Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views


February 5, 20242 Mins Read
Share
Facebook Twitter

၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၈ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၉၈၃၀၉ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၀၇၄၅ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆု၊ ကျပ် ၁၀ သိန်း သုံးဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ် နှစ်သိန်း ၁၂၆ ဆု၊ ကျပ်တစ်သိန်း ၈၀၃ ဆု၊ ကျပ်ငါးသောင်း ၆၀၅ ဆုနှင့် ကျပ်တစ်သောင်းဆု ၉၁၉၂ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုမဲများအား ဖေဖော်ဝါရီ ၂၉ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပခဲ့သည့် ၅၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် စျ ထိ စုစုပေါင်းအက္ခရာ ကိုးလုံးမှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၅၅၂၂ ဒသမ ၇၆၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ခဲ့သည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀၀၀၀ ဆု၊ ကျပ်တစ်သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း ၁၀ ဆု၊ ကျပ်သုံးသိန်းဆု ၄၀ ဆု၊ ကျပ်နှစ်သိန်းဆု ၂၀၀ နှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleကော့သောင်းမြို့တွင် ကော့သောင်း-ရနောင်း ချစ်ကြည်ရေးခရီးသွားပွဲတော် ကျင်းပနေ
Next Article ပဲခူးမြို့နယ် ပဲခူး-သနပ္ပင်လမ်းဆုံတွင် DSRB အမည်ရှိ အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦးကို ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ ၄၀ မမ လက်လုပ်ဗုံးပစ် လောင်ချာတစ်လက်နှင့်အတူ ဖမ်းဆီးရမိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.