Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သာစည်မြို့နယ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာသို့သွားသည့် တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ညနေ ၆ နာရီအချိန်၌ ကြိုတင်သတင်းရရှိထားသည့် ကိုမျိုး၊ မျိုးမြင့်ထွန်းနှင့် ညွန့်ဝင်းတို့ သုံးဦးသည် မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာ၍ ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဆန်းဦးနှင့် ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲတို့အား ယင်းနေ့ ည ၈ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ မြို့မကွက်သစ်ရပ်ရှိ ကိုမျိုး၏ နေအိမ်မှ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၁ ဒသမ ၃၆၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက်…
လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည် ကြောင်း သတ်မှတ်ခဲ့သည့် အမိန့်ကြော်ငြာစာ ကို ဖေဖော်ဝါရီ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ပြီးနောက် ယင်းဥပဒေစပ်လျဉ်းသည့် အကြောင်း အရာများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော် တို့နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ များအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူ အားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါ တွေကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ မှာလည်း လိုအပ်လာလျှင် အရင်အမျိုးသား စစ်မှုထမ်းစနစ်ထက်မြင့်မားတဲ့ စစ်စည်းရုံးမှု War Mobilization ဆိုတဲ့ ပုံစံမျိုးအထိ လုပ် ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ လိုမျိုးလုပ်ဆောင်လာခြင်းဟာ နိုင်ငံတော်ကာ ကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လို အပ်လာလျှင် ဆောင်ရွက်ရခြင်းသာဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ဥပဒေအာဏာတည်သည်ဟု အမိန့်ကြော်ငြာ စာထုတ်ပြန်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ဥပဒေအမှတ် (၂၇/ ၂၀၁၀) ဖြင့်…
သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ် ချုပ်ရေးမှူးအား ခြိမ်းခြောက်စာကပ်ကာ ခြိမ်း ခြောက်ထားကြောင်း ဒေသခံများထံမှ သိရ သည်။ အဆိုပါ ခြိမ်းခြောက်စာအား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ခြံစည်းရိုးတွင် ဖေဖော် ၀ါရီ ၁၀ ရက် နံနက်ပိုင်းက ကပ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ “ဘယ်အဖွဲ့က ကပ်သွားတာလဲတော့ မသိဘူး။ ခြိမ်းခြောက်စာက အုပ်ချုပ်ရေးမှူးကို ရည်ရွယ်ထားတယ်ဆိုပေမဲ့ တစ်ရွာလုံး ထိတ် လန့်နေရတယ်” ဟု အဆိုပါဒေသခံက ဆက် လက်ပြောကြားသည်။ အဆိုပါခြိမ်းခြောက်စာတွင် အုပ်ချုပ် ရေးမှူးအား အရှင်ဖမ်းပြမည်၊ ရွာသားများ အသွားအလာ သတိပြုကြရန်စသည့်အချက် များ ပါဝင်ကြောင်း သိရသည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူး ကျေးရွာနှင့် အနင်းကျေးရွာရှိ ရဲကင်းစခန်း အား PDF အဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက် နံနက် ၅ နာရီကစတင်ကာ တစ်ပြိုင် တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း အနင်းကျေး ရွာမှ လူအိမ်နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် အနင်းကျေး ရွာနှင့် ထင်းရှူးကျေးရွာတို့မှ ဒေသခံအရပ် သားတစ်ဦးစီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒေသခံ ၁၀၀ ခန့်မှာ နေရပ်စွန့်ခွာစစ်ဘေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းသိရသည်။ စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းအား သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ပေါင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “စုပ်ခွက်ငါးတွေ များလာရင် မြစ်ချောင်းတွေထဲမှာရှိ သဘာဝငါးမျိုးတွေကုန်သွားမှာပေါ့။ လက်ရှိမှာ ရှားပါးလာနေတဲ့ ငါးပြေမ၊ ငါးရံ့၊ ငါးကျည်းတို့လိုမျိုး၊ ငါးမြွေထိုး တို့လိုမျိုးငါးတွေက မျိုးပြုန်းလုဖြစ်နေပါပြီး။ စုပ်ခွက်ငါးတွေက သဘာဝမြစ်ချောင်းတွေအတွင်းမှာရှိတဲ့ ငါးသားပေါက်လေးတွေအပြင်၊ ငါးတွေစားတဲ့ အစာတွေအကုန်လုံးကို စားတယ်” ဟု မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စုပ်ခွက်ငါးကို နှိမ်နင်းနိုင်မည့် နည်းလမ်းအနေဖြင့် လယ်သမားများ၊ ငါးဖမ်းသမားများအနေနှင့် စုပ်ခွက်ငါးများကို ဖမ်းဆီးရမိပြီးနောက် စားသောက်နိုင်ပြီး၊ ရေထဲကိုတော့ ပြန်မလွှတ်ကြရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၉) ရက်ကပေါင်မြို့နယ် ဖြူဘကျေးရွာ၊ ဆားဖိုစုရပ်ကွက် နှင့် ကဒုံစီးရပ်ကွက်များအတွင်း အသိပညာပေးပိုစတာများလိုက်လံစိုက်ခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပေါင်မြို့နယ်အတွင်းရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစားစုပ်ခွက်ငါး အများအပြားတွေ့လာရသည့်အတွက် ဒေသငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအတွင်းရှိ ချောင်းရိုးမြောင်းရိုးများအတွင်း စုပ်ခွက်ငါး အများအပြားတွေ့ရှိလာရကြောင်း ငါးပက်သူ ဒေသခံတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ဒီစုပ်ခွက်ငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်တော့ရှိပြီး။ ခါတိုင်း ဒီငါးတွေက အကောင်သေးသေးလေးတွေ။ အခုနောက်ပိုင်းမှာ ဖမ်းမိရင် ငါးတွေအရင်ကထက် နှစ်ဆ သုံးဆလောက်ပိုကြီးလာတယ်။…
၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့( ဖေဖော်ဝါရီ ၁၀ ရက်)မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နစကမှ အမိန့်ထုတ်ပြန်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်သည်ဟု နစကမှ အမိန့်ကြေညာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။ စတင်အာဏာသက်ဝင်ပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာသက်ဝင်လာပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လိုအပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။ ထို့အတူ ပုဒ် ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း…
ဘီလ်ဘာအိုအသင်းမှ လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အာဆင်နယ်အသင်း စောင့်ကြည့်နေ
အာဆင်နယ်အသင်းသည် ဘီလ်ဘာအို လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အဆက်မပြတ် စောင့်ကြည့်နေကြောင်း သိရသည်။ အသက် ၂၁ နှစ်အရွယ် စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်သည် ပြီးခဲ့သည့်ရာသီကတည်းက တောက်ပလာပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်သည်။ The Mirror ၏ ဖော်ပြမှုအရ အာဆင်နယ်အသင်းသည် နီကိုဝီလီယံစ်အား လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်နေကြောင်း သိရသည်။ နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ယူရိုသန်း ၅၀ ဖြစ်ကြောင်း သိရသည်။ ၎င်းကိုခေါ်ယူရန် အာဆင်နယ်အသင်းအပြင် ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
လာမည့်သီတင်းပတ်တွင် စတင်ဖွင့်လှစ်ကျင်းပမည့် ရုပ်ရှင်ပွဲတော်သို့ လက်ယာစွန်းနိုင်ငံရေးသမား ငါးဦးကို ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဘာလင်ရုပ်ရှင်ပွဲတော်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ ပြည်သူ့ရန်ပုံငွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မှီခိုအားထားရသော Berlinale ပွဲတော်သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြုလုပ်မည့် အခမ်းအနားသို့ Alternative for Germany (AfD)မှ ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဖိအားများကို အစောပိုင်းက ငြင်းဆိုခဲ့သည်။ ယင်းကိုယ်စားလှယ်များတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသော တာဝန်ရှိသူများ ပါဝင်နေသည်ဟုဆိုကာ ငြင်းဆိုထားခြင်းဖြစ်သည်။ သို့သော် ပွဲတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသော ရုပ်ရှင်ကျွမ်းကျင်သူ ၂၀၀ ကျော်ထံမှအိတ် ဖွင့်ပေးစာအပါအဝင် ယဉ်ကျေးမှုကဏ္ဍတွင် အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ဆုံးဖြတ်ချက်ကိုပြောင်း လဲလိုက်သည်ဟု ဆိုသည်။ “ဒီနေ့(ဖေဖော်ဝါရီ ၈ ရက်)မှာတော့ Berlinale ရဲ့ ဒါရိုက်တာတွေက အစောပိုင်းက ဖိတ်ကြားထားတဲ့ AfD နိုင်ငံရေးသမားငါးဦးကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။ Berlinale ပွဲတော်တွင် ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ကားပေါင်းရာချီကို မိတ်ဆက်ပြသသည့် ပွဲတော်ဖြစ်ကာ A-list စာရင်းဝင်အနုပညာရှင်များကို ဆွဲဆောင်ထားပြီး နိုင်ငံတကာ ရုပ်ရှင်ပညာရှင်များ၏ လေးစားမှုကို ရရှိထားသည့် ပွဲတော်ဖြစ်သည်။ “လက်ယာစွန်းရောက် ဧည့်သည်တွေနဲ့ပတ်သက်ပြီး ရုတ်ရုတ်သဲသဲဖြစ်တာဟာ လွတ်လပ်ပြီး သည်းခံနိုင်တဲ့ လူ့အဖွဲ့အစည်းအတွက် ကတိကဝတ်တွေနဲ့ လက်ယာစွန်းရောက်ဝါဒကို ဆန့့်ကျင်တဲ့ ရပ်တည်မှုဟာ Berlinale ရဲ့ DNZ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေခဲ့ပါတယ်”ဟု ပွဲစီစဉ်သူများက ဆိုသည်။ AfD အဖွဲ့ဝင်များသည်…
အမေရိကန်သည် ၎င်းတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဖေဖော်ဝါရီ ၈ ရက်က တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအတွင်းစွပ်စွဲခဲ့ သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။ တရုတ်နှင့် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်ကြိုးပမ်းနေသည်ဟု အနောက်နိုင်ငံများက ရှုမြင်ထားမှုနှင့်အတူ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် ရုရှားအကြား ကုန်သွယ်ရေးနှင့် ကာကွယ် ရေးဆက်ဆံမှုများကို အရှိန်မြှင့်တင်ခဲ့သည်။ ပူတင်နှင့်ရှီတို့သည် တစ်နာရီခန့် ကြာမြင့်သည့် ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်နေသည့် အမေရိကန်၏ မူဝါဒကို ရှုတ်ချခဲ့ကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။ အမေရိကန်သည် ရုရှားနှင့်တရုတ်ကို ထိန်းချုပ်ဟန့်တားသည့် မူဝါဒကိုချမှတ်ကျင့် သုံးနေသည့်အချက်ကို နှစ်နိုင်ငံခေါင်းဆောင်များက နားလည်သဘောပေါက်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ယူရီအူရှာ ကော့ဗ်က ပြောကြားခဲ့သည်။ ရုရှားသည့် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၎င်း၏ စစ်ပွဲအတွက် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကိုခံခဲ့ရပြီးကတည်းက တရုတ်ကို ၎င်း၏ စီးပွားရေးအတွက် အသက်သွေးကြောတစ်ခုအဖြစ်သတ် မှတ်ခဲ့သည်။ တစ်ဖက်တွင်လည်း တရုတ်သည် ဆိုက်ဘေးရီးယားစွမ်းအင်ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့များအပါအဝင် ရုရှား၏ စွမ်းအင်တင်ပို့မှုများနှင့် များပြာသည့် သဘာဝသယံဇာတများကို စျေးပေါပေါဖြင့် ဝယ်ယူရရှိပြီး အကျိုးဖြစ်ထွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နှင့်ရုရှားအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၂၄၀ ဒသမ ၁ ဘီလျံရှိခဲ့ပြီး ယင်းသည် ၂၀၂၂ ခုနှစ်ကထက် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။ ယူကရိန်းစစ်ပွဲမစတင်မီ ရက်ပိုင်းအလိုတွင် တရုတ်နှင့် ရုရှားသည် အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ပြီး…
မြောက်ကိုရီးယားအနေဖြင့် တိုက်ခိုက်ခံရမည်ဆိုပါက တောင်ကိုရီးယားကို အဆုံးသတ်ပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ကာ ပြန်လည်ပေါင်းစည်းရေး အတွက်ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင် စီများကိုလည်းပိတ်ခဲ့ပြီး နိုင်ငံနယ်နိမိတ်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျှ ကျူးကျော်မည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ “ရန်သူဟာ ကျွန်တော်တို့ နိုင်ငံကို အင်အားသုံးပြီး ဆန့်ကျင်လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း သမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့နဲ့ ရှိသမျှ စူပါပါ၀ါတွေအသုံးပြုပြီး သူတို့ကို အဆုံးသတ်ပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”ဟု ကင်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးသည် အသနားခံတောင်းဆိုရသည့် သို့မဟုတ် ဆွေးနွေးမှုများဖြင့် ရရှိသည့်အရာမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။ မြောက်ကိုရီးယားသည် ၎င်းတို့စစ်တပ် ထူထောင်သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထိုမှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ကင်သည် ပြီးခဲ့သည့်လကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ရည်ရွယ်ပြီး မြောက်ကိုရီးယားစစ်တပ်သည် ရန်စခံရမည်ဆိုပါက ရန်သူကို ချေမှုန်းပစ်မည်ဟု ပြောကြားခဲ့သည့် ၎င်း၏ ယခင်မှတ်ချက်များအတိုင်း ထပ်မံပြောဆိုခဲ့ခြင်းဖြစ်သည်။ KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်သည် အနာဂတ်တွင် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ထင်ကြေးပေးထားသည့် ၎င်း၏ သမီးငယ်ကင်ဂျူအဲ၏ လက်ကို ဆုပ်ကိုင်ထားသည်ကို…
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၉ ရက်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအ နားကို ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန် သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Shri Vinay Kumar ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Rajeev Rawal နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး လုပ်ငန်းကော်မတီ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ပ သို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရေးကုန် သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်ဘဏ်၊ စီဘီ ဘဏ်နှင့် ယူအေဘီဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E…