Author: admin

အယ်လ်နာဆာအသင်း၏ တိုုက်စစ်မှူး စီရော်နယ်လ်ဒိုက အယ်လ်ရှာဘတ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ပရိသတ်များအား မဖွယ်မရာပြုလုပ်ပြခဲ့ခြင်းအတွက် မှားယွင်းကြောင်း ဝန်ခံခဲ့ပြီး ယင်းအပြုအမူမျိုး ဆော်ဒီနိုင်ငံတွင် ထပ်မလုပ်တော့ဟု ပြောကြားခဲ့သည်။ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်လက အယ်လ်ရှာဘတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်ပရိသတ်များက မက်ဆီ၏အမည်ကို အော်ဟစ်ကာ ၎င်းအား လှောင်ပြောင်ခဲ့သည့်အတွက် မဖွယ်မရာအပြုအမူ ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ၎င်းကို တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ချမှတ်အရေးယူခဲ့ပြီးဖြစ်သည်။ ယခုအခါ သတင်းစာရှင်းလင်းပွဲတွင် စီရော်နယ်လ်ဒိုက ”နိုင်ငံအားလုံးရဲ့ ယဉ်ကျေးမှုကို ကျွန်တော် လေးစားပါတယ်။ ဒီနေ့ကိုလည်း လေးစားမှုထားပါတယ်။ ဒါပေမဲ့ လူတွေက အမြဲတမ်းတော့ အမှန်ကို မမြင်နိုင်ပါဘူး။ ကျွန်တော် ပြောခဲ့ပြီးသလို ထပ်ပြီးပြောရမယ်ဆိုရင် ဒီလိုအပြုအမူမျိုး ဒီနိုင်ငံမှာ ထပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ ဥရောပမှာဆိုရင်တော့ ဒါက တကယ့်ကို သာမန်ပါပဲ။ တစ်ခါတစ်ရံမှာ စိတ်ခံစားချက်တွေက တချို့သော အမှားအယွင်းတွေကို ပြုလုပ်မိအောင် ဦးဆောင်သွားလေ့ရှိပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် စီရော်နယ်လ်ဒိုက မိမိ၏ အပြုအမူအပေါ် အထင်အမြင် လွဲမှားခြင်း ခံရလေ့ရှိသည်ဟုလည်း ဆိုခဲ့သည်။ စီရော်နယ်လ်ဒိုက ဆော်ဒီနိုင်ငံတွင် နေထိုင်ရသည့် အခြေအနေကိုရော၊ အယ်လ်နာဆာအသင်းအတွက် ကစားရသည့် အခြေအနေကိုပါ ပျော်ရွှင်နေပြီး ယခုရာသီ၌ မိမိတို့အသင်းအနေဖြင့် ပြိုင်ပွဲတိုင်းတွင် ဆုဖလားအောင်ပွဲ ရယူနိုင်သည့် အခွင့်အရေး ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Read More

ကိယက်ဗ်ဒေသရှိ လယ်ကွင်းတစ်ခုတွင် လိုင်မိုင်လာမာတင်နျူသည် စပါးများ အပြည့်ထည့်ထားသည့် ကျီများအနီးတွင် ရပ်နေခဲ့ကာ ယင်းစပါးများကို တင်ပို့ရန် ရည်ရွယ်ထားခဲ့သော်လည်း ပိုလန်နယ်စပ်၌ ပိတ်ဆို့မှုသည် ရုရှားနှင့်ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ခဲ့သော စျေးကွက်ကို ပိုမိုဆိုးရွားစေခဲ့သည်။ “ကျွန်မတို့ မရောင်းနိုင်တော့ပါဘူး”ဟု Kivshovata Agro လယ်ယာကုမ္ပဏီအကြီးအကဲ မာတင်နျူက ပြောပြခဲ့သည်။ အခြားယူကရိန်း ထုတ်လုပ်သူများကဲ့သို့ပင် မာတင်နျူသည် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်သော ပိုလန်၏ ပိတ်ဆို့မှုကို အဖြေရှာလျက်ရှိကာ ဥရောပသမဂ္ဂရှိ အခြားလယ်သမားများထံမှ ထောက်ပံ့ကူ ညီမှုကိုရရှိခဲ့သည်။“ဒီစပါးတွေအတွက် ပေးရတဲ့တန်ကြေးကို သူတို့နားမလည်ကြဘူး”ဟု ၎င်းက ဆိုသည်။ အီးယူလယ်သမားများကမူ ယူကရိန်းစပါးများ ဝင်ရောက်လာမှုကြောင့် စျေးနှုန်းများ ကျဆင်းခဲ့ပြီး သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်ရန် အီးယူကိုတောင်းဆိုခဲ့သည်။ စပါးစျေးနှုန်းများ အလွန်ကျဆင်းခဲ့သည်ကို မာတင်နျူက လက်ခံခဲ့သော်လည်း ယင်းအတွက် ယူကရိန်းတွင် တာဝန်ရှိသည်ဟူသည့် အချက်ကိုမူ ငြင်းဆိုခဲ့သည်။ ယင်းအစား မာတင်နျူ ပိုမိုစျေးသက်သာသော စပါးများဖြင့် နိုင်ငံတကာစျေးကွက်ကို ရုရှား၏ဆွဲချမှု အပါအဝင် ပြဿနာရပ်များကို ထောက်ပြပြောကြားခဲ့သည်။ ထို့ပြင် သူသည် အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးနှင့်ဓာတ်ဆီအတွက် ပိုမိုမြင့်မားသော ကုန်ကျ စရိတ်များကို ညည်းညူခဲ့ကာ စပါးစျေးနှုန်းများသည် ထုတ်လုပ်မှုကုန်ကျစရိတ်၏ ထက်ဝက်ကိုသာ ကာမိ ကြောင်း ပြောကြားခဲ့သည်။ ယင်းပိတ်ဆို့မှု၏ ရလဒ်အဖြစ် မာတင်နျူက ၎င်းထုတ်ကုန်များ၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ယခင်က တင်ပို့နေသည့် ပမာဏအား တင်ပို့ရန် ဆိုင်းငံ့မည်ဟု ဆုံးဖြတ်ခဲ့သည်။ မာတင်နျူက ၎င်းတွင် အခြားရွေးချယ်စရာမရှိကြောင်းနှင့် စျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး နယ်စပ်ပြန်လည် ဖွင့်ပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မတို့…

Read More

မြောက်ကိုရီးယားနိုင်ငံတွင် ချမှတ်ထားသော ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းများသည် ၎င်း၏စီးပွားရေးကို ဆက်လက်အထိနာစေကြောင်း အစီရင်ခံစာတစ်ရပ်တွင်ဖော်ပြထားသည်။ ခေါင်းဆောင် ကင်ဂျုံအွန်သည်ကပ်ရောဂါကို အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ၁၈ လကျော်အကြာတွင် COVID-19 ကို ထိန်းချုပ်ရန် ပြဋ္ဌာန်းထားသော တင်းကျပ်သည့် နယ်စပ်ထိန်းချုပ်မှုများသည် မြောက်ကို ရီးယား၏စီးပွားရေး ဆောင်ရွက်မှုများနှင့်အလွတ်သဘော ကုန်သွယ်မှုကွန်ရက်များကို ဆက်လက်အထိနာစေလျက်ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ပျံ့နှံ့လာသော COVID-19 သတင်းများအပေါ် အရေးတယူလုပ်ဆောင်သည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ကာ၎င်း၏နိုင်ငံကို ပြင်ပကမ္ဘာနှင့်၎င်းင်း၏စီးပွားရေး အသက်သွေးကြောဖြစ်သည့် တရုတ်နိုင်ငံတို့နှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ ပြုံယမ်းသည် တရုတ်နိုင်ငံမှ ကုန်စည်တင်ပို့မှုများကို နှစ်နှစ်ကြာဆိုင်းငံ့ခဲ့ချိိန်တွင် အာဏာပိုင်များသည် ကိုဗစ်ကူးစက်မှုမှကာကွယ်ရန်နိုင်ငံများအကြား အသွားအလာတစ်စုံတစ်ရာ ကန့်သတ်ရန်အတွက် နယ်စပ်အ တားအဆီးများကို တိုးမြှင့်ချထားသည့်အပြင် ယင်းစည်းမျဉ်းချိုးဖောက်သည့်လူများနှင့် တိရစ္ဆာန်များကို ပစ်သတ်ရန် အမိန့်ထုတ်ပြန်ထားသည်။ တရုတ်- မြောက်ကိုရီးယား နယ်စပ်ရှိနေရာခြောက်နေရာတွင် ဂြိုဟ်တုဓာတ်ပုံများ၌ ဖော်ပြချက်အရ ကပ်ရောဂါမတိုင်မီနယ်စပ်ခြံစည်းရိုးကို ကီလိုမီတာ ၂၃၀ အထိချ ထားသော်လည်း ၂၀၂၃ ခုနှစ်တွင် ၃၂၁ ကီလို မီတာအထိ ထပ်တိုးကာထားခဲ့သည်ဟု HRW ၏ မတ် ၇ ရက်က ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။ ရှိပြီးသား ခြံစည်းရိုးများတွင် စောင့်ကြည့်တာဝါများ၊ ကင်းတဲများ၊ခြံစည်းရိုးဒုတိ ယအလွှာနှင့်တတိယအလွှာကာရံမှုများစသဖြင့် အဆင့်မြှင့်တင်ခဲ့သည်ဟုဆိုသည်။ ယင်းနောက်ပိုင်းတွင် ပိုမိုတင်းကျပ်ထားသော နယ်စပ်လုံခြုံရေးသည် မြောက်ကိုရီးယားနိုင်ငံသားများအား ထွက်ခွာရန်မဖြစ်နိုင် လုနီးပါးဖြစ်စေခဲ့ကာ ပြည်ပြေးအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၁,၀၄၇ ဦးမှ ၂၀၂၁ ခုနှစ်တွင် ၆၃ ဦးအထိ သိသိသာသာကျဆင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်က…

Read More

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ် သဃ်န်းညီနောင်ကျေးရွာနှင့်ပတ်ဝန်းကျင်တွင် မတ်လ ၇ ရက် မှစတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် တော်ဝင်ထိုင်းတပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များက နယ်စပ်တလျှောက် လုံးခြုံရေးတိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ နယ်စပ်စည်းခြား သောင်ရင်းမြစ်နှင့်ထိစပ်နေသော မဲဆောက်အပါအဝင် ၅ မြို့နယ်အတွင်း ယန္တယားတပ်များနှင့်အတူ မတ်လ ၉ ရက်နေ့က လုံခြုံရေးလှည့် ဆောင်ရွက်နေသည်ဟု နယ်စပ်ဒေသ၌နေထိုင်သူတစ်ဦးကပြောသည်။ “ခု မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲက နယ်စပ်မျည်းနဲ့အရမ်းနီးတယ်၊ကြိုတင်ကာပွယ်တဲ့အနေနဲ့ ထိုင်းဘက်က နယ်စပ်ချင်းထိနေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတိုးမြှင့်တာဖြစ်မှာပါ။ပြီးတော့ စစ်ဘေးရှောင်တွေလည်း ရောက်လာနိုင်တယ်။ ထိုင်းဘက်ကတော့ စစ်ဘေးရှောင်တွေကို လက်မခံတာတော့ မရှိပါဘူး”ဟု မဲဆောက်မြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။ လက်ရှိအနေအထားအရ အခြေချစစ်ဗျူဟာ တည်ရှိရာ သဃ်န်းညီနောင်ပတ်ဝန်းကျင်တွင် သုံးရက်ဆက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် မြန်မာစစ်ဘေးရှောင်များ ထိုင်းနိုင်ငံဘက်သို့ရောက်ရှိလာနိုင်သည်ဟု ၄င်းကဆိုသည်။ ထိုင်း မြန်မာနယ်စပ်တလျှောက် မြန်မာနိုင်ငံ မြဝတီမြို့နယ်နှင့်ထိစပ်နေသော နယ်စပ် ၅ မြို့နယ်မှာ အုန်းဖန်၊ဖို့ဖတ်၊မဲဆောက်၊မယ်လမတ်၊ထာ့ဆောင်ရမ်း မြို့နယ်များဖြစ် ကြောင်းသိရသည်။

Read More

ထိုင်းနိုင်ငံ စမွတ်စခုံအခြေစိုက် ငါးဖမ်းလှေကြီးပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကြိုးများ ရစ်ပတ်မိပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ မြန်မာနိုင်ငံသား အောင်မိုး (၄၂ နှစ်) ဆိုသူဖြစ်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း ငါးဖမ်းဆီးနေစဉ် ပိုက်ကြိုးများနှင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်အောင် မတော်တဆ ရစ်ပတ်မိခဲ့ခြင်းဖြစ်ကြောင်း၊ ရေလုပ်သားများက ကူညီရန် ကြိုးစားသော်လည်း အသက်သေဆုံးသွားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။ ငါးဖမ်းစက်လှေမှာ တန်ချိန် ၆၀ ရှိ အကြီးစားငါးဖမ်းလှေကြီးဖြစ်ပြီး အလုပ်သမား ၃၀ လိုက်ပါခဲ့ကြောင်း၊ အလုပ်သမားများရှေ့တွင် အဆိုပါအဖြစ်အပျက်ဖြစ်ခဲ့သော်လည်း မကူညီနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ငါးဖမ်းစက်လှေထဲတွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏အလောင်းကို စမွတ်စခုံ ဆိပ်ကမ်းသို့ ပြန်သယ်ရန်ဝေးကွာသည်ဟုဆိုကာ တရတ်ခရိုင်ဆိပ်ကမ်းသို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၃ ရက်က တရတ်ခရိုင် ခလောင်ယိုင်မြို့နယ် ကန်ပါဟာဆိပ်ကမ်းတွင် ခလောင်ယိုင်ရဲတပ်ဖွဲ့က အလောင်းကို မှတ်တမ်းယူခြင်း၊ သက်သေရှာဖွေခြင်းများ လုပ်ဆောင်ကာ ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read More

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၇၀ ဦးလွတ်မြောက်ခဲ့ပြီး ပုဒ်မ – ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၁ ဦးပါဝင်လာကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာကြသူများမှာ ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၈ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား ၂၃၁ ဦး၊ အကျဉ်းသူ ၁၁၉ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အမျိုးသမီး ၃၅ ဦး၊ အင်္ဂဘိုနှင့် တောင်စွန်းအလုပ်စခန်းများမှ အကျဉ်းသား ၄၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ ၂၀ ဦးနှင့် အင်းဗြောင်အလုပ်စခန်းမှ ၁၁ ဦးတို့ ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။ ကျိုက်မရောအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်လာကြောင်း၊ အလားတူ သထုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံ နေရသူ အမျိုးသား ရှစ်ဦး ပါဝင်လာကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။…

Read More

ဘာစီလိုနာအသင်းသည် ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားအား လာမည့် ၂၀၂၄ နွေရာသီတွင် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း Sport က ဖော်ပြခဲ့သည်။ အသက် (၃၀)နှစ် အရွယ်ရှိ ဒီဘားလားသည် ရိုးမားအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေသော်လည်း လာမည့်နွေတွင် ပြည်ပကလပ်အသင်းထံသို့ ယူရို (၁၂) သန်းဖြင့် ပြောင်းရွှေ့ခွင့်ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် ဒီဘားလားကို ခေါ်ယူရန် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ ဘာစီလိုနာအသင်းက ၎င်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း Sport က ဖော်ပြခဲ့သည်။ လက်ရှိတွင် ဒီဘားလားအား ခေါ်ယူရန် ဘာစီလိုနာအပြင် အက်သလက်တီကိုနှင့် ဝက်စ်ဟမ်း အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ဒီဘားလားအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ရိုးမားအသင်းတွင် ရရှိနေသည့်လစာထက် လျှော့ယူရဖွယ်ရှိကြောင်းလည်း သိရသည်။ ဒီဘားလားသည် ရိုးမားအသင်းအတွက် ယခုရာသီတွင် ပြိုင်ပွဲစုံ၂၇ ပွဲ ကစားထားပြီး (၁၄) ဂိုး သွင်းယူထားသည်။

Read More

အသက် ၅၈ နှစ်ပြည့်တော့မည့် ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်နှင့် အသက် ၂၇ နှစ်သာရှိသေးသူ YouTuber ဂျိတ်ပေါလ်တို့ ဇူလိုင် ၂၀ ရက်တွင် လက်ဝှေ့ ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ အသက်အရွယ်နှင့် သမ္ဘာအရ ကွာခြားလွန်းသည့် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်မှာ သရုပ်ပြပွဲ သို့မဟုတ် ပရော်ဖက်ရှင်နယ်ပွဲ မည်သည့်ပုံစံဖြင့် ကျင်းပမည်ကို အတိအကျမသိရသေးဘဲ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT & T Stadium ၌ ကျင်းပ၍ Netflix မှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယင်းပွဲစဉ်နှင့်ပတ်သက်၍ ဂျိတ်ပေါလ် က “ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာဖို့က ကျွန်တော့်ရည်မှန်းချက်ပါ။ အခုအချိန်မှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးဝိတ်တန်းချန်ပီယံ၊ ကမ္ဘာပေါ်မှာ အကြမ်းဆုံးလူသား၊ သမိုင်းတစ်လျှောက် အန္တရာယ်အရှိဆုံး လက်ဝှေ့ သမားနဲ့ ရင်ဆိုင်ပြီး သက်သေပြဖို့ ကျွန်တော့်မှာ အခွင့်အရေးရှိနေပါပြီ။ သံမဏိမိုက်ကို အိပ်စက်ခိုင်းဖို့ အချိန်တန်ပါပြီ” ဟု လူမှုမီဒီယာ X မှတစ်ဆင့် ပြောကြားခဲ့သည်။ ဂျိတ်ပေါလ်သည် YouTube တွင် Subscribers သန်း ၂၀ ကျော်ရှိသည့် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပြီး အပျော်တမ်း လက်ဝှေ့ပွဲစဉ်တစ်ပွဲနှင့် ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲစဉ် ၁၀ ပွဲ ထိုးသတ်ထားသည်။ ၎င်းသည် ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း ထိုး သတ်ထားသည့် ၁၀ ပွဲတွင် ကိုးပွဲနိုင်၊ တစ်ပွဲ သာ ရှုံးနိမ့်ကာ ၎င်းအနိုင်ရထားသည့် ကစားသမားများအနက် UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံဟောင်း…

Read More

ချယ်လ်ဆီးအသင်းအနေဖြင့် အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ပထမဆုံးရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ရာသီတွင် ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီဦးဆောင်သည့် BlueCo လုပ်ငန်းစုသည် ၂၀၂၂ ခုနှစ် မေလတွင် ချယ်လ်ဆီးအသင်းအား ပေါင် ၄ ဒသမ ၂၅ ဘီလျံဖြင့် ဝယ်ယူခဲ့သလို အပြောင်းအရွှေ့ကာလလေးခု (၂၀၂၂ နွေ ရာသီ၊ ၂၀၂၃ ဇန်နဝါရီ၊ ၂၀၂၃ နွေရာသီ၊ ၂၀၂၄ ဇန်နဝါရီ) အတွင်း ပေါင်တစ်ဘီလျံ ကျော်အထိ အသုံးပြု၍ ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သည်။ ၂၀၂၂- ၂၀၂၃ ရာသီအတွက် ဘဏ္ဍာရေးစာရင်းကို မတ် ၇ ရက်တွင်ထုတ်ပြန်ရာ ချယ်လ်ဆီး အသင်းအနေဖြင့် ပေါင် ၉၀ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက် နောက်ဆုံးရာသီတွင် ပေါင် ၁၂၁ ဒသမ ၄ သန်း အရှုံးပေါ်ထားကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘဏ္ဍာရေးစည်းမျဉ်းအရ ကလပ်အသင်းများအား နောက်ဆုံးသုံးရာသီအတွင်း ပေါင် ၁၀၅ သန်း အရှုံးမပေါ်စေရန် သတ်မှတ်ထားသည်။ လက်ရှိအခြေအနေအရ အဆိုပါစည်းမျဉ်းနှင့် ငြိစွန်းနိုင်ဖွယ်ရှိနေသော်လည်း ချယ်လ်ဆီး အသင်းကမူ ဘဏ္ဍာရေးစည်းမျဉ်းလိုက်နာရန် နှင့် ကွင်းတွင်းအောင်မြင်မှု ဟန်ချက်ညီစေရန် ကြိုးပမ်းလျက်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “အသင်းအနေနဲ့ UEFA (ဥရောပဘောလုံးအဖွဲ့ချုပ်) နဲ့ ပရီးမီးယားလိဂ်တို့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့အတူ…

Read More

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် ဆုဖလားအောင်မြင်မှုနှင့်ပတ်သက်၍ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်၏ ပြောကြားမှုကိုတုံ့ပြန်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် အပြိုင်ဖြစ်နေသည့် လီဗာပူးလ် နှင့် မန်စီးတီးအသင်းသည် ယခုတစ်ပတ် ပွဲစဉ် ၂၈ အဖြစ် ယနေ့ မြန်မာစံတော် ချိန် ည ၁၀ နာရီ ၁၅ မိနစ်တွင် အန်ဖီးလ်ကွင်း ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပွဲ မတိုင်မီ နှစ်ဖက်အသင်းကစားသမားများအကြား အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုများ ရှိနေပြီး အာနိုးလ်က လီဗာပူးလ်နှင့် မန်စီးတီး အသင်းတို့အကြား ဘဏ္ဍာရေးအခြေအနေ ကွာခြားမှုကြောင့် မိမိတို့ရရှိထားသည့် ဆုဖလားအောင်မြင်မှုမှာ ပိုမိုလေးနက်သည့် အဓိပ္ပာယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားမှုအပေါ် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ဖလားသုံးလုံးအောင်မြင်မှုကို အာနိုးလ်ခံစားဖူးမည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို ကွင်းလယ်လူ ဒီယက်စ်ကလည်း ယင်းကဲ့သို့လုပ်နိုင်ချိန်မှသာ သိလိမ့်မည်ဟု ပြောကြားခဲ့သည်။ သို့ဖြစ်ရာ သတင်းစာရှင်းလင်းပွဲတွင် အာနိုးလ်၏ပြောကြားမှုအကြောင်း မေးမြန်းစဉ် ဂွါဒီယိုလာက “သူအမြန်ဆုံးပြန်ကောင်းလာစေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ကွင်းထဲကို အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အာလင်း (ဟာလန်း) နဲ့ ရူဘင် (ဒီယက်စ်) တို့ရဲ့ ပြောစကားတွေကြောင့် သူတို့တိုက်ခိုက်ချင်နေပြီလို့ ခင်ဗျားထင်နေတာပါ။ ဒီလိုပြောဆိုတာတွေမရှိရင် ကျွန်တော်တို့က မတိုက်ခိုက်တော့ဘူးလား။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်တွေမှာဖြစ်ခဲ့သလိုမျိုး ကောင်းမွန်တဲ့ပွဲတစ်ပွဲ ဖြစ်စေဖို့ ကြိုးစားသွားမှာပါ” ဟု ဖြေကြားခဲ့သည်။ ထို့ပြင် ယခုရာသီကုန်တွင် လီဗာပူးလ် အသင်းနှင့်လမ်းခွဲတော့မည့် ယာဂန်ကလော့ပ် နည်းပြလောကသို့ ပြန်လာနိုင်မည့်အခြေအနေနှင့်ပတ်သက်၍ ဂွါဒီယိုလာက “သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားမှုရှိပါတယ်။…

Read More