Author: admin

မြန်မာနိုင်ငံ၏ချမ်းသာသော အထက်တန်းလွှာများသည် ထိုင်းအိမ်ခြံမြေစျေးကွက်တွင် မထင်မှတ်ဘဲ အများဆုံးဝယ်ယူသူများ ဖြစ်ခဲ့ရာ တရုတ်၊ ရုရှား သူဌေးများထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု အိမ်ခြံမြေအချက်အလက် ဌာန(REIC) ကဖော်ပြခဲ့သည်။ ကော်လီယာအိမ်ခြံမြေလုပ်ငန်း၏ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံမှ အသုံးအစွဲများ ပြားသော ဝယ်လက်များသည် ထိုင်းမြို့ ကြီး များတွင် တန်ဖိုးကြီးအိမ်ခြံမြေများကို ဝယ်ယူ ခဲ့ကြသည်ဟုဆိုသည်။ အစိုးရအိမ်ရာဘဏ်၏ အိမ်ခြံမြေ သ တင်းအချက်အလက်ဌာန (REIC) သည် များပြားလှသည့် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများကို ဖော်ပြခဲ့သည်ဟု ကော်လီယာ၌ ဒုတိယ စီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် ဆောင်ရွက်နေ သူ ကာလိုပိုဘရီက ပြောကြားခဲ့သည်။ “မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်တို့မှာ အိမ်ခြံမြေဝယ်တာတွေ ကို နှစ်သက်ကြောင်း တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော နှစ်တွင် ထိုင်းအိမ်ခြံမြေစျေးကွက်၌ ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံ သုံးစွဲခဲ့သည်ဟု REIC အချက်အလက်များတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထဲ တွင် မြန်မာနိုင်ငံသားများသည် အများဆုံးသုံးစွဲသူ စာရင်း၌ တတိယနေရာတွင် ရပ်တည်ခဲ့သည် ဟု ဆိုသည်။ တရုတ်နှင့်ရုရှား ဝယ်လက်များ ထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံက ချမ်းသာသူများသည် ဘန်ကောက်မြို့၏အဓိကနေရာများတွင်ရှိ သော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူ ခဲ့ကြသည်ဟု ပိုဘရီက ပြောကြားခဲ့ပြီး ယင်းကွန်ဒိုများသည်စျေးနှုန်း ဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟု ဆိုသည်။ ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေးတို့လို အကောင်းစား…

Read More

ယူကရိန်းအား စစ်ပွဲဆင်နွှဲနေသည့် ရုရှားအားအထောက်အကူပေးရန် ဇူလိုင်လနောက်ပိုင်း သန်းနှင့်ချီသည့် စစ်လက်နက်ခဲယမ်းများပါဝင်သည့် ကွန်တိန်နာ ၆,၇၀၀ ခန့်ကို မြောက်ကိုရီးယားက ရုရှားထံပေးပို့ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ အဆိုကိုကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းကွန်တိန်နာများသည် ၁၅၂ မမ အမြောက်ကျည် သုံးသန်းကျော် သို့မဟုတ် ၁၂၂ မမ အမြောက်ကျည် ငါးသိန်းခန့်အား သယ်ဆောင်ခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်က ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။ “အမျိုးအစားနှစ်မျိုး ရောနှောပေးပို့တာဖြစ်နိုင်ပါတယ်။ အနည်းဆုံး သန်းနဲ့ချီတဲ့အမြောက်ဆန်တွေ ပေးပို့ခဲ့တာလို့ ပြောနိုင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။ ရာနှင့်ချီသည့် မြောက်ကိုရီးယား လက်နက်ခဲယမ်း စက်ရုံများသည် ကုန်ကြမ်းပြတ်လပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ၎င်းတို့လည်ပတ်ထုတ်လုပ်နိုင်စွမ်း၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ လည်ပတ်နေသော်လည်း ရုရှားအတွက် အမြောက်ကျည်ထုတ်ပေးနေသည့် စက်ရုံများမှာမူ အင်ပြည့်အားပြည့် လည်ပတ်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပြီး သတင်းရင်းမြစ်နှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ခြင်းမရှိပေ။ မြောက်ကိုရီးယားနှင့် ရုရှားသည် စစ်လက်နက်များ အပြန်အလှန် ဖလှယ်နေသည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်က စွပ်စွဲထားပြီး ယူကရိန်းအား တိုက်ခိုက်ရန် ရုရှားအား စစ်လက်နက်များ ပေးပို့နေသည့် မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနှင့် ရုရှားက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြုထားသော်လည်း ယင်းစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။ မြောက်ကိုရီးယားသည် စက်တင်ဘာလနောက်ပိုင်း ရုရှားထံ စစ်လက်နက်ခဲယမ်းများ သို့မဟုတ် ဆက်စပ်ပစ္စည်းများပါဝင်သည့် ကွန်တိန်နာ…

Read More

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော ငါးစင်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ထိုင်ဝမ်၏ ကင်မန်ကျွန်းစုတစ်ဝိုက်ရှိ တားမြစ်ထားသော ရေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ထိုင်ဝမ်ဘက်က သတိပေးပြီးနောက် ချက် ချင်းပြန်ထွက်ခွာသွားကြောင်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ ဆက်တိုက်မြင့်တက်နေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တားမြစ်ထားသည့် ရေပိုင်နက်ထဲသို့ဝင်လာသည့် တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးခဲ့ရာတွင် တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်အတွင်း ကင်းလှည့်လည်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု တရုတ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး ယခုလထဲတွင် ထိုင်ဝမ်က ထိန်းချုပ်ထားသည့် ကင်မန်ကျွန်းစုတစ်ဝိုက်တွင် တရုတ်ကမ်းခြေစောင့် တပ်က ပုံမှန်ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုင်ဝမ်ကမ်းခြေစောင့်တပ်က တရုတ်သင်္ဘောများကို ပြန်လည်ထွက်ခွာရန် သတိပေးပြီးနောက် ၎င်းသင်္ဘောများသည် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားသည်ဟု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ကို ကြီးကြပ်ရသည့် ပင်လယ်သမုဒ္ဒရာရေးရာကောင်စီအကြီးအကဲ ခွမ်ပိလင်က သတင်းထောက်များကို ပြော ကြားခဲ့သည်။ “နိုင်ငံရေးအရ အရေးပါမှုကြီးမားတဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာတဲ့ပုံစံတစ်မျိုးဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။ တရုတ်၏ ထိုင်ဝမ်ရေးရာဌာနကမူ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်မည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမည်ဟု သိရသည်။ ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်ကအခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။ ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်သည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိဒုသမ္မတလိုင်ချင်းတယ် အနိုင်ရခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ်တိုးမြှင့်ဖိအားပေးရန် ကြိုးပမ်းမှုများကို ထိုုင်ဝမ်ဘက်က သတိဖြင့်…

Read More

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်း ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး စက် သုံးဆီတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိ သည့်အတွက် မော်လမြိုင်မြို့တွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားနေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့သို့ ဝင်ရောက်မည့် စက်သုံးဆီတင် ယာဉ်များ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်း တံတားထိပ်တွင် ပိတ်မိနေသည့်အတွက် စက် သုံးဆီတင်ယာဉ်များ မော်လမြိုင်မြို့သို့ ဝင်ရောက်လာနိုင်ခြင်းမရှိသေးကြောင်း မော်လ မြိုင်မြို့မှ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “မနက်ပိုင်းက တည်းက ဆိုင်မှာရှိတဲ့ လက်ကျန် ဓာတ်ဆီတွေ အကုန်လုံးရောင်းကုန်သွားပြီ။ ဒီဇယ်တော့ ကျန်သေးတယ်။ လူတွေက စိတ်ပူပြီး ဆီလာ ထည့်ကြတော့ ဆီပြတ်သွားတာပါ”ဟု ပြော ကြားသည်။ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်အစော ပိုင်းအချိန်ကတည်းက စက်သုံးဆီဝယ်ယူရန် တန်းဆီစောင့်ဆိုင်းမှုများရှိကြောင်းလည်း မြို့ခံများက ဆိုသည်။ “ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ် က မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်းကြားပြီးတာနဲ့ စက်သုံးဆီပြတ် မှာစိုးရိမ်ပြီး ဆီဆိုင်တွေမှာ သွားတန်းစီနေကြ တာမျိုးတွေ့ရတယ်။ တချို့ ဆီဆိုင်တွေက လည်း ရောင်းကုန်သွားပြီလို့ ကြေညာထားတာ မျိုးတွေ့ရတယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။ အဆိုပါ မိုးကောင်းတံတား မိုင်းခွဲဖျက် ဆီးခံခဲ့ရသည့်အတွက် စက်သုံးဆီသယ်ယာဉ် များအပါအဝင် ကုန်တင်ယာဉ်ကြီးများ ဖြတ် သန်းသွားလာနိုင်ခြင်းမရှိတော့ကြောင်းနှင့် မော်တော်ယာဉ်ငယ်များအနေဖြင့် ကျေးရွာ တွင်းလမ်းများမှတစ်ဆင့် ဖြတ်သန်းသွားလာ…

Read More

သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုရားအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားမှာ ယနေ့ ( ဖေဖော်ဝါရီ ၂၈) ရက် နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လတ်တလော ကုန်တင်ယာဉ်ကြီးများသွားလာ၍ မရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၃ နာရီခွဲခန့်က ပေါက်ကွဲသံ ကြားခဲ့ရကြောင်း နှင့် မနက်မှ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ကို သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်းကဆက်လက်ပြီး “တံတားတစ်ခုလုံးပျက်စီး သွားတာ။ ကုန်တင်ယာဉ်တွေတော့ သွားလာလို့ မရနိုင်တော့ဘူး။ အိမ်စီးကားတွေကတော့ ရွာလမ်းထဲက ဖြတ်လို့ရသေးတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။ မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်းများ ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်းလည်း ၎င်းဒေသခံကဆိုသည်။ မိုင်းခွဲဖျက်စီး ခံခဲ့ရသည့် တံတားအမှတ် ၄/၁၃၆ မိုးကောင်းတံတားမှာ ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ် (၁၃၅ / ၇ နှင့် ၁၃၆ / ၀ ကြား) တွင်တည်ရှိပြီး ခန့်မှန်း အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်၊ နံနက်အစောပိုင်းကလည်း ရန်ကုန် – မော်လမြိုင်ကားလမ်း ပေါ်တွင်ရှိသည့် ကျုံအိတ်တံတား မှာလည်း မိုင်းခွဲဖျက်စီး ခံခဲ့ရကြောင်း သိရသည်။

Read More

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တစ်လကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ၉၄၀၀၀ ကျော် ရှိလာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၄၀ သေဆုံးပြီး ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားများ ထိခိုက်သေဆုံးရသည့် အကြောင်းရင်းများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများ ပါဝင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၉၀ ကျော်၊ လက်နက်ကြီးပစ်ခတ်မှု ၈၀၀ ကျော်၊ အရပ်သားအဆောက်အအုံ ပျက်စီးမှု ၁၀၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံပျက်စီးမှု ၁၂ လုံး ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပအိုဝ်းလူငယ် အစည်းအရုံး(PYO) အနေဖြင့် လက်လှမ်းမှီရရှိသည့် မြေပြင်သတင်းအချက်အလက်များနှင့် အွန်လိုင်းသတင်းအချက်အလက်များအပေါ်တွင် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း…

Read More

ဖေဖော်ဝါရီလ ၂၅ ရက်က လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို၏အနာဂတ်မှာ ပိုမိုဖိအားများလာပြီး ဥရောပဝင်ခွင့်ရရှိမှုက အဆုံးအဖြတ်ပေးဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ယင်းသတင်းတွင် ချယ်လ်ဆီးအသင်းသည် ပိုချက်တီနို၏နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီလူမျိုးနည်းပြ ရူဘင်အမော်ရင်မ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။ အသက် ၅၁ နှစ်ရှိ ပိုချက်တီနိုအနေဖြင့် ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးဖလားနှင့် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ခဲ့သော်လည်း လီဗာပူးလ်အသင်းကို အချိန်ပိုဒုတိယပိုင်းတွင် ဗန်ဒိုက်သွင်းယူသည့်ခေါင်းတိုက်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ပိုချက်တီနိုကို ပြီးခဲ့သည့်နွေရာသီက နှစ်နှစ်စာချုပ် ချုပ်ဆိုကာ တစ်နှစ်သက်တမ်းတိုးခွင့်ရှိ သည့်အချက်ကိုလည်း စာချုပ်တွင် ထည့်သွင်းထားသည်။ ပိုချက်တီနို၏အသင်းသည် လိဂ်ဖလားကို ဆုံးရှုံးလိုက်ရသော်လည်း ယခုကာ လအပိုင်းအခြားအတွင်း အသင်းစွမ်းဆောင်ရည် တိုးတက်လာနေကြောင်းလည်း မှတ်တမ်းများက ဖော်ပြခဲ့သည်။ လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ချယ်လ်ဆီးအသင်းသည် ပြိုင်ပွဲစုံ အဝေးကွင်း သုံးပွဲဆက်တိုက် ကစားခဲ့ရသော်လည်း အက်စတွန်ဗီလာနှင့် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားကာ မန်စီးတီးကို သရေကစားနိုင်ခဲ့သည်။ လက်ရှိအနေအထားများအရ ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ပိုချက်တီနိုကို ယခုရာသီအတွင်း ထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်မှသာ ပြန်လည်သုံးသပ်ဖွယ်ရှိကြောင်း သိရသည်။ ပရီးမီးယား လိဂ်မှ ထုတ်ပယ်ခံရဖွယ်ရှိသည့် နည်းပြရေပန်းစားမှုတွင် ပိုချက်တီနိုသည် ဘန်လေအသင်းနည်းပြ ကွန်ပနီ(၅း၂ လေး)၊ ထုတ်ပယ်ခံရသူမရှိ(ရး၂ လေး)နောက်တွင် ၄း၁ လေး ဖြင့် တတိယနေရာမှ ရေပန်းစားလျက်ရှိနေခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အသက် ၃၉ နှစ်သာရှိသေးသူ ပေါ်တူဂီလူငယ်နည်းပြ အ မော်ရင်မ်ကို…

Read More

ယခုတစ်ပတ် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဟော်ဖန်ဟင်မ်အသင်းကို ဒေ့ါမွန်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ဂျာမန်မီဒီယာများက ဒေါ့မွန်ကစားသမား ဆန်ချိုကို ကွင်းအတွင်း အညံ့ဖျင်းဆုံးကစားသမားဟု တံဆိပ်ကပ်ခဲ့ကြောင်း သိရသည်။ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာတက်ခဲ့သည့်အတွက် အသင်းဟောင်း ဒေါ့မွန်ထံ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း လက်ရှိအချိန်၌ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။ ဟော်ဖန်ဟင်မ်နှင့်ပွဲ၌ ကစားပုံဆိုးရွားခဲ့သည့်အတွက် ဂျာမန်မီဒီယာများက ဆန်ချိုအား အည့ံဖျင်းဆုံးကစားသမားဟု တံဆိပ်ကပ်ခဲ့ခြင်းဖြစ်သည်။ ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲသာ ကစားခွင့်ရထားသေးသူဖြစ်သည်။

Read More

လေဗာကူဆင်အသင်း လတ်တလော ပိုင်ဆိုင်ထားသော ပြိုင်ပွဲစုံ ၃၃ ပွဲဆက် ရှုံးပွဲမရှိမှုသည် ၂၁ ရာစုအတွင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံးမှတ်တမ်းတွင် အဆင့် ၁၀ နေရာသာရှိနေကြောင်း သိရသည်။ Transfermarkt က ယခုစစ်တမ်းကို ရေးသားပြုစုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက ဥရောပထိပ်တန်းလိဂ် ၁၀ ခုရှိ ရှုံးပွဲမရှိ ပွဲဆက် အများဆုံး ၁၀ သင်းစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းစာရင်းတွင် ဂျူဗင်တပ်စ်အသင်းက ၂၀၁၁ မှ ၂၀၂၂ အထိ ၄၃ ပွဲ၊ ဆဲလ် တစ်အသင်းက ၂၀၁၆ မှ ၂၀၁၇ အထိ ၄၂ ပွဲ၊ အင်တာမီလန်အသင်းက ၂၀၀၄ မှ ၂၀၀၅ အထိ ပွဲ ၄၀၊ ရီးယဲလ်မက်ဒရစ်အသင်းက ၂၀၁၆ မှ ၂၀၁၇ အထိ ပွဲ ၄၀၊ အင်တာမီလန် အသင်းက ၂၀၀၆ မှ ၂၀၀၇ အထိ ၃၉ ပွဲ၊ PSV အသင်းက ၂၀၀၉ မှ ၂၀၁၀ အထိ ၃၉ ပွဲ၊ ဘာစီလိုနာအသင်းက ၂၀၁၅ မှ ၂၀၁၆ အထိ ၃၉ ပွဲ၊ ပေါ်တိုအသင်းက ၂၀၁၀ တွင် ၃၆ ပွဲ၊ PSG အသင်းက ၂၀၁၃ တွင် ၃၆ ပွဲ၊ လေဗာကူဆင်အသင်းက ၂၀၂၃ မှ လက်ရှိ အထိ…

Read More

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အယ်လ်ရှာဘတ်အသင်းနှင့်ကစားသည့်ပွဲအပြီးတွင် မဖွယ်မရာပြုလုပ်ပြခဲ့သောကြောင့် ဝေဖန်မှုများခံနေရသလို အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၅ ရက်က ယှဉ်ပြိုင်ကစားသည့် ဆော်ဒီလိဂ်ပွဲစဉ်တွင် အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းအား အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် အနိုင်ရပြီး စီရော်နယ်လ်ဒိုက ၂၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် အိမ်ရှင်အယ်လ်ရှာဘတ်အသင်းပရိသတ်များက စီရော်နယ်လ်ဒို၏ အဓိကပြိုင်ဘက်ဖြစ်သူ မက်ဆီ၏အမည်ကိုအော်၍ လှောင်ပြောင်ခဲ့ကြသည်။ သို့ဖြစ်ရာ စီရော်နယ်လ်ဒိုက လက်တစ်ဖက်ကို နားတွင်ကပ်၍ နားထောင်သည့်အမူအရာပြုလုပ်ပြီးနောက် ခါးကိုညွှတ်ကာ လက်ဖြင့် မဖွယ်မရာအပြုအမူပြုလုပ်၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏အပြုအမူနှင့်ပတ်သက်၍ နာမည်ကြီး ဆော်ဒီစာရေးဆရာနှင့် ရုပ်သံတင်ဆက်သူ အယ်လ်ဖာရက်ဂျ်က ပြင်းထန်စွာဝေဖန်ခဲ့သလို စည်းကမ်းထိန်းသိမ်းရေးကော်မတီအတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်ကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။ ထို့ပြင် ဆော်ဒီသတင်းစာ Asharq al-Awsat ကလည်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါဖြစ်ရပ်မှာ ရုပ်သံကင်မရာများတွင် တွေ့မြင်ရခြင်းမရှိသော်လည်း ပွဲကြည့်စင်ပေါ်မှ ဖုန်းဖြင့်ရိုက်ကူးထားသည့်ဗီဒီယိုမှာ လူမှုမီဒီယာတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလဆန်းပိုင်းက Riyadh Season Cup ဗိုလ်လုပွဲ (ရာသီဝက်ကာလခြေစမ်းပွဲ)အပြီးတွင်လည်း အယ်လ်ဟီလာအသင်းအား ရှုံးနိမ့်ပြီးနောက် ပွဲကြည့်စင်ပေါ်မှပစ်ချလိုက်သည့် ပြိုင်ဘက်အသင်း၏ လည်စည်းပဝါကို ကောက်ယူ၍ ဘောင်းဘီအတွင်းသို့ ထည့်ပြီးနောက် ပြန်လည်လွှင့်ပစ်ခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။ ဆော်ဒီလိဂ်တွင် ပြိုင်ဘက်ပရိသတ်များက မက်ဆီအမည်ခေါ်၍ ၎င်းအား မကြာခဏ လှောင်ပြောင်လေ့ရှိသည်။

Read More