Author: admin

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်၊ ဝင်ရောက်ကြမည့်သူများ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဟု ထိုင်းနိုင်ငံဘက်မှ အသိပေးပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်သူများ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဘုရားသုံးဆူမြို့အနှံ့တွင်သောင်တင်နေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၁၀)ရက်က နစကမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုပြဌာန်းခဲ့ပြီးနောက် မြန်မာနိုင်ငံသားအများအပြားမှာ ဘုရားသုံးဆူမြို့မှတဆင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာရန်၊ ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာနေကြကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ဘုရားသုံးဆူကတဆင့် ထိုင်းဘက်ကို တက်မယ့်သူတွေက ထောင်နဲ့ချီပြီးတော့ကိုရှိနေတယ်။ ထိုင်းဘက်ကိုလည်း ဝင်ဖို့ကမလွယ်နေတော့ ဘုရားသုံးဆူမြို့မှာဘဲ နေနေကြရတယ်။ မြို့မှာရှိတဲ့ တည်းခိုခန်းတွေ၊ တည်းခိုဆောင်တွေ၊ ဘုရားကျောင်းတွေအပြင်ကို ဂျပန်ရေတွင်းဘက်က ခြံတွေမှာလည်း နေနေကြတာမျိုးတွေ့ရတယ်” ဟု ပြောကြားသည်။ ထိုင်းအာဏာပိုင်များက တရားမဝင်ဝင်ရောက်လာသူများအား ဥပဒေအရအရေးယူမည်ဟု အသိပေးပြောဆိုလာပြီးနောက် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ကြမည့်သူများအနေဖြင့် ဘုရားသုံးဆူမြို့တွင် သောင်တင်နေကြကြောင်းလည်း ၎င်းကဆိုသည်။ ဘုရားသုံးဆူမြို့အနှံ့ ရှိနေကြသည့် ခရီးသွားအများစုမှာ ပွဲစားများမှတဆင့် မြို့သို့ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့တွင်နေထိုင်ရသည့်ရက်ကြာလာသည်နှင့်အမျှ စားရေးသောက်ရေးနှင့် နေရေးထိုင်ရေးခက်ခဲလာနေကြောင်းလည်း ပွဲစားများထံမှ သိရသည်။ “ဒီတလောမှာ မြန်မာဘက်ကနေ ထိုင်းဘက်ကို တက်မယ့်သူတွေက တစ်ရက်ကိုအယောက်(၁၀၀) မကရှိတယ်။ တစ်ရက်ကို (၁၀) ယောက်လောက်ကိုဘဲ ထိုင်းဘဲကို ခိုးသွင်းလို့ရတော့ ကျန်တဲ့သူတွေက ဘုရားသုံးဆူမှာ ပုံနေတယ်”ဟု ပွဲစားတစ်ဦးက ပြောကြားသည်။ ဘုရားသုံးဆူဒေသအတွင်း ယခင်က မြန်မာနိုင်ငံဘက်ကမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လိုသူများအနေဖြင့် ပွဲစားကြေး မြန်မာကျပ်ငွေ(၁၀)သိန်းကျော်သာပေးသွင်းရသော်လည်း ယခုလက်ရှိအချိန်တွင် ကျပ်သိန်း (၄၀) အထိ ပေးသွင်းနေရကြောင်း ပွဲစားများ၏ ပြောကြားချက်များအရ သိရသည်။

Read More

ယူနန် – ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရေးကိစ္စများ စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Wang Yu Bo နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Wang Yu Bo က မြန်မာနှင့် တရုတ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရန်ကုန်မြို့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့တို့ ညီအစ်မမြို့တော် ထူထောင်ထားရာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုကိစ္စရပ်များ၊ ယူနန် – ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရေးကိစ္စများအပါအဝင် အနာဂတ်တွင် လုပ်ငန်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မြှင့်တင်သွားနိုင်ရေး ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့သည် ၁၉၉၇ ခုနှစ်တွင် ယန်ကျိုး၊ ၂၀၀၈ ခုနှစ်တွင် ကူမင်း၊ ၂၀၀၉ ခုနှစ်တွင် နန်နင်းမြို့များနှင့် ညီအစ်မမြို့တော်များအဖြစ် ထူထောင်ထားရှိကြောင်း၊ လက်ရှိတွင် ချုံချင်း၊ ဖူကျိုးမြို့တို့နှင့်လည်း ချစ်ကြည်ရေးမြို့တော်အဖြစ် စာချွန်လွှာ ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံ ဆက်ဆံရေးများစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူ ၆၂၂ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၄၂၃ ခု ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိရာ စက်မှုကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Read More

မြန်မာနိုင်ငံသား ခုနစ်ထောင်ကျော် ထိုင်းဗီဇာရရှိရန် လာရောက်လျှောက်ထားခဲ့ပြီး မတ် ၁ ရက်အထိ ကြိုတင်ရက်ချိန်းများ ပြည့်နေကြောင်း ထိုင်းသံရုံးက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။ ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းများမှာလည်း မတ် ၁ ရက်အထိ ပြည့်နေပြီး ထပ်တိုးလာရန်ရှိနေကြောင်း ထိုင်းသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ကြာသပတေးနေ့က ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ဗီဇာလျှောက်ထားသူ များပြားလာမှုမှာ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် စစ်မှုထမ်းဥပဒေနှင့် သက်ဆိုင်ခြင်းရှိမရှိကို မပြောနိုင်ကြောင်း သူမက ဆက်လက်ပြောကြားသည်ဟု သတင်းတွင် ရေးသားထားသည်။ ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အရေးယူမည်ဖြစ်ပြီး တရားဝင်ဝင်ရောက်လာသူများကို ကြို ဆိုနေမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ “သူတို့ဟာ နိုင်ငံကို တရားဝင် ဝင်ရောက်လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်တော့ သူတို့ကို တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော်ဟာ လုံခြုံရေးဌာနတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြောကြားခဲ့သည်။ မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင်ငံသားများထံ အလုပ်အကိုင်များကို ရယူသွားလိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီးချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်းကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ထိုင်းဗီဇာလျှောက်ထားမှု ပုံစံနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်နေပြီး တစ်ရက်လျှင်…

Read More

လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုသည် အသင်းဟောင်း လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်တို့၏ နည်းပြရာထူးအတွက် ရေပန်းစားနေခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ အလွန်ဆိုသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်၏နေရာ၌ အစားထိုးခန့်အပ်ခံရရန် ရေပန်းစားနေသည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းကလည်း နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်နှင့် ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့ပြီးနောက် အလွန်ဆိုမှာ ယင်းရာထူးအတွက်ပါ ရေပန်းစားလာခြင်း ဖြစ်သည်။ ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် အလွန်ဆိုက “ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ခင်ဗျားဆီမှာ မေးခွန်းတွေရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒါနဲ့ပတ်သက်ပြီး အသစ်ပြောပြစရာမရှိပါဘူး။ အဲဒီကိစ္စကို ကျွန်တော် ကြိုပြီးပြောပြချင်တာပါ။ အခုအချိန်မှာ ကျွန်တော်က ဒီအသင်းရဲ့နည်းပြအဖြစ်ရှိနေတယ်ဆိုတာ သေချာပါတယ်။ အနာဂတ်အတွက် ကျွန်တော့်မှာ ပြောပြစရာအသစ်မရှိသေးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ဒီလိုထင်ကြေးတွေက ကျွန်တော့်အတွက် ပြ ဿနာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်က ကိုယ့်အသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ဖို့ဆိုတာ သိပါတယ်။ အဲဒါက ကျွန်တော့် အလုပ်ပါ။ အခုလောလောဆယ်မှာ ကျွန်တော်တို့က အခြေအနေကောင်းမွန်နေပြီး အဲဒါကို ဆက်ထိန်းထားချင်ပါတယ်။ မေးခွန်းတွေရှိနေတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး” ဟု ဖြေကြားခဲ့သည်။ အလွန်ဆို (၄၂ နှစ်) သည် လီဗာပူးလ် အသင်းတွင် ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အထိ ငါးရာသီကစားခဲ့ဖူးပြီး FA ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလား တစ်ကြိမ်စီ၊ ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အထိ သုံးရာသီကစားခဲ့ဖူးပြီး ဘွန်ဒစ်လီဂါချန်ပီယံ သုံးကြိမ်၊ ဂျာမန်ဖလား…

Read More

ဖူလ်ဟမ်အသင်းဒုဥက္ကဋ္ဌဖြစ်သူ တိုနီခန်းက အသင်းကွင်းလယ်ကစားသမား ပယ်လ်ဟင်ညာအတွက် ကမ်းလှမ်းမှုများကို စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေါ်တူဂီကွင်းလယ်ကစားသမား ပယ်လ်ဟင်ညာ(၂၈ နှစ်)သည် ပြီးခဲ့သည့်ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ရန်နီးစပ်ခဲ့ပြီး ယခုအခါ ၎င်းကိုခေါ်ယူရန် လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ တိုနီခန်းက “ပယ်လ်ဟင်ညာက အသင်းရဲ့အဓိက ကစားသမားပါ။ ဒါပေမဲ့ ထိုက်တန်တဲ့ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။ ဖူလ်ဟမ်အသင်းသည် ပယ်လ်ဟင်ညာ အတွက် ပေါင်သန်း (၉၀) အထိ အလိုရှိနေကြောင်း သိရှိရသည်။ ပယ်လ်ဟင်ညာသည် ဖူလ်ဟမ်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူပေးထားသည်။

Read More

ချယ်လ်ဆီးတိုက်စစ်ကစားသမား စတာ လင်က မိမိတို့အသင်းအနေဖြင့် လိဂ်ဖလား ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့သည် ၂၀၂၃-၂၄ ရာသီ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ၉း၃၀) တွင် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်ရှိ စတာလင်သည် လီဗာပူးလ်အကယ်ဒမီထွက်ဖြစ်ပြီး လီဗာပူးလ်အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၅ နွေရာသီတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ စတာလင်သည် မန်စီးတီးအသင်းတွင် ခုနစ်ရာသီကြာကစားခဲ့ပြီး ၂၀၂၂ နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်အတူ လိဂ်ဖလား ငါးကြိမ်အထိ ရယူဖူးပြီး ယခုအခါ ခြောက်ကြိမ်မြောက်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ စတာလင်က “လိဂ်ဖလားသာရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်။ ဖလားဆိုတာ ရပြီးရင် ထပ်လိုချင်တဲ့အရာမျိုးဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲက ခက်ခဲမှာ သေချာပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်္ဂလန်မှာ လွှမ်းမိုးမှုအရှိဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ အဲဒီလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရတာ ကျွန်တော်တို့ စိန်ခေါ်မှုကောင်းတစ်ခုပါပဲ။ အဲဒီပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ဖလားရခဲ့မယ်ဆိုရင် အသင်းရဲ့ ယုံကြည်မှု မြင့်တက်လာပြီး ဖလားတွေ ပိုလိုချင်လာမှာပါ”ဟု ပြောကြားခဲ့သည်။

Read More

အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ်ကျခံရမည့် ဒန်နီအဲလ်ဗတ်စ်က နစ်နာသူအမျိုးသမီးထံပေးရမည့် ဒဏ်ကြေးယူရိုတစ်သိန်းခွဲကို ဘရာဇီးလ်အသင်းဖော်ဟောင်း နေမာက ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။ အသက် ၄၀ ရှိပြီဖြစ်သည့် ဘရာဇီးလ်နောက်ခံလူဟောင်း အဲလ်ဗတ်စ်သည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုစွဲချက်အတွက် အပြစ်ရှိကြောင်း စပိန်တရားရုံးက ဖေဖော်ဝါရီ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ထောင် ဒဏ်လေးနှစ်ခွဲကျခံရမည့်အပြင် နစ်နာသူ အမျိုးသမီးအား ယူရိုတစ်သိန်းခွဲပေးအပ်ရမည်ဖြစ်သည်။ ယင်းဒဏ်ကြေးကို နေမာ၏ မိသားစုက ကူညီပေးအပ်ခဲ့ကြောင်း ဘရာဇီးလ်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။ နေမာနှင့် အဲလ်ဗတ်စ်သည် ဘရာဇီးလ်လက်ရွေးစင်အသင်းအပြင် ဘာစီလိုနာနှင့် PSG အသင်းတွင်လည်း အတူတွဲဖက်ကစားခဲ့ဖူးသူများဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၏ အာဏာရ အလုပ်သမားပါတီ (PT) ဥက္ကဋ္ဌ ဟော့ဖ်မန်း ကမူ အဲလ်ဗတ်စ်အတွက် နေမာ၏ကူညီမှုကို ဝေဖန်ပြစ်တင်ခဲ့သည်။ အဲလ်ဗတ်စ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ဘာစီလိုနာမြို့ရှိ နိုက်ကလပ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကတည်းက အာမခံမရဘဲ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ အဲလ်ဗတ်စ်က အဓမ္မပြုကျင့်မှုစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး နှစ်ဦးသဘောတူ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းအနေဖြင့် ထောင်ဒဏ် ကိုးနှစ်မှ ၁၂ နှစ်အထိ ကျခံရနိုင်သော်လည်း တရားရုံးက လေးနှစ်ခွဲသာချမှတ်ခဲ့ခြင်းဖြစ်သည်။ အဲလ်ဗတ်စ်၏ရှေ့နေကမူ ယခုပြစ်ဒဏ်အတွက် အယူခံဝင်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။

Read More

ဘောလိဝုဒ်လောက၏ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်သည့် ဒီပီကာပါဒူကွန်သည် လက်ရှိတွင် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်က ဒုတိယလေးလပတ်ထဲရှိပြီဟု သိရသည်။ဒီပီကာသည် မကြာသေးမီက လန် ဒန်တွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (BAFTA သို့ တက်ရောက်ကာ ဒေးဗစ်ဘက်ခမ်း ၊ ဒူအာလီပါတို့နှင့် တွဲဖက်ပြီး အစီအစဉ်တင်ဆက်သူနေရာမှ ပါဝင်ပေးခဲ့သည်။ ဒီပီကာသည် ရုပ်ရှင်မင်းသားရန်ဗီဆင်းနှင့် ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်က အီတလီတွင် လက်ထပ်ခဲ့သည်။ လက်မထပ်မီ ခြောက်နှစ်တွဲခဲ့ကြပြီး ဒါရိုက်တာဆန် ဂျေးလီလာဘန်ဆာလီ ရိုက်ကူးသည့် အချစ်ကား Goliyon Ki Rasleela Ram-Leela ရိုက်ကွင်းတွင် နှစ်ဦးသား စဆုံခဲ့ကြသည်။ Padmaavat ဇာတ်ကားတွင်လည်း သူတို့စုံတွဲ သရုပ်ဆောင်ထားသည်။ မနှစ်က နိုဝင်ဘာတွင် သူတို့နှစ်ဦး မင်္ဂလာနှစ်ပတ်လည် ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဘယ်လ်ဂျီယံတွင်ဆင်နွှဲခဲ့ကြသည်။ ပြီးခဲ့သည့်လက Vogue Singapore နှင့် အင်တာဗျူးတွင် ဒီပီကာက “မိခင်ဘဝကို မျှော်လင့်ထားလား”ဟု အမေးခံရစဉ် “ဒါပေါ့ ၊ ရန်ဗီရော ကျွန်မရော ကလေးချစ်တတ်တယ်။ ကိုယ်ပိုင်မိသားစုလေး ဖြစ်လာမဲ့နေ့ကိုလည်း မျှော်နေတယ်”ဟု ပြန်ဖြေခဲ့သည်။ မိသားစုအကြောင်းကိုလည်း အင်တာဗျူးတွင် ဒီပီကာက ပြောပြခဲ့ပြီး “အဒေါ်တွေ ၊ ဦးလေးတွေ ၊ မိသားစုမိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ သူတို့အမြဲပြောတယ်။ ကျွန်မက နည်းနည်းလေးမှ မပြောင်းလဲဘူးတဲ့။ အိမ်မှာဆိုရင်လည်း ဘယ်သူကမှ ကျွန်မကို ဆယ်လီအနေနဲ့ မဆက်ဆံဘူး။ ကျွန်မက သမီးဆို လည်းဟုတ်တယ်။ အစ်မနေရာကလည်း…

Read More

မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများက ပြောကြားသည်။ အသက် ၆၀ နှစ်ရှိ တာကီရှီအီဘီဆာဝါသည် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိသော မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုကူးသူ ပုံစံဟန်ဆောင်ထားသော အသွင်ယူမူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန (DEA) အေးဂျင့်ထံ နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ၏ နမူနာများကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာခဲ့သည်ဟု ဖက်ဒရယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နျူကလီးယားလက်နက် ထုတ်လုပ်ရာအသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ယင်းနမူနာများထဲတွင် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိသည့် ပလူတိုနီယမ်များကို နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ စွပ်စွဲထားချက်အရ မူးယစ်ဆေးဝါးများ၊ လက်နက်များ၊ နျူကလီးယား လက်နက်ထုတ်လုပ်သော ကုန်ကြမ်းပစ္စည်းများ မှောင်ခိုကူးသည့် ဤအမှုတွင်ပါဝင်နေသော တရားခံများသည် အီရန်က ယင်းကုန်ကြမ်းများကို နျူကလီးယား လက်နက်များအတွက် အသုံးပြုလိမ့်မည်ဟု အပြည့်အဝမျှော်လင့်လျက် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယမ်တို့ကို ကမ်းလှမ်းခြင်းဖြစ်သည်ဟု ဖေ‌ဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်တွင် DEA အုပ်ချုပ်ရေးမှူး အန်းမိုင်ဂရမ်းက ဖော်ပြခဲ့သည်။ “ဒါဟာ လူ့အသက်တွေကို လုံးဝအလေးမထားဘဲ လုပ်ဆောင်နေတဲ့ မူးယစ်မှောင်ခိုကူးသူတွေရဲ့ဆိုးယုတ်တဲ့ ထူးခြား သာဓကတစ်ခုဖြစ်ပါတယ်”ဟု မိုင်ဂရမ်းကဖော်ပြခဲ့သည်။ နျူကလီးယားကုန်ကြမ်းပစ္စည်းများသည် မြန်မာနိုင်ငံတွင် ယူရေနီယမ် တူးဖော်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ အမည်မဖော်ထုတ်နိုင်သော ခေါင်းဆောင်တစ်ဦးထံမှ လာခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အမည်ဖော်ပြထားခြင်းမရှိသည့် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက နူကလီးယား လက်နက်ထုတ်လုပ်နိုင်သည့် ပစ္စည်းများရောင်းချပေးရန် ပြောဆိုခဲ့သည်ဟု…

Read More

တရုတ်နိုင်ငံ တောင်ပိုင်းတစ်ဝန်းတွင် အပူချိန်များ ကျဆင်းနေပြီး ပေကျင်းမြို့တော်တွင် နှင်းများထူထပ်စွာ ကျဆင်းနေချိန်တွင် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် အမြင့်ဆုံးမိုးလေဝသ သတိပေးချက်များ ထုတ်ပြန်ထားသည်။ လက်ရှိအပူချိန် သုညဒီဂရီဆဲလ်စီးယက်စ်ရှိနေသည့် နိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၂၃ ရက်မတိုင်မီ အပူချိန်သည် ခြောက်ဒီဂရီမှ ၁၂ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းနိုင်သည်ဟု သတိပေးထားပြီးအာ ဏာပိုင်များက နိုင်ငံ၏ သတိပေးချက်အဆင့် သုံးဆင့်တွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ အချို့နေရာများတွင် အပူချိန်သည် ၂၀ ဒီဂရီဆဲလ်စီးယက်စ်ကျော်အထိ ပိုမိုကျဆင်းနိုင်ကြောင်း အမျိုးသားမိုးလေဝသစင်တာ (NMC) က လူမှုမီဒီယာတွင် ထုတ်ပြန်ကြေညာထားသည်။ NMC က ဒေသခံအစိုးရများအနေဖြင့် အလွန်အေးသောရာသီဥတုအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် တိုက်တွန်းခဲ့ပြီး ပြည်သူများအနေဖြင့် ပိုမိုနွေးထွေးသော နေရာများတွင် နေထိုင်ကြရန် အကြံပြုထားကာ ကောက်ပဲသီးနှံများနှင့် ပင်လယ်စာထုတ်ကုန်များကို ကာကွယ်ရန်အတွက် လိုအပ် သောစီမံချက်များကို ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက်၌ အပူချိန်သုညဒီ ဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းခဲ့သော ပေကျင်းမြို့တော်တွင် တစ်ညလုံး နှင်းထူထပ်စွာ ကျဆင်းခဲ့သောကြောင့် ဒေသခံများသည် နှင်းများဖုံးလွှမ်းနေသော နံနက်ခင်းအချိန်ကို နိုးထခဲ့ရသည်။ မြို့၏ အဝေးပြေးလမ်းများတွင် မော်တော်ယာဉ်များ နှေးကွေးစွာ သွားလာနေကြပြီး လူသွားလမ်းများတွင်လည်း နှင်းများဖုံး အုပ်နေသောကြောင့် လမ်းလျှောက်သွားလာသူများနှင့် စက်ဘီးစီးနင်းသူများအတွက်အ ခက်အခဲဖြစ်နေခဲ့သည်။ အချို့မြို့ပြနေရာများတွင် နှင်းထု ၄ ဒသမ ၁ စင်တီမီတာအထိ ကျဆင်းနိုင်သောကြောင့် အာဏာပိုင်များက ရေခဲဖုံးလွှမ်းနေသော…

Read More