသည့် 1MDB ဘဏ္ဍာရေးအရှုပ်တော်ပုံတွင် အများပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်သည့် ပြစ်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်က ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။ “ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဆိုင်ရာ စိစစ်ရေးအဖွဲ့ဟာ အကြံပြုချက်တွေနဲ့ ထင်မြင်ချက်တွေကို သုံးသပ်ပြီးနောက် နာဂျစ်ရာဇက်အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ထက်ဝက်လျှော့ချပေးဖို့ ဆုံး ဖြတ်ခဲ့တယ်”ဟု ၎င်းအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မလေးရှားဘုရင်ဟောင်း စူလ်တန် အဗ္ဗဒူလာ စူလ်တန်အာမက်ရှားက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရှေ့နေချုပ်လည်းပါဝင်သည့် ၎င်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက်က အစည်းအဝေး ပြုလုပ်ပြီးနောက်တွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှားဘုရင်က ၎င်း၏အရိုက်အရာကို အလှည့် ကျဆက်ခံမည့်သူအား ထီးနန်းလွှဲပြောင်းမှု မတိုင်မီနှစ်ရက်အလိုတွင် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆုံးဖြတ်ရသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ နာဂျစ်သည် ၂၀၂၈ ခုနှစ်တွင် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ပြီး ၎င်းပေးဆောင်ရမည့်ဒဏ်ငွေကိုလည်း ရင်းဂစ်သန်း ၅၀ (ဒေါ်လာ ၁၀ ဒသမ ၆ သန်း)သာပေးဆောင်ရန် လျှော့ချပေးခဲ့ကြောင်း ၎င်းအဖွဲ့က ပြောကြား ခဲ့သည်။ နာဂျစ်အနေဖြင့် ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်ကာလကို တစ်နှစ်ထပ်တိုးမည်ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။ နာဂျစ်၏ ရှေ့နေများနှင့် အစိုးရတာဝန် ရှိသူများကိုမူဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်းမရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ ယင်းသို့ထောင်ဒဏ် လျှော့ချပေးခြင်းသည် ဝန်ကြီးချုပ်…

Read More

အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးအသစ်များ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည်အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက စစ်လက်နက်အင်အား ပြသမှုများကို ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ပြိုင်ဘက် တောင်ကိုရီးယားကို စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။ အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည် အများအပြားပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းသည် ၂၀၂၄ ခုနှစ်တွင် ၎င်းလက်နက်အမျိုးအစား စမ်းသပ်မှုကို စတုတ္ထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၃၀ ရက်ကလည်း မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့ ခရုစ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရန် တီထွင်ထားသည်ဟုဆိုသော Pulhwasal-3-31 ခရုစ်ဒုံးကျည်စမ်းသပ်မှုများကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းစမ်းသပ်မှုကို ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် မကြုံဖူးလောက်သည့် အရှိန်အဟုန်ဖြင့် လက်နက်တီထွင်မှုများ လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့အပေါ် ရန်လိုသည့် နျူကလီးယားခြိမ်းခြောက် မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် နှစ်အတန်ကြာအတွင်း တင်းမာမှုများ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သည်။ ကမ်းစပ်တွင် ပြုလုပ်ထားသည့် ပစ်မှတ်တစ်ခုကို အနိမ့်ပျံ ခရုစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ချေမှုန်းခဲ့ပြီး နောက်ထပ်ဒုံးကျည်တစ်စင်းသည်လည်း မြေပြင်မှပစ်လွှတ်ပြီးနောက် လေထဲသို့ပျံတက်သွားသည့် ဓာတ်ပုံများကို မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့သည်။ မြောက်ကိုရီးယားသည် ခရုစ်ဒုံးကျည်များတွင် တပ်ဆင်ပစ်ခတ်သည့် အရွယ်အစားပိုကြီးသော ဒုံးကျည်ထိပ်ဖူးများ တီထွင်နေမှုကို…

Read More

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက် ၃၅ သန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကင်ဆာရောဂါဆိုင်ရာ အေဂျင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် သတိပေးခဲ့သည်။ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် ၇၇ ရာခိုင်နှုန်း ပိုမိုများပြားနေသည်။ ဆေးရွက်ကြီး၊ အရက်၊ အဝလွန်မှု၊ လေထုညစ်ညမ်းမှုများသည် ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်တက်စေသည့် အဓိက အကြောင်းချင်းရာများဖြစ်ကြောင်း WHO ၏ နိုင်ငံတကာ ကင်ဆာရောဂါ သုတေသန အေဂျင်စီ(IARC)က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည့်နှစ်မှာ ကင်ဆာရောဂါဖြစ်ပွားတဲ့ လူနာအသစ် ၃၅ သန်းကျော်ရှိလာ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်”ဟု IARC က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပြီး ယင်းသည် ၂၀၂၂ ခုနှစ်က ကင်ဆာရောဂါဖြစ်ပွားသည့် လူနာသန်း ၂၀ မှ ၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါ ဖြစ်ပွားမှု လျင်မြန်စွာမြင့်တက်နေခြင်းသည် အသက်အရွယ်ကြီးရင့်လာသည့် လူဦးရေနှင့် အရွယ်ရောက်ပြီးလူဦးရေများအတွက် ဝန်ပိစေခဲ့ပြီး လူသားများသည် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုများနှင့် ဆက်စပ်နေသည့် ကင်ဆာဖြစ်စေနိုင်သည့် အဓိကအကြောင်းချင်းရာများနှင့် ထိတွေ့မှုများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ “ဆေးရွက်ကြီး၊ အရက်နဲ့ အဝလွန်မှုတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုဟာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်တစ်ခုဖြစ်ပါတယ်” ဟု WHO က ပြောကြားခဲ့သည်။ အဖွံ့ဖြိုးဆုံးနိုင်ငံများသည် ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်များမြင့်တက်လာမည့်အခြေအနေကို မှတ်တမ်းတင်ရဖွယ်ရှိြ ပီး ၂၀၂၂ ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ၂၀၅၀ ပြည့်နှစ်တွင် ထိုအဖွံ့ဖြိုးဆုံးနိုင်ငံများ၌ ကင်ဆာဖြစ်ပွားသည့်…

Read More

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တိုင်း၌ သိုလှောင်ထားစဉ် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင် တင့်ဇော် မောင်းနှင်ပြီး မိုးနိုင်စိုး(ခ)ရွှေသီးနှင့် မနဝရတ်ထွန်းတို့လိုက်ပါလာသည့် FORD EVEREST မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိသူ တင့်ဇော်နှင့် နဝရတ်ထွန်းတို့နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားအားလည်းကောင်း၊ တင့်ဇော် ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်းအတွင်းရှိ TOYOTA ALPHARD ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀ ကီလိုအားလည်းကောင်း၊ ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးရမိမှု၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို…

Read More

သူဌေးကျွန်းဟိုတယ်ပိုင်ရှင် နေအိမ်အပါအဝင် ထိုင်းနိုင်ငံရှိလုပ်ငန်းရှင် ၁၈ ဦးအား ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ဌာနမှဝင်ရောက်စစ်ဆေးပြီး ပိုင်ဆိုင်မှုတချို့အား သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့တွင်အခြေပြုလှုပ်ရှားနေသည့်တရားမဝင်လုပ်ငန်းများကို ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ရှိအထူးစုံစမ်းစစ်ဆေးရေးဌာန ( DIS) မှ ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ပြီးရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ထိုင်းမီဒီယာများတွင်ဖော်ပြထားခဲ့သည်။ ရနောင်းမြို့အားအခြေပြုကာတရားမဝင်အွန်လိုင်းလောင်း ကစားမှု၊လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းထား ရှိမှုများဖြင့်ဖမ်းဆီးဝရမ်းထုတ်ပြန်ခြင်းခံရသူ ၁၈ ဦးတွင် ကော့သောင်းမြို့၊သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ လုပ်ငန်းများနှင့်နေအိမ်များပါဝင်နေကြောင်း သိရသည်။ “ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရနှောင်းမြို့မှာရှိတဲ့ ဦးကျော်လွင်ရဲ့ ဆွေမျိုးနီးစပ်သူတွေနေအိမ်ပါမကျန် လာရောက်စစ်ဆေး တယ်၊ဆွေမျိုးတွေရဲ့ပိုင်ဆိုင်မှုက ပတ်သက်မှုရှိလားဆိုပြီးစစ်ဆေး သွားတာတွေ့ရတယ်” လို့ ရနှောင်းမြို့တွင်နေထိုင်သူ တစ်ဦးကပြောကြားခဲ့သည်။ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များကထိုင်းနိုင်ငံတစ်ဝန်းရှိပစ်မှတ်နေရာ ၂၇ ခုအား တစ်ပြိုင်နက်ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးမှု များပြုလုပ်ရာ တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်းရင်းနယ်မြေ၊ အကွက် အမှတ်(၅)၊ ဖယ်မိုင်လမ်းမကြီးရှိ ဦးကျော်လွင်(သူဌေးကျွန်းဟိုတယ်ပိုင်ရှင်)၏ နေအိမ်ပါဝင်ပြီး ယင်းနေအိမ်မှ ဘတ်ငွေများ အပါအဝင် မီးခံသေတ္တာ ၆ လုံးနှင့် ပိုင်ဆိုင်မှုအချို့အား သိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ဓ အခင်း ဖြစ်တဲ့အချိန်မှာ ဦးကျော်လွင်ကနေအိမ်မှာမရှိဘူး နိုင်ငံခြားမှာ ရောက်နေတယ်၊သူ့ရဲ့ထိုင်းအမည်က မစ္စတာဖု လို့ခေါ်တယ် ၊မျိုးရိုးနာမည်လိုက်ပြီးဆွေမျိုးနီးစပ်သူတွေပါအစစ်ဆေးခံရတာဖြစ်ပါတယ် ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကဆိုသည်။ လုပ်ငန်းရှင် ၁၈ ဦးမှာထိုင်းဘတ်ငွေဘီလီယံဆယ်ဂဏန်းအထိ လိမ်လည်မှုပြုလုပ်ထားကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှဒုတိယညွန်ကြား ရေးမှူးရဲဗိုလ်ချုပ်ကြီးယုတနာဖရာဒမ် က ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာအမှုအား ကိုင်တွယ်နေကြောင်းမီဒီယာများတွင်ဖော်ပြထားသည်။

Read More

ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ခဲ့သည်။ “ဟွန်ဒိုင်းပစ်ကပ်နှင့် Toyota Taxi ယာဉ်တို့ တိုက်မိတာပါ။ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်က လမ်းထောင့်က သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိသွားပါတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယာဉ်တိုက်မှုကြောင့် ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ အနီရောင်အဆင့်(စိုးရိမ်ရ)ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများအား ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်နှစ်စီး၊ အိမ်စီးယာဉ်တစ်စီးတို့ဖြင့် လူနာခုနှစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Read More

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းတက်ရောက်သူ ၆ ဒသမ ၇ သန်းကျော်သာရှိကြောင်း သိရသည်။ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တင်ပြချက်များ၌ အထက်ပါအချက်များ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်း အပ်နှံသူ ၈၁၀၈၂၂၇ ဦး (၈ ဒသမ ၁ သန်းကျော်)ရှိခဲ့ပြီး ယနေ့အချိန်တွင် ၆၇၆၇၇၆၃ ဦး (၆ ဒသမ ၇ သန်းကျော်)သာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန်ပျက်ကွက်သူ ၁၃၄၀၄၆၄ ဦး (၁ ဒသမ ၃ သန်းကျော်)ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ကျောင်းတက်ရောက်မှုပျက်ကွက်သည့် ဒေသများကို ပြန်ကြည့်ပါက ကရင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတို့တွင် ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ တိုက်ပွဲများဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်း၏ ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ကြောင်း၊ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂၉၆၈ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသူ ၈၆၆၈၇ ဦးရှိသောကြောင့် ပျက်ကွက်သူ ၂၆၂၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းတက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊…

Read More

ချယ်လ်ဆီးအသင်းတွင် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့်ခြေစွမ်းပြနိုင်ခြင်း မရှိသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ကွင်းလယ်ကစားသမား ကိုင်စီဒိုကို အသင်းနည်းပြ ပိုချက်တီနိုက ကာကွယ်ပြောကြားခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ အီကွေဒေါလက်ရွေးစင်ကွင်းလယ်ကစားသမား ကိုင်စီဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ ဘရိုက်တန်အသင်းမှ ချယ်လ်ဆီး အသင်းထံသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ သူဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအသင်း အတွက် ယခုရာသီပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားပေးထားသည်။ သို့သော် ချယ်လ်ဆီးအသင်းမှာ ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ကိုင်စီဒိုုမှာလည်း ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လီဗာပူးလ်အသင်းကို (၁-၄) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ခြေစွမ်းမပြနိုင်သဖြင့် ကိုင်စီဒိုမှာ လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာနှင့် နှိုင်းယှဉ်ကာ ဝေဖန်မှုများ ပိုခံနေရခြင်းဖြစ်သည်။ သို့သော် ပိုချက်တီနိုက ၂၀၀၁ ခုနှစ်တွင် ဂျူဗင်တပ်စ်မှ ရီးယဲလ်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည့် ဇီဒန်းပင် ခြေစွမ်းပြနိုင်ရန် အချိန်ယူခဲ့ရကြောင်း ဥပမာပေးကာ ကိုင်စီဒိုဘက်က ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ပိုချက်တီနိုက “ဇီဒန်းတို့၊ ကာကာတို့ကို ရီးယဲလ်က ပိုက်ဆံတွေ အများကြီးပေးပြီး ခေါ်ယူခဲ့တာပါ။ ဇီဒန်းဟာ ရီးယဲလ်ကို ရောက်တဲ့အချိန်မှာ အသက် ၂၆ လား၊ ၂၇ လားမသိဘူး ရှိနေပါပြီ။ ဒါပေမဲ့ ဇီဒန်းဟာ ရီးယဲလ်မှာ ခြေစွမ်းပြနိုင်ဖို့ ရှစ်လလောက် အချိန်ယူခဲ့ရပါတယ်။ ကိုင်စီဒိုက ဘောလုံးရာသီစတော့မှ ရောက်လာတာပါ။ သူ့ကို အသင်းမှာ အထိုင်ကျဖို့ အချိန်ပေးရမှာပါ”ဟု ပြောကြားခဲ့သည်။

Read More