သူဌေးကျွန်းဟိုတယ်ပိုင်ရှင် နေအိမ်အပါအဝင် ထိုင်းနိုင်ငံရှိလုပ်ငန်းရှင် ၁၈ ဦးအား ထိုင်းအထူးစုံစမ်းစစ်ဆေးရေး ဌာနမှဝင်ရောက်စစ်ဆေးပြီး ပိုင်ဆိုင်မှုတချို့အား သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ရနှောင်းမြို့တွင်အခြေပြုလှုပ်ရှားနေသည့်တရားမဝင်လုပ်ငန်းများကို ထိုင်းတရားရေးဝန်ကြီးဌာန လက်အောက်ရှိအထူးစုံစမ်းစစ်ဆေးရေးဌာန ( DIS) မှ ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ပြီးရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ထိုင်းမီဒီယာများတွင်ဖော်ပြထားခဲ့သည်။
ရနောင်းမြို့အားအခြေပြုကာတရားမဝင်အွန်လိုင်းလောင်း ကစားမှု၊လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းထား ရှိမှုများဖြင့်ဖမ်းဆီးဝရမ်းထုတ်ပြန်ခြင်းခံရသူ ၁၈ ဦးတွင် ကော့သောင်းမြို့၊သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်၏ လုပ်ငန်းများနှင့်နေအိမ်များပါဝင်နေကြောင်း သိရသည်။
“ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရနှောင်းမြို့မှာရှိတဲ့ ဦးကျော်လွင်ရဲ့ ဆွေမျိုးနီးစပ်သူတွေနေအိမ်ပါမကျန် လာရောက်စစ်ဆေး တယ်၊ဆွေမျိုးတွေရဲ့ပိုင်ဆိုင်မှုက ပတ်သက်မှုရှိလားဆိုပြီးစစ်ဆေး သွားတာတွေ့ရတယ်” လို့ ရနှောင်းမြို့တွင်နေထိုင်သူ တစ်ဦးကပြောကြားခဲ့သည်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များကထိုင်းနိုင်ငံတစ်ဝန်းရှိပစ်မှတ်နေရာ ၂၇ ခုအား တစ်ပြိုင်နက်ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးမှု များပြုလုပ်ရာ တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်းရင်းနယ်မြေ၊ အကွက် အမှတ်(၅)၊ ဖယ်မိုင်လမ်းမကြီးရှိ ဦးကျော်လွင်(သူဌေးကျွန်းဟိုတယ်ပိုင်ရှင်)၏ နေအိမ်ပါဝင်ပြီး ယင်းနေအိမ်မှ ဘတ်ငွေများ အပါအဝင် မီးခံသေတ္တာ ၆ လုံးနှင့် ပိုင်ဆိုင်မှုအချို့အား သိမ်းဆည်း ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ဓ အခင်း ဖြစ်တဲ့အချိန်မှာ ဦးကျော်လွင်ကနေအိမ်မှာမရှိဘူး နိုင်ငံခြားမှာ ရောက်နေတယ်၊သူ့ရဲ့ထိုင်းအမည်က မစ္စတာဖု လို့ခေါ်တယ် ၊မျိုးရိုးနာမည်လိုက်ပြီးဆွေမျိုးနီးစပ်သူတွေပါအစစ်ဆေးခံရတာဖြစ်ပါတယ် ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကဆိုသည်။
လုပ်ငန်းရှင် ၁၈ ဦးမှာထိုင်းဘတ်ငွေဘီလီယံဆယ်ဂဏန်းအထိ လိမ်လည်မှုပြုလုပ်ထားကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှဒုတိယညွန်ကြား ရေးမှူးရဲဗိုလ်ချုပ်ကြီးယုတနာဖရာဒမ် က ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ကာအမှုအား ကိုင်တွယ်နေကြောင်းမီဒီယာများတွင်ဖော်ပြထားသည်။