Author: admin

သုံးနှစ်ကြာရပ်နားထားသော မော်လမြိုင်မြို့၏ နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဖေဖော်ဝါရီတတိယပတ်အတွင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် မြို့တွင်းသတ်မှတ်ထားသည့် လမ်းများအတိုင်း လေးရက်တာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း မောင်ငံရပ်ကွက်မှ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “မော်လမြိုင်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို မကျင်းပဖြစ်တာ သုံးနှစ်ရှိပြီပေါ့။ ဒီနှစ်မှ ပြန်လည်ကျင်းပဖြစ်မှာပါ။ ဘုရားတွေလှည့်ဖို့ မော်တော်ယာဉ်တွေကိုလည်း ပြင်ဆင်နေကြပြီလို့ သိရတယ်” ဟု ပြောကြားသည်။ မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်အပူဇော်ခံပွဲကို မော်လမြိုင်မြို့တွင်း၌ ပထမရက်အဖြစ် ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်အထိလည်းကောင်း၊ ဒုတိယရက်အဖြစ် ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းအထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ တတိယရက်တွင် ဇေယျာသီရီရပ်ကွက် လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိလည်းကောင်း၊ စတုတ္ထရက်တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကာလက အထမ်းဖြင့် ဘုရားများကို လှည့်လည်ပူဇော်ခဲ့ကြပြီး ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင်အမတ် သခင်သင်းလှိုင်တို့ ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ် တပို့တွဲလဆန်းကာလအတွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

Read More

ထိုင်းနိုင်ငံတွင် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်အချို့၏ ပိုင်ဆိုင်မှုများ သိမ်ဆည်းခံရပြီးနောက် မြန်မာနိုင်ငံတွင်လည်း သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားအား တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားခံယူထားသူ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် (ထိုင်းအမည် မစ္စတာဖု) အား ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံတွင် ဖမ်းဝရမ်းထုတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ဦးကျော်လွင်အပါအဝင် လုပ်ငန်းရှင် ၁၈ ဦးမှာ အွန်လိုင်းလောင်းကစားမှု၊ လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းကိစ္စများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး လက်ရှိတွင် လုပ်ငန်းရှင်ခုနစ်ဦးအား ဖမ်းဆီးရမိထားသည်ဟု ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ “ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်ပြီး ကော့သောင်းမြို့မှာရှိတဲ့ ရွှေဝက်ဝံတံတားကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေစစ် ဆေးနေပါတယ်။ သူဌေးကျွန်းကိုလည်း ကော့သောင်း-ရနောင်းချစ်ကြည်ရေး ခရီးသွားပွဲတော် ကျင်းပနေတဲ့အချိန်မှာပဲ မြန်မာတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်။ ဟိုတယ်ကို ချိပ်ပိတ်ထားတာလား လုပ်ငန်းလည်ပတ်နေတာ လားဆိုတာကတော့ မပြောတတ်ဘူး။ လက်ရှိကော့သောင်းမှာ သူဌေးကျွန်းဟိုတယ်ဝန်ထမ်း နှစ်ထောင်ကျော်လောက်ရှိတယ်။ သူတို့အလုပ်လက်မဲ့ဖြစ်တော့မယ်။ အဲဒီကနေ ဆက်နွှယ်နေတဲ့ တက္ကစီသမားတွေ စျေးသည်တွေ အကုန်အခက်အခဲဖြစ်နေပြီ။ ဆီသင်္ဘောတွေ ငါးဖမ်းလှေတွေ ကပ်နေတဲ့ ရွှေဝက်ဝံတံတားကိုလည်း စစ်ဆေးနေပါတယ်” ဟု ကော့သောင်းမြို့မှလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ လက်ရှိတွင် သူဌေးကျွန်းဟိုတယ်တွင် လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်အခန်းဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ဝန်ထမ်းများရှိနေကြောင်း၊ အွန်လိုင်းကာစီနိုနှင့် တခြားအပန်းဖြေနေရာများရပ်ထားကြောင်း ဒေသခံများက ပြောကြားသည်။ “သူဌေးကျွန်းဟိုတယ်ပိုင်ရှင်က ထိုင်းနိုင်ငံသားခံယူထားသူပါ။ သူဌေးကျွန်းဟိုတယ်ကလည်း သူ့အမည်နဲ့မဟုတ်ဘူးလို့ သိရတယ်။ ဆီကျော်လွင်လို့ ကျွန်တော်တို့ သိထားတဲ့သူက ကော့သောင်းဒေသခံ တွေအတွက် အလုပ်အကိုင်အများအပြား ဆောင်ရွက်ပေးထားတယ်” ဟု…

Read More

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား ပစ္စတို ရှစ်လက်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက က သတင်း ထုတ်ပြန်သည်။ NUG လက်အောက်ခံ မန္တလေး PDF အဖွဲ့နှင့် No-More Dictatorship အဖွဲ့များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အတွင်း ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လျက်ရှိကြောင်း သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံ မြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး(ခ)မစိုး နှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ငါးလက်၊ ANSAR ပစ္စတို တစ်လက်၊ BLOW ပစ္စတို နှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက က ထုတ်ပြန်သည်။ ဖမ်းဆီးရမိထားသည့် သီတာစိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၇၀)၊ ၁၂(ဘီ)လမ်းနှင့် ၈၇ လမ်းထောင့်၌ ကေခိုင်(ခ)ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ရှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊…

Read More

အသက်(၃၅)နှစ်အထက် ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်ဇွန်လအတွင်း အင်္ဂလန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိဖူးသည့် နိုုင်ငံ(၈)နိုင်ငံမှ အသက်(၃၅)နှစ်အထက် အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး နာမည်ကျော်ကစားသမားဟောင်းများစွာ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရရှိဖူးသည့် အသင်း(၈)သင်းမှာ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဥရုဂွေး၊ အင်္ဂလန်နှင့် စပိန်တို့ဖြစ်ပြီး အဆိုပါအသင်းများမှ ဂန္ထဝင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လက်ရှိ စီစဉ်ထားမှုအရ (၃၅)နှစ်အထက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အသက်(၃၅)နှစ်အထက် ကစားသမားများသာမက အဆိုပါအသင်းများအတွက် ပွဲ(၁၀၀)အထက် ကစားပေးထားသည့် ကစားသမားများလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ကွင်းများတွင် ကျင်းပသွားရန် စီစဉ်ထားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ယူရို -၂၀၂၄ ပြိုင်ပွဲမစတင်မီကာလတွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။ ထို့ပြင် သက်ကြီးကစားသမားများ ယှဉ်ပြိုင်မည့်ပြိုင်ပွဲ ဖြစ်သောကြောင့် မိနစ်(၇၀)သာ သတ်မှတ်ဖွယ်ရှိပြီး လူစားလဲမှုကို အကန့်အသတ်မရှိ ခွင့်ပြုဖွယ်ရှိကြောင်းလည်း သိရသည်။

Read More

တရုတ်သည် ဖေဖော်ဝါရီ ၃ ရက်က အ လွန်အင်အားပြင်းသည့် Jielong-3 ဒုံးပျံတစ်စင်းဖြင့် ဂြိုဟ်တုကိုးလုံးကို ပတ်လမ်းအတွင်း ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ Smart-Dragon 3 သို့မဟုတ် Jielong-3 အမည်ရှိ ဒုံးပျံသည် နိုင်ငံတောင်ပိုင်း ကွန်တုံပြည်နယ် ယန်ကျန်းမြို့၏ ကမ်းလွန် ရေပြင်ရှိ ရေပေါ် ဒုံးပျံပစ်လွှတ်စင်မှ ပျံသန်းထွက်ခွာခဲ့ခြင်းဖြစ်သည်။ ယခုလွှတ်တင်မှုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစပြီး နိုင်ငံပိုင် ဒုံးပျံထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်အောက်ခံ China Rockert ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် ဒုံးပျံကို တတိယအကြိမ်မြောက် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတ ရှီကျင်းပင်သည် စီးပွားဖြစ် အာကာသကဏ္ဍအပါအဝင် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများကို ချဲ့ထွင်ရန် တိုက်တွန်းခဲ့ပြီး ယင်းလုပ်ဆောင်မှုများသည် ဆက်သွယ်ရေး၊ ရေကြောင်းနှင့်လေကြောင်း သွားလာမှုများအတွက် အဓိကကျသည့် ဂြိုဟ်တုကွန်ရက် တည်ဆောက်မှုအတွက် အရေးကြီးကြောင်း ယူဆခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်နေ့မှာပင် တရုတ်၏ မော်တော်ယာဉ်ထုတ်လုပ်သည့် Geely Holding Group သည် မောင်းသူမဲ့ကားများအတွက် ပိုမိုတိကျသေချာသည့် သွားလာရေး လမ်းကြောင်းများကို ထောက်ပံ့သည့် ၎င်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဂြိုဟ်တု ၁၁ စင်း လွှတ်တင်ခဲ့သည်။ စီးပွားဖြစ် ဂြိုဟ်တုကွန်ရက်များ တည် ဆောက်ရေးအတွက် အရေးကြီးသည့်အချက်မှာ အာကာသယာဉ်လွှတ်တင်ရေး အဆောက်အအုံများနှင့် ရေပေါ်ဒုံးလွှတ်တင်ရေးစခန်းများ ပိုမိုတည်ဆောက်ရေးကဲ့သို့ ဒုံးလွှတ်တင်ရေး စခန်းအရေအတွက်ကို မြှင့်တင်ရန်၊ ဂြိုဟ်တုလွှတ်တင်သည့် ကုန်ကျစရိတ်ကို နည်းပါးစေရန်၊ မတူကွဲပြားသည့် ဝန်ချိန်အရွယ်အစားများနှင့် ကိုက်ညီမှုရှိသည့် ဒုံးပျံအမျိုးအစားများကို…

Read More

ပင်လယ်နီတွင် အီရန်က ကျောထောက် နောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်သည့်အနေဖြင့် ဒါဇင်နှင့်ချီသည့် ဟူရ်သီပစ်မှတ်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် အမေရိကန်နှင့် ဗြိတိန် တို့၏ လေကြောင်းတိုက်ခိုက်မှုများသည် မိမိတို့အား တားဆီးနိုင်မည်မဟုတ်ဘဲ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယီမင်၏ ဟူရ်သီသူပုန်အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။ ဂျော်ဒန်နိုင်ငံတွင် အမေရိကန်စစ်သား ၃ ဦးသေဆုံးခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အီရန်နှင့်ဆက်နွှယ်သည့် ပစ်မှတ်များကို တစ်ဖက်သတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နှောင်းပိုင်းတွင် ဗြိတိန်နှင့်ပူးတွဲလေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် ဂါဇာတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသရန် ပင်လယ်နီတွင် တိုက်ခိုက်မှုများပြုလုပ်နေသည့် ဟူရ်သီအဖွဲ့ကို အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ၏ တတိယအကြိမ်မြောက် ပူးတွဲ တိုက်ခိုက်မှုဖြစ်သည်။ ထို့ပြင် အမေရိကန်သည် ဟူရ်သီသူပုန်များကို သီးခြား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပင်လယ်နီတွင် ဟူရ်သီတို့၏ တိုက်ခိုက်မှုများမှာ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၂ ရက်က တိုက်ခိုက်မှုများသည် ယီမင်ရှိ နေရာဒေသ ၁၃ ခုမှ ဟူရ်သီ ပစ်မှတ် ၂၆ ခုကို ထိမှန်ခဲ့ပြီး ယင်းသည် ပင်လယ်နီတွင် ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘောများနှင့် ရေတပ်သင်္ဘောများကို ဆက်လက်တိုက်ခိုက်နေသည့် ဟူရ်သီတို့ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ၊ ထိုစစ်ဆင်ရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများက ထောက်ပံ့ပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် အီရန်က…

Read More

ပဲခူးမြို့နယ် ပဲခူး-သနပ္ပင်လမ်းဆုံတွင် Dark Side Revolution Burma-DSRB အမည်ရှိ အဖွဲ့တစ်ဖွဲ့မှအဖွဲ့ ဝင်ခြောက်ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်နှင့်အတူ ဖေဖော်ဝါရီ ၂ ရက်က ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်အရ Dark Side Revolution Burma-DSRB အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်ညပိုင်းတွင် ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး-သနပ္ပင်လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အဖွဲ့ဝင်များဖြစ်သည့် ထက်နောင်နောင် (ခ)နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့် ဥူးသောဘန(ခ) သာကျော်ဌေးတို့ ခြောက်ဦးအား KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီးရမိသူ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ရေတံခါးတာဝကျေးရွာရှိ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ တစ်လက်၊…

Read More

၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၈ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၉၈၃၀၉ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၀၇၄၅ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆု၊ ကျပ် ၁၀ သိန်း သုံးဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ် နှစ်သိန်း ၁၂၆ ဆု၊ ကျပ်တစ်သိန်း ၈၀၃ ဆု၊ ကျပ်ငါးသောင်း ၆၀၅ ဆုနှင့် ကျပ်တစ်သောင်းဆု ၉၁၉၂ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉…

Read More

ကော့သောင်း-ရနောင်းချစ်ကြည်ရေးခရီးသွားပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်ပြီး ကော့သောင်း-ရနောင်း Tourism 2024 ပွဲတော်ကို ကော့သောင်းမြို့ သုံးမိုင်ရှိ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ချစ်ကြည်ရေးခရီးသွားပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦမြတ်ကို၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတော် ကျင်းပရခြင်းမှာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး အများပြည်သူပိုမိုသိရှိစေရန်၊ ကော့သောင်းမြို့၏ အမှတ်တံဆိပ်ထင်ရှားပေါ်လွင်စေရန်၊ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သည့် ခရီးသွားလုပ်ငန်းဖြစ်ပေါ်စေရန်၊ ကော့သောင်းနှင့် ရနောင်းပိုမိုချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန် ကျင်းပခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ချစ်ကြည်ရေးခရီးသွားပွဲတော်တွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်ပြခန်းများ၊ ကော့သောင်းမြို့၏ အစားအသောက်များ၊ အသေးစားအလတ်စားထုတ်ကုန်များ၊ သွားလာလည်ပတ်နိုင်သည့်နေရာများနှင့် ကျွန်းများ၊ သဘာဝထွက်ကုန်များကို ပြသထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ခရီးသွားပွဲတော်တစ်ခု ကျင်းပရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဇန်နဝါရီလအတွင်း လာရောက်ဆွေးနွေးခဲ့ရာ အကောင်အထည်ပေါ်လာခြင်းဖြစ်ကြာင်း သိရသည်။ ကော့သောင်း-ရနောင်း Tourism 2024 ပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ လုပ်ငန်းရှင်များလည်း တက်ရောက်လာရန် ခရီးသွားလုပ်ငန်းကောင်စီက ဖိတ်ကြားထားခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် ကော့သောင်း-ရနောင်း Tourism 2024 ကျင်းပရာတွင် မြန်မာ့စီးပွားရေးမြှင့်တင်ရန်၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း အထောက်အကူပြုရန်၊…

Read More

ဇန်နဝါရီလအတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွားနှစ်သိန်းကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ကျိုက်ထီးရိုးဒေသသို့ ဇန်နဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၂၀၀၃၉၉ ဦးနှင့် ပြည်ပဘုရားဖူးခရီးသွား ၉၂၉ ဦး၊ စုစုပေါင်း ၂၀၁၃၂၈ ဦး လာရောက်ခဲ့ကြောင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကဆိုရင် စနေနေ့မျိုးတွေမှာ ဘုရားဖူး ၂၀၀၀၀ ကျော်လောက် လာကြတယ်။ ကြားရက်တွေမှာဆိုရင်လည်း ဘုရားဖူးတွေက ၄၀၀၀ ကျော် ၅၀၀၀ ဝန်းကျင်လောက်အထိကို လာရောက်ခဲ့ကြပါတယ်” ဟု ဆိုသည်။ နယ်မြေတည်ငြိမ်အေးချမ်းနေသည့်အတွက်ကြောင့် ဘုရားဖူးများ လာရောက်မှုများပြားလာရခြင်းဖြစ်ကြောင်း၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်နှင့် အဆင်ပြေစွာတည်းခိုစားသောက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း ၎င်းက ပြောကြားသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးများ လာရောက်မှုများပြားလာသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ စားသောက်ဆိုင်နှင့် တည်းခိုခန်းလုပ်ငန်းများမှာ အထိုက်အလျောက်အဆင်ပြေလာကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းတချို့ ပြန်လည်လုပ်ကိုင် လာနိုင်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ “ပြီးခဲ့တဲ့နှစ်တွေကတော့ ဘုရားဖူးတွေ သိပ်မလာလို့ ကြုံရာကျပန်း အလုပ်လုပ်ကိုင်စားသောက်နေရတယ်။ အခုလို ဘုရားဖူးတွေ ပြန်လာကြတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေမှုလေးတွေတော့ ရှိလာတယ်” ဟု ကျိုက်ထီးရိုးရင်ပြင်တော်စခန်းမှ အထမ်းသမားတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ပြည်တွင်းဘုရားဖူး ၂၈၄၀၇၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၂၁၄ ဦး လာရောက်ခဲ့ကြောင်းနှင့် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတစ်လအတွင်းမှာပင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား…

Read More