Author: admin

အမေရိကန်ပြည်ထောင်စုတွင် ပင်မရွေးကောက်ပွဲမတိုင်မီ ပြည်နယ်အချို့တွင် မတ် ၅ ရက်က ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး ပြည်သူများဆန္ဒမဲ သွားပေးကြရန် အဆိုတော်တေလာဆွစ်က ဆိုရှယ်မီဒီယာမှ တိုက်တွန်းခဲ့သည်။ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ရီပတ်ဘလီကန်ပါတီကိုယ်စားလှယ် နှင့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်တို့ကို ရွေးချယ်ရန် အမေရိကန်ပြည်နယ် ၁၆ ခုတွင် အကြိုရွေးကောက်မှုများ ပြုလုပ်ကြခြင်းဖြစ်ပြီး အင်စတာဂရမ်တွင် တေလာဆွစ်က “ဒီနေ့ မဲသွားပေးကြပါ”ဟု ဖော်လိုဝါ ပရိသတ် ၂၈၂ သန်းကို ဆော်သြခဲ့သည်။ ဆွစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ကို ထောက်ခံခဲ့သော်လည်း ယခု နိုဝင်ဘာရွေးကောက်ပွဲအတွက် မည်သည့် ကိုယ်စားလှယ်ကိုမှ မထောက်ခံသေးပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွစ်က မတ် ၅ ရက်တိုက်တွန်းချက်တွင် ဆက်လက်နှုတ်ဆိတ်နေခဲ့ပြီး မဲရုံများရှိမည့်နေရာကို စစ် ဆေးကြရန်သာ တိုက်တွန်းခဲ့သည်။ “သင်တို့ကို ကိုုယ်စားပြုပေးနိုင်ဆုံးသူကို မဲပေးထောက်ခံကြဖို့ သတိပေးပါရစေ။ တကယ်လို့ မဲမပေးရသေးရင် ဒီနေ့မဲပေးသွားကြ ပါ ။ မဲရုံတည်နေရာတွေနဲ့ အချိန်တွေကို vote.org မှာ ဝင်ကြည့်ကြပါ ”ဟုဆွစ်က အင်စတာဂရမ်တွင် ရေးခဲ့သည်။ယခုအချိန်ထိ သမ္မတဂျိုးဘိုင်ဒင်အပေါ် ဆွစ်က ထောက်ခံမှု အရိပ်အယောင် မပြသေးသည့် အပေါ်အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က “တေလာဆွစ် ဘာပြောသလဲ ၊ ဘာမပြော သလဲဆိုတာကို ကျွန်မအနေနဲ့ မှတ်ချက်ပေးလို့မရပါဘူး”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ သို့သော် အိမ်ဖြူတော်အတွက် ဆွစ်၏ထောက်ခံမှုက အရေးပါလွန်းသည်ဟု မှတ် ယူနိုင်သည်။ဆွစ်၏ ထောက်ခံမှုကြောင့် သန်းပေါင်းများစွာသော လူငယ်မဲဆန္ဒရှင်များကလည်း လာမည့်ရွေးကောက်ပွဲတွင် ဘိုင်ဒင်ကို ထောက်ခံလာနိုင်သည်။ယခုနှစ်အစောပိုင်းက အမေရိကန် မီဒီယာဖော်ပြချက်အရ…

Read More

နည်းပညာဆိုင်ရာ ပြဿာနာကြောင့် နှစ်နာရီကျော်ကြာပြတ်တောက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုသူ ထောင်ပေါင်းများစွာကို သက်ရောက်ခဲ့ပြီးနောက် Meta ကုမ္ပဏီပိုင် Facebook နှင့် အင်စတာဂရမ်တို့ကို မတ် ၅ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီဟု ယင်းကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။ ကမောက်ကမဖြစ်မှုများသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအများစုက Facebook နှင့် အင်စတာဂရမ်တို့ကို Log in ဝင်မရဖြစ်နေကြောင်း Facebook ၏ ပြိုင်ဘက်လူမှုမီဒီယာဖြစ်သည့် X တွင် ပို့စ်တင်ခဲ့ကြသည်။ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီသည် ယင်းဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ပြီး ထိုအချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားသည့် လက္ခဏာမျိုးကို မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ပြတ်တောက်မှု အများဆုံးဖြစ်ပွားချိန်တွင် Facebook သုံးမရသူ ၅၅၀,၀၀၀ နှင့် အင်စတာဂရမ် အကောင့် ဝင်မရသူ ၉၂,၀၀၀ ကျော်ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်လာကြောင်း ပြတ်တောက်မှုများကို စောင့်ကြည့်နေသော Down detector ဝက်ဆိုက်က ဖော်ပြခဲ့သည်။ “ဒီနေ့စောစောပိုင်းလောက်မှာပဲ ကျွန်တော်တို့ပေးနေတဲ့ ဝန်ဆောင်မှုအချို့ကို အသုံးပြုရာမှာ လူအချို့ အခက်အခဲဖြစ်နေတဲ့ နည်းစနစ် ပြဿနာပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ဆောင်မှုကို သုံးလို့မရဖြစ်နေတဲ့ လူတိုင်းအတွက် ပြဿနာကို ကျွန်တော်တို့ဖြေရှင်းပေးခဲ့ပါတယ်” ဟု Meta ပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုန်းက X တွင် ပို့စ်တင်ခဲ့ပြီး ချို့ယွင်းချက်ဖြစ်ပေါ်ရသည့်အကြောင်းကို အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။ Meta ကုမ္ပဏီသည် WhatsApp နှင့် Thread တို့အပါအဝင် app အချို့၌ နေ့စဉ်ဝင်ရောက်အသုံးပြုနေသူ ၃…

Read More

FacebookMessengerTelegramViberEmailတရုတ်နိုင်ငံအနေဖြင့် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အသွင်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိစဉ် ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှု ငါးရာခိုင်နှုန်းခန့်ရရှိရန်ပစ်မှတ်ထား လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်သည် စက်မှုထုတ်ကုန်များကိုလို အပ်ချက်ထက်များစွာကျော်လွန်၍ ထုတ်လုပ်ခြင်းကို ထိန်းချုပ်ရန်၊ အိမ်ခြံမြေကဏ္ဍတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိန်းသိမ်းရန်နှင့် ဒေသန္တရအစိုးရများ၏ အလေအလွင့်ဖြစ်စေ သော အသုံးစရိတ်များကိုလျှော့ချဖြတ် တောက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ ထျန်းအန်းမန်ရင်ပြင်ရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သော တရုတ်၏ဥပဒေပြုလွှတ်တော်ဖြစ်သည့် အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)နှစ်ပတ်လည် အစည်းအဝေးတွင် လီက ၎င်း၏ပထမဆုံးလုပ်ငန်းအစီရင် ခံစာကိုဖတ်ကြားခဲ့သည်။ တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုလျာထားချက်သည် ယမန်နှစ်အတိုင်းဖြစ်သော်လည်း ထိုရည်မှန်းချက် ပြည့်မီရန်အတွက် အစိုးရအနေဖြင့် ပိုမိုအားကောင်းသည့် စီးပွားရေးနှိုးဆွမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ တရုတ်၏စီးပွားရေးသည် အခြေခံအဆောက် အအုံကဏ္ဍတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် အမှီပြုနေရဆဲဖြစ်ကာ ယင်းသို့လုပ်ဆောင်ခြင်းကြောင့် မြူနီစီပယ် ကြွေးမြီပမာဏ ထူပြောလာခဲ့သည်။ ယမန်နှစ် ကိုဗစ်ကပ်ရောဂါ အလွန်ကာလ စီးပွားရေးနာလန်ထူမှု အရှိန်နှေးကွေးလျက်ရှိရာ အိမ်ထောင်စုများ၏ လည်ပတ်သုံးစွဲမှု လျော့နည်းလာကာ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ပြန်ရနှုန်းပိုမိုနည်းပါးလာသည့် အတွက် တရုတ်၏ဖွဲ့စည်းမှုဆိုင်ရာ မညီမျှမှုများနက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့သဖြင့် ဖွံ့ဖြိုးမှုပုံစံသစ်ကို တောင်းဆိုမှုများ ရှိလာခဲ့သည်။ အိမ်ခြံမြေလုပ်ငန်း အကျပ်အတည်း၊ ငွေကျုံ့မှုပြဿနာ ပိုမိုနက်ရှိုင်းလာခြင်းနှင့် ဒေသန္တရအစိုးရများ၏ ကြွေးမြီမြင့်တက်လာခြင်းတို့အပေါ် စိုးရိမ်မှုများသည် တရုတ်ခေါင်းဆောင်များကို တိုးမြှင့်ဖိအားပေးနေသည့် ကိစ္စရပ်များဖြစ်သည်။ “အဆိုးဆုံးဖြစ်နိုင်ခြေကို ကျွန်တော်တို့ မျက်ခြည်ပြတ်ခံလို့မရဘဲဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေအတွက် ကောင်းစွာပြင်ဆင်ထားသင့်တယ်”ဟု ဝန်ကြီးချုပ်လီချန်က ပြောကြားသည်။ “အထူးသဖြင့် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုပုံစံသစ်ကို အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းမှုဆိုင်ရာ ချိန်ညှိပြင်ဆင်မှုတွေ လုပ်ဆောင်ရေး၊…

Read More

မသမာသူအချို့က ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းဘိုကင်နေရာများကို ရယူထားပြီး သံရုံးဝန်ထမ်းအယောင်ဆောင်များက ငွေကြေးစစ်ဆေးပေးမည်ဟုဆိုကာ ဖျားယောင်းသိမ်းသွင်းခြင်းများရှိနေသည်ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။ သံရုံး၏ အွန်လိုင်းဗီဇာရက်ချိန်းလျှောက်သည့်စနစ်၌ မသမာသူအချို့သည် ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းတွင် တစ်ဦးတည်းအတွက်မဟုတ်ဘဲ ဘိုကင်နေရာအများအပြားကို ရယူလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ရက်ချိန်းနေ့တွင် ရက်ချိန်းယူထားသော်လည်း လာရောက် လျှောက်ထားသူမရှိသည့် အခြေအနေများ မြင့်မားလျက်ရှိကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။ ထို့ပြင်သံရုံးဝန်ထမ်းအယောင်ဆောင်ထားသူများက သံရုံးရှေ့တွင် ဗီဇာလျှောက်ထားသူအချို့ကို ယင်းတို့ပါလာသော ငွေကြေးကို သံရုံး၏ ကောင်စစ်ဌာနသို့ မဝင်မီ စစ်ဆေးပေးမည်ဟု ဖျားယောင်းသိမ်းသွင်းခဲ့ခြင်းများလည်းရှိခဲ့သည်ဟု ထိုင်းသံရုံးက ထုတ်ပြန်သည်။ သံရုံးအနေဖြင့် ဗီဇာရက်ချိန်းလျှောက်ထားရန်အတွက် အခကြေးငွေယူသည့် စည်းမျဉ်းချမှတ်မထားကြောင်း၊ အကယ်၍ ဗီဇာရက်ချိန်းလျှောက်လိုသူတစ်ဦးကို တစုံတယောက်က reservation slot ကိုလာပေးပြီး အခကြေးငွေတောင်းပါက ထိုသူကို မယုံကြည်ရန်နှင့် ၄င်းတောင်းဆိုသည့်အတိုင်း လိုက်လျောရန်မလိုအပ်ကြောင်း၊ သံရုံးသည် ထိုကဲ့သို့သော ကိစ္စများတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ထိုင်းသံရုံးက ထုတ်ပြန်သည်။ လျှောက်ထားသူများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် အရေးတကြီးလိုအပ်နေသော ဗီဇာလျှောက်လိုသူများအတွက် ရက်ချိန်းနေရာမရှိစေတော့သည့် အခြေအနေများ မဖြစ်ပွားစေရန် သံရုံး၏အွန်လိုင်းရက်ချိန်းယူသည့်စနစ်ကို မှန်ကန်စွာသုံးစွဲပေးပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ သံရုံးသည် ကောင်စစ်ဌာနအပြင်၌ ဗီဇာလျှောက်ထားသူများ၏ ရက်ချိန်းလျှောက်ထားမှု အတည်ပြုချက် (booking confirmation information)နှင့် ပတ်စပို့ကိုသာ စစ်ဆေးပြီး ကောင်စစ်ဌာအတွင်း၌ လိုအပ်သောစာရွက်စာတမ်းများကို စစ်ဆေးပြီး ဗီဇာကြေး လက်ခံသည်ဖြစ်သောကြောင့် ပြင်ပတစ်နေရာရာ၌ စာရွက်စာတမ်းနှင့် ငွေကြေးစစ်ဆေးခြင်းသည် သံရုံးကဆောင်ရွက်ခြင်းမဟုတ်ကြောင်း၊ အကယ်၍ အထက်ဖော်ပြပါ မသမာမှုတစုံတရာကိုတွေ့ရှိပါက သံရုံးဝန်ထမ်း (သို့) လုံခြုံရေးဝန်ထမ်းများကို…

Read More

ဘားအံမြို့နေ အမျိုးသားတစ်ဦးမှာ သံလွင်မြစ်အတွင်းသို့ ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဘားအံမြို့ခံများထံမှ သိရသည်။ သံလွင်မြစ်အတွင်းသို့ ခုန်ချကာ အဆုံးစီရင်ခဲ့သူ အမျိုးသားမှာ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဈေးတန်းလမ်းနေ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ မတ်လ ၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘားအံမြို့ ရေအရင်းအမြစ်ရုံးအနောက်ဘက် သံလွင်မြစ်အတွင်းသို့ ခုန်ချသွားခြင်းဖြစ်သည်ဟု သိရကြောင်း ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။ “ငါ့ကိုအားလုံး ခွင့်လွတ်ပေးကြပါ၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်” ဟု facebook ပေါ်တွင် Post တင်ခဲ့ကြောင်း နှင့် ညနေပိုင်းရောက်တော့ ဘားအံ ကမ်းနားမှာ အမျိုးသားတစ်ယောက် ရေထဲခုန်ချသွားတယ်ဆိုပြီး သတင်းတွေ တက်လာတာကို တွေ့ရတယ်” ဟု သူငယ်ချင်းတစ်ဦးမှ ပြောကြားသည်။ သံလွင်မြစ်အတွင်းသို့ ခုန်ချသွားသူအမျိုးသားအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Rescue Team ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) မှ ရေငုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ – ကရင်ပြည်နယ်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ – ကမော့ကစင်) ၊ မာဃ လူမှုကူညီရေးအသင်း နှင့် ရပ်ကွက်နေပြည်သူများမှ ည (၆) နာရီခွဲအချိန်ခန့်မှ စတင်ကာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ထို့နောက် သံလွင်မြစ်အတွင်းသို့ ခုန်ချသွားသူအမျိုးသား၏ ရုပ်အလောင်းအား ည ၈ နာရီခန့်တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Read More

ဘီးလင်း – ဖာပွန်ကားလမ်း၊ ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတားမှာ ယနေ့ (မတ်လ (၆) ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ပျဉ်သာတံတားမှာ ဘီးလင်းမြို့မှ (၁၈ )မိုင်ခန့်အကွာ၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျည်သာကျေးရွာအနီး ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁၇/၇) နှင့် (၁၈/၀) ကြားရှိ တံတား (၆/၁၈) ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ဒီနေ့မနက် (၆) နာရီဝန်းကျင်အချိန်လောက်က ပေါက်ကွဲသံတွေ ကြားကြရတာ။ ပြီးမှ ပျဉ်သာကျေးရွာအနီးမှာရှိတဲ့ ပျဉ်သာတံတားပေါ့ဗျာ။ အဲဒီတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာလို့ သိကြရတယ်” ဟု ပြောကြားသည်။ အဆိုပါ ပျဉ်သာတံတားမှာ အရှည်ပေ (၁၂၀) ၊ တံတားအကျယ် (၂၄) ပေ ရှိ သံကူကွန်ကရစ်အမျိုးသား တံတားတစ်စင်းဖြစ်ကြောင်းနှင့် ပျဉ်သာတံတားမိုင်းခွဲဖျက်ဆီးခံလိုက်ရသည့်အတွက် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၈) ရက် မနက်စောပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇) နှင့် (၁၃၆/၀) ကြားရှိ တံတားအမှတ် (၄/၁၃၆) မိုးကောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် အလျား (၃၇) ပေခန့်၊ အကျယ် (၄၈) ပေခန့်ရှိ မိုးကောင်းတံတား တံတားတစ်စင်းလုံး…

Read More

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့သည် လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် – မန်စီးတီးပွဲအတွက် လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း သိရသည်။ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏ ပထမနှင့် ဒုတိယနေရာ၌ ရပ်တည်နေသော လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် လာမည့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်သည်။ ယင်းပွဲမှာ ချန်ပီယံဆုအတွက် အမှတ်လုပွဲဖြစ်သည့်အပြင် အိမ်ရှင်ပရိသတ်များက မန်စီးတီးအသင်း၏ ဘတ်စ်ကားကို တိုက်ခိုက်သည့်ဖြစ်ရပ်များ ရှိခဲ့ဖူးသည့်အတွက် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းပရိသတ်များသည် ၂၀၁၈ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် ရောက်ရှိလာသည့် မန်စီးတီးအသင်း၏ ဘတ်စ်ကားကို အရာဝတ္ထုပစ္စည်းအချို့ဖြင့် ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို၊ ပြီးခဲ့သည့်ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိလာစဉ်တွင်လည်း ပစ်ပေါက်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဆိုးရွားသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းမရှိစေရန်အတွက် မာဆေးဆိုက်ဒ် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အန်ဖီးလ်သို့ လာရောက်ကစားသည့် မန်ယူအသင်း၏ဘတ်စ်ကား တိုက်ခိုက်ခံရပြီး အသက် ၂၃ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း လီဗာပူးလ်အသင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် ယခုနောက်ပိုင်းကာလများတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်များဖြစ်လာသောကြောင့် ပရိသတ်များအကြား အားပြိုင်မှုများလည်း ပိုမြင့်တက်လာကြောင်း သိရသည်။

Read More

အာဆင်နယ်အသင်းသည် မတ်လ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းအား ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီးနောက်ခုနစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ သို့သော် အာဆင်နယ်နည်းပြ အာတီတာက လက်ရှိအ နေအထားကို မကျေနပ်နိုင်သေးဘဲ ကစားသမားများအား ဆက်လက်တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အနေဖြင့် ပထမပိုင်းတွင်ပင် ငါးဂိုး သွင်းယူခဲ့ပြီး အသင်းအတွက်ဂိုးများကို အော်ဒီဂွါ(၅ မိနစ်)၊ ဘိုဂလေ(၁၃ မိနစ် OG)၊ မာတင်နယ်လီ(၁၅ မိနစ်)၊ ဟာဗက်ဇ် (၂၅ မိနစ်)၊ ဒက်ကလန်ရိုက်(၃၉ မိနစ်)၊ ဘင် ၀ိှုက်(၅၈ မိနစ်)တို့က သွင်းပေးခဲ့ခြင်းဖြစ် သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲ ခုနစ်ပွဲဆက် အနိုင်ရရာတွင် ၃၁ ဂိုးအထိ သွင်းခဲ့ပြီး ၂၀၁၇-၁၈ ရာသီက မန်စီးတီးအသင်း ခုနစ်ပွဲဆက် အနိုင်ရခဲ့ရာ၌ ၂၈ ဂိုး သွင်းယူမှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ နည်းပြ အာတီတာလက်ထက် ပရီးမီးယားလိဂ် ၁၆၁ ပွဲတွင် ဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပြီး ဂွါဒီယိုလာ(၁၂၀ ပွဲ)၊ ယာဂန်ကလော့ပ်(၁၄၂ ပွဲ)၊ ပယ်လီဂရီနီ(၁၄၉ ပွဲ)တို့ပြီးနောက် အကောင်းဆုံးမှတ်တမ်း ဖြစ်ခဲ့သည်။ အာဆင်နယ်အနေဖြင့် Top-flight လိဂ်သမိုင်းတွင် ဘန်လေ(၁၉၆၁ စက်တင်ဘာလ)ပြီးနောက် အဝေးကွင်း သုံးပွဲဆက် ငါးဂိုးနှင့်အထက် သွင်းယူနိုင်သည့် ဒုတိယမြောက်အသင်း ဖြစ်လာပြီး အင်္ဂလိပ်ဘောလုံးလိဂ်သမိုင်းတွင် အဝေးကွင်း သုံးပွဲဆက် ငါးဂိုးနှင့်အထက်သွင်းကာ အနိုင်ရရှိသည့် ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့သည်။ အာဆင်နယ်တိုက်စစ် ကစားသမား ဆာကာသည် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အကြိမ် ၅၀…

Read More

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဆော်ဒီပရိုလိဂ်သည် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထက် ပြိုင်ဆိုင်မှု ပြင်းထန်သည်ဟု စီရော်နယ်လ်ဒို၏ မှတ်ချက်စကားအား ပြင်သစ်နှင့် ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ်က ပါးစပ်ပိတ်ထားသင့်ကြောင်း တုံ့ပြန်ခဲ့သည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဆော်ဒီလိဂ်သို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအတွင်း မာနေ၊ ဘန်ဇီမာ၊ နေမာစသည့် နာမည်ကျော် ကစားသမားများ ရောက်ရှိလာခဲ့သည်။ ပြင်သစ်တွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အသင်းမှာ နှစ်သင်း သို့မဟုတ် သုံးသင်းသာ ရှိသောကြောင့် ဆော်ဒီပရိုလိဂ်က ပိုပြီးပြိုင် ဆိုင်မှုပြင်းထန်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။ “ဆော်ဒီပရိုလိဂ်က လီဂူး-၂ ထက် ပိုကောင်းတယ်လို့ ခရစ္စတီယာနိုရော်နယ်လ်ဒို ပြောတာကြားရလို့ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်မိပါတယ်။ လီဂူး-၁ က ပေါ်တူဂီလိဂ်ထက် ပိုကောင်းလို့ ဒီလိုမှတ်ချက်ပေးဖို့ ရွေးချယ်ခဲ့တာလား။ လီဂူး-၁ မှာ မက်ဆီ ကစားခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကို များစွာလေးစားပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ပါးစပ်ကို ပိတ်ထားသင့်တယ်။ ဒါက လီဂူး-၁ အတွက် မမျှတပါဘူး”ဟု လီဘော့ဖ်က တုံ့ပြန်ခဲ့သည်။ ၂၀၁၂-၁၃ ကတည်းက ပြင်သစ်လီဂူးရာသီ ၁၁ ရာသီတွင် PSG က ကိုးကြိမ် ဗိုလ်စွဲခဲ့ပြီး မိုနာကိုနှင့် လိုင်လီအသင်းများက တစ်ကြိမ်စီ ချန်ပီယံဖြစ်ခဲ့သည်။ ယင်းကာလအတွင်း ဆော်ဒီလိဂ်၌ အယ်လ်ဟီလာ ငါးကြိမ်၊ အယ်လ်နာဆာက သုံးကြိမ်နှင့် အယ်လ်အာလီ၊ အယ်လ်ဖာတာ၊ အယ်လ်အစ်တီဟတ်က တစ်ကြိမ်စီ ဗိုလ်စွဲခဲ့သည်။

Read More

ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီယွန်းနှင့် ပတ်ဒရီတို့နှစ်ဦး ဒဏ်ရာထပ်မံရရှိသွားသဖြင့် ကွင်းလယ်ပိုင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အသင်းနည်းပြ ဇာဗီက ပြောကြားခဲ့သည်။ မတ် (၃) ရက် ညပိုင်းက ဘီလ်ဘာအိုအသင်းနှင့် ကစားခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်တွင် ဘာစီလိုနာအသင်း၏ အားထားရသည့်ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ နယ်သာလန်ကွင်းလယ်လူ ဒီယွန်း(၂၆ နှစ်)မှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း (၂၆) မိနစ်မှာပင် လူစားလဲခဲ့ရသည်။ စပိန်လူငယ်ကြယ်ပွင့် ပတ်ဒရီ (၂၁ နှစ်)မှာလည်း ကြွက်သားဒဏ်ရာကြောင့် ပထမပိုင်းမပြီးမီ (၄၅)မိနစ်တွင် လူစားလဲခဲ့ရသည်။ ဒီယွန်းမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့်ပင် စက်တင်ဘာမှ နိုဝင်ဘာအထိ နှစ်လကြာ အနားယူခဲ့ရပြီး ယခုတစ်ကြိမ်မှာလည်း ခြေချင်းဝတ်ခေါက်သွားခြင်းဖြစ်သည်။ ထို့ပြင် ပတ်ဒရီမှာ ယခုရာသီတွင် တတိယအကြိမ် ဒဏ်ရာရရှိခြင်းဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် သြဂုတ်မှ အောက်တိုဘာအထိ နှစ်လ၊ ကြွက်သားဒဏ်ရာကြောင့် ဒီဇင်ဘာမှ ဇန်နဝါရီအထိ သုံးပတ်ကြာ အနားယူခဲ့ရဖူးသည်။ ဇာဗီက ”ဒီဒဏ်ရာတွေက အသင်းကို ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖရန်ကီနဲ့ ပတ်ဒရီက ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတွက် အရေးပါတဲ့ ကစားသမားနှစ်ဦး ဖြစ်လို့ပါ။ ပတ်ဒရီက နောက်ဆုံးဒဏ်ရာရရှိပြီးနောက်ပိုင်း ပြန်ကောင်းလာပြီး ဒီတစ်ပတ်ထဲမှာ သေချာလေ့ကျင့်နိုင်ခဲ့တယ်။ ဒီဒဏ်ရာက စိတ်ပျက်စရာဖြစ်ပြီး ဖရန်ကီအတွက်လည်း အတူတူပါပဲ။ သူက ကျွန်တော်တို့ရဲ့ ကစားပုံမှာ အများကြီးပါဝင်တဲ့သူပါ။ သူတို့နှစ်ဦးက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူတို့ပုံစံကြည့်ရတာ မကောင်းပါဘူး။ ဒီနေ့ သူတို့ကို လက်လွှတ်ခဲ့ရသလို နောက်ထပ်လည်း လက်လွှတ်ရဦးမှာပါ။ မျှော်မှန်းထားတဲ့အချိန်ထက် ပိုနည်းဖို့တော့ မျှော်လင့်ပါတယ်”ဟု ညည်းတွားပြောဆိုခဲ့သည်။ ဘာစီလိုနာအသင်းတွင် ဂါဗီနှင့် ဘယ်လ်ဒီတို့လည်း…

Read More