Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဂျီ၂၀ ဘဏ္ဍာရေးဝန်ကြီးများသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘရာဇီးနိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနှင့်ဂါဇာတို့တွင် ဖြစ်ပွားနေသော စစ်ပွဲများအပါအဝင် ပဋိပက္ခများနှင့် အကျပ်အတည်းများ၏ ခြိမ်းခြောက်မှုများကြောင့် အခြေတည်စ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုကို ကျားကန်ပေးရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးတွင် ယူကရိန်းစစ်ပွဲသည် အဓိကဆွေးနွေးသည့် အကြောင်းအရာဖြစ်ခဲ့သည်။ ထို့အပြင် ဂျီရ နိုင်ငံများသည် ရုရှားကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းအား အနောက်အုပ်စု၏ ပံ့ပိုးမှု အ နေအထားများကိုလည်း ဆွေးနွေးမည်ဟု သိရသည်။ ယူကရိန်းအတွက် အကူအညီများ တိုးမြှင့်ရန် သိမ်းဆည်းထားသော ရုရှားပိုင်ဆိုင်ပစ္စည်းများကို အသုံးပြုရေးအတွက် အရေးကြီးသော အဆိုပြုချက်တစ်ရပ်ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဂျာနတ်ရယ်လန်က ဆော်သြခဲ့သည်။ ရယ်လန်၊ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာရေး၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့အကြီးအကဲ ခရစ္စတယ်လီနာဂျော်ဂျီဗာ၊ စီးပွားရေးဆိုင်ရာ မူဝါဒဖော်ဆောင်သူများသည် ဆောပိုလိုမြို့တွင် ကျင်းပသည့် နှစ်ရက်ကြာ အစည်းအဝေးကို တက်ရောက်နေကြသော်လည်း ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့က ဘဏ္ဍာရေးဝန်ကြီးများသည် အစည်းအဝေးကို တက်ရောက်ခြင်းမရှိဟု အစည်းအဝေးပွဲ စီစဉ်သူများက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ အိမ်ရှင်ဖြစ်သော ဘရာဇီး၏ ဘဏ္ဍာရေးဝန်ကြီးဖာနန်ဒို ဟက်ဒက်က ကိုဗစ်ဖြစ်ပွားခဲ့ပြီးနောက် အစည်းအဝေးကို ဗီဒီယိုကွန်ဖရန့်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်ဟု စီစဉ်သူများက ပြောသည်။ နေထိုင်မှုစရိတ် ပြဿနာများ၊ ရာသီဥတုပြောင်းလဲမှု၊အရှေ့အလယ်ပိုင်း ပဋိပက္ခတို့ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးဆိုင်ရာ အန္တရာယ်များသည် အစည်းအဝေးတွင် ဆွေးနွေး လျက်ရှိသည့် အကြောင်းအရာများဖြစ်သည် ဟု ဆိုသည်။ ယင်းအစည်းအဝေးကို ဂျီ၂၀ အုပ်စုဝင်နိုင်ငံများက ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများ တက်ရောက်လျက်ရှိသည်။…
Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) မာ့ခ်ဇူကာဘက်က ဂျပန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ နှင့်တွေ့ဆုံကာ AI နည်းပညာ၏ အန္တရာယ် များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ဇူကာဘက်သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက တောင်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးနောက် ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ ဝင်ရောက်မည့် ခရီးစဉ်များအပါအဝင် အသေးစား အာရှခရီးစဉ်ကို စတင်ခဲ့သည်။ အသက် ၃၉ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် ဇူကာဘက်သည် ၎င်း၏ မိသားစုနှင့်အတူ နှင်းလျှောစီးခြင်း၊ ကျွမ်းကျင်ပညာရှင် ပန်းပဲဆရာတစ်ဦးထံမှ ဓားပြုလုပ်သည့် အတတ်ပညာကို လေ့လာခြင်းတို့ အပါအဝင် ဂျပန်တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။ ဇူကာဘက်သည် ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကိုရီးယားမှ ဂျပန်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဝန်ကြီးချုပ် ကီရှီဒါနှင့် တွေ့ဆုံ ကာ AI နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ထိုနည်းပညာနှင့်ဆက်စပ်သည့် အန္တရာယ်များ အပါအဝင် AI နှင့်ပတ်သက်သည့် အကြောင်းအရာ အများအပြားကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်ဟု ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ AI အပါအဝင် အနာဂတ်နည်းပညာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်” ဟု ဇူကာဘက်က ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံတွင်…
အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် ရန်ကုန်တိုင်းတွင် မြို့နယ်အချို့၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ မြို့နယ်အချို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ ” မီးကလာရမယ့်အချိန်ကို ခဏလာတယ်။ ပြီးတာနဲ့ ပြန်ပြတ်သွားရော။ လေးနာရီအလှည့်ကျ လာရမယ့်အချိန်မှာ မလာတာတွေ ဖြစ်လာတယ်။ ပြတ်ရမယ့်အချိန်ကတော့ ပိုဆိုးတာပေါ့” ဟု ဒေါပုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ ဒေါပုံ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ လှိုင်၊ လသာ၊ မရမ်းကုန်း အစရှိသည့်မြို့နယ်များတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဓာတ်အားလိုင်းတည်ဆောက်ခြင်းများ၊ တိုးချဲ့သွယ်တန်းထားသည့် ထရန်စဖော်မာများကို ဓာတ်အားသွယ်တန်းခြင်းများ ပြုလုပ်မည်ဖြစ်သဖြင့် နေရာအချို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ ရန်ကုန်-မန္တလေးအမြန်လမ်း၊ 66/11kV, 20MVA GIS ဓာတ်အားခွဲရုံအား ဓာတ်အားပေးနိုင်ရန် 66kV ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် 66kV လှော်ကား – လှည်းကူး – ရွှေပေါက္ကံ ဖီဒါအား ဖေဖော်ဝါရီ ၂၉ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် လှည်းကူး၊ ဖောင်ကြီးမြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်နေရာအချို့နှင့် ရွှေပေါက္ကံစက်မှုဇုန်တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။ ထို့ပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ 66/11kV,(20)MVA ယုဇနဓာတ်အားခွဲရုံတွင် တိုးချဲ့တည်ဆောက်ထားသော 66/11kV,(20)MVA ထရန်စဖော်မာ(၁)လုံးအား ဓာတ်အားဆက်သွယ်ခြင်းလုပ်ငန်း…
၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက အဆင့် ၈ တွင်ရှိနေကြောင်း ဆန်စပါးအကြောင်းများ ရေးသားဖော်ပြလျက်ရှိသည့် Statista က ထုတ်ပြန်ရေးသားထားသည်။ ဆန်တင်ပို့မှုအများဆုံးဖြစ်သည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၁၆ ဒသမ ၅ မီလျံ မက်ထရစ်တန်ဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကာ ၈ ဒသမ ၂ မီလျံမက်ထရစ်တန် တင်ပို့ခဲ့ကြောင်း သိရသည်။ တတိယဆန်တင်ပို့မှုအများဆုံးနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး ၇ ဒသမ ၆ မီလျံမက်ထရစ်တန်၊ စတုတ္ထအများဆုံးတင်ပို့သည့်နိုင်ငံမှာ ပါကစ္စတန်ဖြစ်ကာ ၅ မီလျံမက်ထရစ်တန်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံတွင် အဆင့် ၈ တွင်ရှိနေကာ ဆန်တန်ချိန် ၁ ဒသ ၈ မီလျံမက်ထရစ်တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊အမေရိကန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘရာဇီးလ်နှင့် ဥရုဂွေးနိုင်ငံတို့ဖြစ်ကြောင်း Statista က ဖော်ပြထားသည်။ လာမည့်နှစ်တွင် ဆန်တင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံရရှိရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မီဒီယာအချို့တွင် ဖြေကြားထားသည်။
လေးရှားတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများ ဒဏ်ကြေးရင်းဂစ် ၅၀၀ ပေးဆောင်ပါက မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုမည်ဟု မလေးရှားအစိုးရက ကြေညာကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ မတ် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် မြန်မာအပါအဝင် နိုင်ငံခြားသားများကို မူရင်းနိုင်ငံထံ နိုင်ငံကူးလက်မှတ်၊ CI ၊ အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်ကာ ၁၄ ရက်အတွင်း နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်သည်။ ယင်းသို့ ထုတ်ပြန်ထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင်မြန်မာလုပ်သားများအနေဖြင့် သံရုံးသို့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်ပါက သက်သေခံလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မလေးရှားအစိုးရက ဖြေလျှော့ပေးခဲ့သည့် သတ်မှတ်ကာလအတွင်း တရားမဝင်မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsapp no. +60 11 2510 5774 သို့ အကြောင်းကြားဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားသည်။ မလေးရှားအစိုးရအနေဖြင့် မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို အော်ပရာစီဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မြန်မာလုပ်သားအများအပြား ဖမ်းဆီးခံခဲ့ရသည်။
မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်အနေဖြင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းအား အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိမိအနေဖြင့် ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်း ရက်ကလစ်ဖ်နှင့် အဖွဲ့၏ယုံကြည်မှုကို ရရှိထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်နှင့် ၎င်း၏ INEOS အဖွဲ့သည် မန်ယူအသင်း၏ ရှယ်ယာ (၂၇.၇) ရာခိုင်နှုန်းကို ပေါင် (၁.၃) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေပြီး အသင်းနည်းပြ တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။ ယင်းအခြေအနေတွင် အသင်းပူးတွဲပိုင်ရှင်ဖြစ်လာသည့် ရက်ကလစ်ဖ်သည် ယခုရာသီကုန်တွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ ၎င်းနေရာတွင် အသင်းလက်မဲ့ဖြစ်နေသည့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို အစားထိုးခန့်အပ်သွားရန် ဆန္ဒရှိနေကြောင်း ပြင်သစ်မီဒီယာ Foot Mercato က ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ သတင်းများထွက်ပေါ်နေသော်လည်း တန်ဟက်ဂ်ကမူ ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်းနှင့် အသင်းပူးတွဲပိုင်ရှင်သစ်၏ယုံကြည်မှုကို ရရှိထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တန်ဟက်ဂ်က ”ကျွန်တော့်ရဲ့ စာချုပ်က (၃) နှစ် ချုပ်ဆိုထားတာပါ။ ဒါကြောင့် ကျွန်တော် စိတ်မပူပါဘူး။ အသင်းတိုးတက်ရေးကိုပဲ အာရုံစိုက်ထားပြီး ကျန်တာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ရက်ကလစ်ဖ်၊ ဘရေ့စ်ဖို့ဒ်တို့နဲ့ ကျွန်တော် စကားအများကြီး ပြောပြီးပါပြီ။ ကျွန်တော့်အပေါ် သူတို့ယုံကြည်မှုအပြည့်ရှိတယ်လို့ ခံစားရပါတယ်”ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့် (၆)နေရာ ရောက်ရှိနေသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်…
အက်သလက်တီကိုအသင်း ဥက္ကဋ္ဌ စီရီဇိုက လာမည့်နွေရာသီတွင် မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းထံသို့ ရောက်ရှိလာမည့် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘာပေ (၂၅ နှစ်)သည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများထွက်ပေါ် နေသည်။ စီရီဇိုက “ထိပ်တန်းကစားသမားတွေ စပိန်လာလီဂါကို ရောက်လာတာက ကျွန်တော်တို့အတွက် အမြဲတမ်းကောင်းပါတယ်။ ရီးယဲလ်၊ ဘာစီလိုနာ၊ ကော်ဒိုဘာ ဘယ်အသင်းကိုပဲ ရောက်ရောက်ပေါ့။ ကျွန်တော်တို့ လိဂ်မှာ ဘာပေလိုကစားသမားမျိုးရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ သူသာ ရောက်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ”ဟု ပြောကြားခဲ့သည်။ ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၃၂) ဂိုးအထိ သွင်းယူထားသည်။
မန်ယူအသင်းတွင် အသင်းနည်းပြ တန်ဟက်ဂ်နှင့် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့အကြား ဆက်ဆံရေးပြိုကွဲမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရှိရသည်။ အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၃၅)ပွဲတွင် (၁၇)ဂိုးသွင်းယူခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ် (၂၅) ပွဲတွင် (၅) ဂိုးသာသွင်းထားပြီး ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။ ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီ (၂၈) ရက်က နယူးပို့တ်အသင်းကို အနိုင်ရခဲ့သည့် FA ဖလားပွဲမတိုင်မီတွင် နိုက်ကလပ်၌ ညလုံးပေါက်ပျော်ပါးခဲ့မှုကြောင့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့သလို၊ နယူးပို့တ်နှင့်ပွဲကိုပါ လွဲချော်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယင်းအတွက် ပေါင် (၆၅၀၀၀၀) ဒဏ်တပ် ရိုက်ခံခဲ့ရကြောင်း သိရှိရသည်။ The Sun ၏ ဖော်ပြချက်အရ ယင်းပြဿနာဖြစ်ပွားပြီးနောက် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်နှင့် ရပ်ရှ်ဖို့ဒ်တို့အကြား စကားပြောဆိုမှုမှာ မရှိသလောက်ဖြစ်နေပြီး ၎င်းတို့၏ဆက်ဆံရေးပြိုကွဲမည်ကို အသင်းဝန်ထမ်းများအကြား စိတ်ပူမှုများ ရှိနေကြောင်း သိရှိရသည်။ နိုက်ကလပ်တွင် ပျော်ပါးခဲ့သည့် ရပ်ရှ်ဖို့ဒ်၏ လုပ်ရပ်မှာ နည်းပြနှင့် အသင်းဖော်များအပေါ် လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခံရခဲ့ပြီး တန်ဟက်ဂ်ကမူ ထိုစဉ်က ရပ်ရှ်ဖို့ဒ်နှင့် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးတိုက်စစ်မှူး ဟာလန်းက လူတန်အသင်းအား (၆-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဦးတည်း (၅) ဂိုးသွင်းပြီးနောက် မိမိတို့အသင်းလာပြီဟု ပြိုင်ဘက်အသင်းများကို သတိပေးပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် FA ဖလားပဉ္စမအဆင့်ပွဲစဉ်၌ လူတန်အသင်းကို (၆-၂) ဂိုးဖြင့် အနိုင်ရသည်။ ယင်းပွဲတွင် မန်စီးတီးအတွက် ဂိုးများကို ဟာလန်း (၅ ဂိုး)နှင့် ကိုဗာချစ်တို့က သွင်းယူခဲ့ကြသည်။ ယင်းပွဲအပြီးတွင် ဟာလန်းက မိမိပြန်လာပြီဖြစ်ကြောင်းနှင့် မိမိ၏ ကြံ့ခိုင်မှုမှာ (၁၀၀) ရာခိုင်နှုန်းပြန်လည် ပြည့်ဝလာပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဟာလန်းက “လာပါပြီ။ ကျွန်တော်တို့ လာပါပြီ။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုလား။ အကောင်းဆုံးပုံစံကို ကျွန်တော် ပြန်ရပါပြီ။ နောက်ဆုံးတော့ ကျွန်တော့်အနေနဲ့ အကောင်းဆုံးခံစားမှုကို ပြန်ရနေပြီး ရှေ့လာမယ့်ပွဲ တွေအတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်က ဆစ်ဒနီတွင် ဓာတ်ပုံဆရာတစ်ဦးကို တေလာဆွစ်၏ဖခင် စကော့ဆွစ်က ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဆွစ်တို့ဘက်က ပါပါရာဇီများကို အပြစ်တင်စကားများဖြင့် တုံ့ပြန်ခဲ့သည်။ ရန်ပွဲက သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် ဆွစ်ဖျော်ဖြေပွဲပြီးသွားပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တေလာဆွစ်၏ ပြောခွင့်ရှိသူတစ်ဦးကမူ ဓာတ်ပုံဆရာက ဆွစ်နှင့်အခြွေအရံများကို ရန်မူခဲ့သည်ဟု ဆိုသည်။“လူနှစ်ဦးက အားနဲ့မာန်နဲ့ ဆွစ်ဘက်ကို တိုးလာတယ်။ လုံခြုံရေးဝန်ထမ်းကိုလည်း ဖမ်းဆုပ်လိုက်တယ်။ အမျိုးသမီးအဖွဲ့သားတစ်ဦးကိုလည်း ရေထဲတွန်းချမယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောကြောင်း The Mirror ကဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့က ရန်ပွဲတစ်ခုကို စုံစမ်းစစ်ဆေးနေသည်ဟု အတည်ပြုကြေညာသော်လည်း ရန်ပွဲတွင်ပါဝင်ခဲ့သူများ၏ အမည်များကို ထုတ်မပြောဘဲ ၊ အသက် ၇၁ နှစ် အရွယ်အမျိုးသားက အသက် ၅၁ နှစ်အရွယ် အမျိုးသားကို လက်ပါခဲ့သည့်အမှုဟုသာ ပြောသည်။သို့သော် ဆေးကုသရသည့်အထိ မလိုခဲ့ဟု ဆိုသည်။ Sky News ရုပ်သံဖော်ပြချက်တွင်မူ ၎င်းရန်ပွဲတွင် ဆွစ်၏ဖခင်စကော့ပါသည်ဟု ဆိုပြီး လက်ပါခံရသည့် ဓာတ်ပုံဆရာက Matrix Medai Group ၏ အလုပ်အမှုဆောင်ချုပ် ဘန်မက်ဒေါ်နယ်ဆိုသူဖြစ်သည် ဟု ဆိုသည်။ ဆွစ်တို့သားအဖ ရွက်လှေတစ်စီးပေါ်မှ ဆင်းလာချိန် မက်ဒေါ်နယ်က ဓာတ်ပုံများ ရိုက်နေခဲ့ပြီး ဆွစ်၏ နောက်လိုက် အပေါင်းအပါအများက ထီးများဖြင့် ကာပေးခဲ့ကြသည်။ မက်ဒေါ်နယ်က ၎င်း၏မျက်နှာကို စကော့ကထိုးခဲ့ပြီး အလုပ်လုပ်လာသည့် ၂၃ နှစ်တာ ကာလအတွင်း မျက်နှာကို အထိုးခံရရန် မပြောနှင့် ၊…