မြောက်ကိုရီးယားနိုင်ငံတွင် ချမှတ်ထားသော ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းများသည် ၎င်း၏စီးပွားရေးကို ဆက်လက်အထိနာစေကြောင်း အစီရင်ခံစာတစ်ရပ်တွင်ဖော်ပြထားသည်။
ခေါင်းဆောင် ကင်ဂျုံအွန်သည်ကပ်ရောဂါကို အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ၁၈ လကျော်အကြာတွင် COVID-19 ကို ထိန်းချုပ်ရန် ပြဋ္ဌာန်းထားသော တင်းကျပ်သည့် နယ်စပ်ထိန်းချုပ်မှုများသည် မြောက်ကို ရီးယား၏စီးပွားရေး ဆောင်ရွက်မှုများနှင့်အလွတ်သဘော ကုန်သွယ်မှုကွန်ရက်များကို ဆက်လက်အထိနာစေလျက်ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ပျံ့နှံ့လာသော COVID-19 သတင်းများအပေါ် အရေးတယူလုပ်ဆောင်သည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ကာ၎င်း၏နိုင်ငံကို ပြင်ပကမ္ဘာနှင့်၎င်းင်း၏စီးပွားရေး အသက်သွေးကြောဖြစ်သည့် တရုတ်နိုင်ငံတို့နှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။
ပြုံယမ်းသည် တရုတ်နိုင်ငံမှ ကုန်စည်တင်ပို့မှုများကို နှစ်နှစ်ကြာဆိုင်းငံ့ခဲ့ချိိန်တွင် အာဏာပိုင်များသည် ကိုဗစ်ကူးစက်မှုမှကာကွယ်ရန်နိုင်ငံများအကြား အသွားအလာတစ်စုံတစ်ရာ ကန့်သတ်ရန်အတွက် နယ်စပ်အ တားအဆီးများကို တိုးမြှင့်ချထားသည့်အပြင် ယင်းစည်းမျဉ်းချိုးဖောက်သည့်လူများနှင့် တိရစ္ဆာန်များကို ပစ်သတ်ရန် အမိန့်ထုတ်ပြန်ထားသည်။
တရုတ်- မြောက်ကိုရီးယား နယ်စပ်ရှိနေရာခြောက်နေရာတွင် ဂြိုဟ်တုဓာတ်ပုံများ၌ ဖော်ပြချက်အရ ကပ်ရောဂါမတိုင်မီနယ်စပ်ခြံစည်းရိုးကို ကီလိုမီတာ ၂၃၀ အထိချ ထားသော်လည်း ၂၀၂၃ ခုနှစ်တွင် ၃၂၁ ကီလို မီတာအထိ ထပ်တိုးကာထားခဲ့သည်ဟု HRW ၏ မတ် ၇ ရက်က ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။
ရှိပြီးသား ခြံစည်းရိုးများတွင် စောင့်ကြည့်တာဝါများ၊ ကင်းတဲများ၊ခြံစည်းရိုးဒုတိ ယအလွှာနှင့်တတိယအလွှာကာရံမှုများစသဖြင့် အဆင့်မြှင့်တင်ခဲ့သည်ဟုဆိုသည်။
ယင်းနောက်ပိုင်းတွင် ပိုမိုတင်းကျပ်ထားသော နယ်စပ်လုံခြုံရေးသည် မြောက်ကိုရီးယားနိုင်ငံသားများအား ထွက်ခွာရန်မဖြစ်နိုင် လုနီးပါးဖြစ်စေခဲ့ကာ ပြည်ပြေးအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၁,၀၄၇ ဦးမှ ၂၀၂၁ ခုနှစ်တွင် ၆၃ ဦးအထိ သိသိသာသာကျဆင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်က ၁၉၆ ဦးရှိခဲ့သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
“အစိုးရရဲ့ လူဦးရေထိန်းချုပ်မှုစဉ်ဆက် မပြတ်လုပ်ဆောင်မှု၊ COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ကာလကြာရှည်တုံ့ပြန် ဆောင်ရွက်မှုနဲ့ နျူကလီးယားလက်နက်စွမ်းဆောင်ရည်ကို တိုးချဲ့မှုတွေအပြင် ကုလလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ပြင်းထန်တဲ့ ပြင်ပဖိအားတွေ ပေါင်းစပ်လိုက်တဲ့အခါ သီးခြားနိုင်ငံဖြစ်နေတဲ့ မြောက်ကိုရီးယားကို ပိုပြီးသီးခြားဆန်စေတဲ့အပြင် ပိုပြီးဖိနှိပ်စေပါတယ်”ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
ကပ်ရောဂါကာလအတွင်း နယ်စပ်ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် တာဝန်ရှိသူများသည် မြောက်ကိုရီးယားနိုင်ငံသားများအား အစိုးရ၏နေ့စဉ်ဘဝကန့်သတ် ချက်များကို ရှောင်လွှဲနိုင်စေခဲ့ပြီး လွတ်လပ်စွာသွားလာခွင့်နှင့်တရားဝင်နှင့် တရားဝင်မဟုတ်သော စျေးများတွင် ပစ္စည်းများဝယ်ယူ ခွင့်ပြုထားသည့် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းမှစပြီး လာဘ်ပေးလာဘ်ယူမှုများကို နှိမ်နင်းခဲ့သည်ဟု HRW ကဆိုသည်။
“အလွတ်သဘောကုန်သည်တွေဟာ သူတို့လက်နဲ့အလွယ်တကူသယ်သွားနိုင်တဲ့ပစ္စည်း ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှ ဖွက်ယူနိုင်တဲ့ သေးငယ်တဲ့အထုတ်လေးတွေကိုပဲရနိုင်ပါတော့တယ်”ဟု ဆိုးလ်အခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Unification Media Group၏ ညွှန်ကြားရေးမှူးလီ ကွမ်ဘက်ကဆိုသည်။