Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, May 20
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့မှစ၍ အာဏာတည်ကြောင်း နစက အမိန့်ထုတ်ပြန်

February 11, 20243 Mins Read
Share
Facebook Twitter

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့( ဖေဖော်ဝါရီ ၁၀ ရက်)မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နစကမှ အမိန့်ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်သည်ဟု နစကမှ အမိန့်ကြေညာစာအမှတ် ၂၇/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။ 

စတင်အာဏာသက်ဝင်ပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ကြောင်း၊ အာဏာသက်ဝင်လာပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လိုအပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ ပုဒ် ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်အရ ပြည်သူ့စစ်မှုထမ်း ဆိုသည်မှာ ဤဥပဒေအရ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကိုဆိုလိုကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုကြောင်း ဖော်ပြထားသည်။

ထို့အတူ တပ်မတော်စက်မှုလက်မှုပညာသည် ဆိုသည်မှာ တပ်မတော်တွင်အမှုထမ်းလျက်ရှိသော ဝန်ထမ်း များအနက် ကာကွယ်ရေး ဌာနကောင်စီ အမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင်ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ ကျွမ်းကျင်သူကို ဆိုကြောင်း၊ ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကိုဆိုကြောင်း ပြည်သူ့စစ်ဥပဒေတွင် ပြဌာန်းထားသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် (၁) ယာယီအားဖြင့်စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊(၂) နိုင်ငံ့ဝန်ထမ်းများ၊ (၃) ပညာသင်ကြားနေသူများ၊(၄) အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊(၅) မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊(၆) ထောင်ဒဏ်ကျခံနေသူများအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်ကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များသည် မိမိတို့အား ခွင့်ပြုထားသည့် ယာယီ ရွှေ့ဆိုင်းခွင့်ကာလများကို စစ်မှုထမ်းရမည့် အသက်အရွယ် ကျော်လွန်စေကာမှု သတ်မှတ်ထားသော ပြည်သူ့ စစ်မှုထမ်းဆောင်ရန် ကာလကို ပြည့်မီအောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ပြဌာန်းထားသည်။

ယင်းအပြင် ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်ဖြစ်ကြောင်း၊ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့လျှင် တာဝန် ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိစေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းတစ်ဦးအား ယင်းတာဝန် ထမ်းဆောင်နေသည့် ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမား တစ်ဦးအား မူလ ထမ်း ဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောကာလ ပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စစ်မှုထမ်းခွင့်ပြုနိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသည်။

အလားတူ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်ကြောင်းလည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင်ပါရှိသည်။

 ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်ခွင့်ရရှိမည့်ပုဂ္ဂိုလ်များမှာ(က) သာသနာ့ဝန်ထမ်းများ၊ (ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ (ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများ၊(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်ကြောင်းသိရသည်။

ပြစ်မှုနှင့်ပြစ်ဒဏ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က  မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်နှင့် ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင်လာရောက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဆေးစစ်ခြင်းအောင်မြင်သော်လည်း  ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် မိမိအတွက် ကြိုတင် သတ်မှတ်ပေးထားသော တပ် သို့မဟုတ် ဌာနသို့ သွားရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ဤဥပဒေအရ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း၊ ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်းတို့ကို အကြောင်းပြချက်မရှိပဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရန်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသည်။

မည်သူမဆိုစစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် မိမိကျန်းမာရေးအဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကို အနာရောဂါ စွဲကပ်ဟန်ဆောင်ခြင်း၊ မသန်မစွမ်းဟန်ဆောင်ခြင်း၊မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်း၊ မိမိ၏ အနာရောဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအာင် မကုသဘဲ တမင်နှောင့်နှေး ကြန့်ကြာ စေရန် လည်းကောင်း၊ ပိုမိုဆိုးရွားလာစေရန်လည်းကောင်း ပြုခြင်း၊မိမိအလိုအလျောက် မိမိကိုယ်ကို အနာတရဖြစ်စေရန် ပြုခြင်း၊ အခြားနည်းများဖြင့် ပြုလုပ်ခြင်း ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း  ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသည်။

 ဤဥပဒေအရ ဆောင်ရွက်ရသော နိုင်ငံဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအားသုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း၊  မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်းပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဘီလ်ဘာအိုအသင်းမှ လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အာဆင်နယ်အသင်း စောင့်ကြည့်နေ
Next Article ပေါင်မြို့နယ်အတွင်း စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.