Author: admin

ယခု ဆယ်စုနှစ် နှောင်းပိုင်းလောက်တွင် အာကာသယာဉ်မှူးများလိုက်ပါသော မစ်ရှင်များအတွက် လမ်းပွင့်သွားစေရန် ရည်ရွယ်လျက် နာဆာငွေကြေးပံ့ပိုးပေးသော ၊ လူလိုက်ပါခြင်းမရှိသော စီးပွားဖြစ် အာကာသယာဉ်များ၏ အစိတ်အပိုင်းအဖြစ် ဟူစတန်အခြေစိုက် ကုမ္ပဏီတစ်ခုသည် နှစ်ပေါင်း ၅၀ ကျော် တွင်အမေရိက၏ ပထမဆုံးအာကာသယာဉ်ကို လပေါ်တွင် ဆင်းသက်စေခဲ့သည်။ ပျံသန်းရေးလမ်းကြောင်းကို ထိန်းချုပ်သူများက ၎င်းတို့သည် အားနည်းသော ဆက်သွယ်ရေးအ ချက်ပြမှုများကိုသာ လက်ခံရရှိထားသည်ဟု အတည်ပြု ပြောကြားခဲ့ကြသည်ဆိုသော်လည်း Intuitive Machines ကုမ္ပဏီက တည်ဆောက်သော Odysseus အာကာသယာဉ်သည် ပြည့်ပြည့်ဝ၀ အလုပ်လုပ်နေ သလားဆိုသည်ကို ချင်ချင်း ရှင်းရှင်းလင်းလင်းမသိရပေ။ အာကာသယာဉ်သည် ဟန်ချက်ကောင်း ကောင်းမညီဟု ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ရာတွင် ကြေညာသူများက ပြောသည်။ ဆဌဂံပုံစံ အာကာသယာဉ်သည် တစ်နာရီ မိုင် ၄,၀၀၀(ကီလိုမီတာ ၆,၅၀၀) မှ အရှိန်လျှော့ချလိုက်ပြီး ဂနင်းနစ်စံတော်ချိန် ည ၁၁ နာ ရီ ၂၃ မိနစ်တွင် လ၏တောင်ဝန်ရိုးစွန်းအနီးကို ဆင်းသက်ခဲ့သည်။ ဆင်းသက်နေစဉ် နောက်ဆုံး စက္ကန့်များတွင် အာကာသယာဉ် ကိုယ်ထည်ထဲမှ ထွက်လာပုံရသည့် ပြင်ပကင်မရာ EagleCam မှ ရိုက်ထားသော ပုံများကို မကြာမီ ထုတ်ပြန်ပေးလာနိုင်သည်။ သို့သော်လည်း လောလောဆယ်တွင် မည်သည့်အရာမျှ မသေချာသေးဟု ဆိုသည်။ “ကျွန်တော်တို့ရဲ့အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ရောက်သွားပြီဆိုတာ သံသယမရှိပါနဲ့။ ကျွန်တော်တို့ကလည်း အချက်အလက်တွေကို ထုတ်လွှင့်ပေးနေတာပါ”ဟု ယင်းကုမ္ပဏီ၏ နည်း ပညာရှင်ဌာနအကြီးအကဲ တင်(မ်)ခရိုင်းက ပြောသည်။ အခြားသော အမေရိကန်ကုမ္ပဏီတစ်ခုက လွန်ခဲ့သောလတွင် လပေါ်ကို…

Read More

ဖေဖော်ဝါရီ ၂၃ ရက်က တောင်ကိုရီးယားနှင့် အမေရိကန်၏အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များသည် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဒုံးကျည်ကြားဖြတ်ပစ်ချသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်က ပြောကြားခဲ့သည်။ ယင်းသည် ပြိုင်ဘက်မြောက်ကိုရီးယားက ယခုနှစ်အတွင်း လက်နက်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို တုံ့ပြန်မှုဖြစ်ပုံရသည်။ မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် ဒုံးကျည်စမ်းသပ်မှုခြောက်ကြိမ်ပြုလုပ်ထားပြီး အများစုသည် ခရုစ်ဒုံးကျည် စမ်းသပ်မှုများဖြစ်သည်။ ခရုစ်ဒုံးကျည်များသည် ဂျက်တွန်းကန်အားဖြင့် ပျံသန်းပြီး ပိုမိုအဆင့်မြင့်သည့် ပဲ့ထိန်းဒုံးကျည်များထက် အနိမ့်ပျံသန်းနိုင်သည့်အတွက် ကြားဖြတ်ပစ်ချရန် ပိုမိုခဲယဉ်း သည်။ ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများတွင် တားမြစ်ထားခြင်းမရှိပေ။ စစ်ပွဲဖြစ်ပွားလာပါက မြောက်ကိုရီးယားသည် အမေရိကန် လေယာဉ်တင်သင်္ဘောများနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် ခရုစ်ဒုံးကျည်များအား အသုံးပြုရန် ရည်ရွယ်ထားသည်ဟု အ ကဲခတ်များက ဆိုသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ ပဥ္စမမျိုးဆက် F-35 A ကိုယ်ပျောက်ဂျက် တိုက်လေယာဉ်များနှင့် တောင်ကိုရီးယားမှ အခြားဂျက်တိုက်လေယာဉ်အမျိုးအစားများ ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယားလေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ F-35 A တိုက်လေယာဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်က ဂျပန်နိုင်ငံအိုကီနာဝါကျွန်းရှိ ခါဒဲနာ လေတပ်စခန်းဆီမှ တောင်ကိုရီးယားသို့ ဖြန့်ကြက်ချထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြ ထားသည်။ မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်ကစ၍ လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ယင်းသည် အနာဂတ်သံခင်းတမန်ခင်း ကိစ္စရပ်များတွင် ၎င်း၏အရှိန်အဝါကို မြှင့်တင်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တောင်ကိုရီးယားနှင့် အမေရိကန်ကလည်း ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို…

Read More

နယ်စပ်မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ်အတွင်း ခြောက်ညအိပ် ခုနစ်ရက် သွားရောက် နေထိုင်လည်ပတ်ခွင့် ရှိသော်လည်း ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မဲဆောက်တစ်မြို့တည်း၌သာ သွားလာခွင့်ရှိကြောင်း သိရသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ဖေဖော် ၀ါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ မဲဆောက် တစ်မြို့တည်း၌သာ သွားလာလည်ပတ်ခွင့်ရ သည့်အပြင် အိမ်ရှင်၊ တည်းခိုခန်း/ဟိုတယ်၊ မိုတယ်ပိုင်ရှင်များအနေဖြင့် လာရောက် တည်းခိုလည်ပတ်သည့်ဧည့်သည်များကို ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရမည်ဟု ပါရှိကြောင်း သိရသည်။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က “မြန်မာနိုင်ငံက လူငယ်မောင်မယ်တွေက ခြောက်ညအိပ် ခုနစ်ရက်လက်မှတ်နဲ့ မဲဆောက် မြို့ကိုလာမယ်။ ပြီးရင် မပြန်ကြတော့ဘူး။မဲဆောက်အပါအဝင် တာ့ခ်ပြည်နယ် ကိုးမြို့ နယ်မှာရှိတဲ့ အိမ်ရှင်တွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ၂၄နာရီအတွင်း ဧည့်စာ ရင်းတိုင်ရမယ်ဆိုပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ က ပြဋ္ဌာန်းလိုက်ပြီ။ အရင်ကဆိုရင် မဲဆောက် အပါအဝင် ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ် သွားလာလို့ရတယ်။ အခုတော့ မဲဆောက်တစ် မြို့နယ်ပဲ သွားလာလို့ရတော့တယ်။ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းလိုက်ပြီးမှာ မြန်မာနိုင်ငံက ူ ငယ်လူရွယ် အရွယ်ကောင်း လူသားအရင်းအ မြစ်တွေက ထိုင်းဘက်ကို အလွယ်တကူစီးဆင်းကြတာပဲ။ အခြားဘက်မှာလည်း လူတွေမဟားတရားများလာရင် ထိန်းချုပ်ရခက်လာမှာ စိုးတဲ့အတွက် မနေ့ကပဲ…

Read More

နယ်စပ်မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass) ဖြင့် ယခင်က မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ်အတွင်း ခြောက်ညအိပ် ခုနစ်ရက် သွားရောက် နေထိုင်လည်ပတ်ခွင့် ရှိသော်လည်း ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မဲဆောက်တစ်မြို့တည်း၌သာ သွားလာခွင့်ရှိကြောင်း သိရသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ဖေဖော် ၀ါရီ ၂၂ ရက် ထုတ်ပြန်ချက်အရ မဲဆောက် တစ်မြို့တည်း၌သာ သွားလာလည်ပတ်ခွင့်ရ သည့်အပြင် အိမ်ရှင်၊ တည်းခိုခန်း/ဟိုတယ်၊ မိုတယ်ပိုင်ရှင်များအနေဖြင့် လာရောက် တည်းခိုလည်ပတ်သည့်ဧည့်သည်များကို ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရမည်ဟု ပါရှိကြောင်း သိရသည်။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က “မြန်မာနိုင်ငံက လူငယ်မောင်မယ်တွေက ခြောက်ညအိပ် ခုနစ်ရက်လက်မှတ်နဲ့ မဲဆောက် မြို့ကိုလာမယ်။ ပြီးရင် မပြန်ကြတော့ဘူး။မဲဆောက်အပါအဝင် တာ့ခ်ပြည်နယ် ကိုးမြို့ နယ်မှာရှိတဲ့ အိမ်ရှင်တွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ၂၄နာရီအတွင်း ဧည့်စာ ရင်းတိုင်ရမယ်ဆိုပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ က ပြဋ္ဌာန်းလိုက်ပြီ။ အရင်ကဆိုရင် မဲဆောက် အပါအဝင် ဖုတ်ဖရ၊ မယ်ရမက် သုံးမြို့နယ် သွားလာလို့ရတယ်။ အခုတော့ မဲဆောက်တစ် မြို့နယ်ပဲ သွားလာလို့ရတော့တယ်။ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းလိုက်ပြီးမှာ မြန်မာနိုင်ငံက ူ ငယ်လူရွယ် အရွယ်ကောင်း လူသားအရင်းအ မြစ်တွေက ထိုင်းဘက်ကို အလွယ်တကူစီးဆင်းကြတာပဲ။ အခြားဘက်မှာလည်း လူတွေမဟားတရားများလာရင် ထိန်းချုပ်ရခက်လာမှာ စိုးတဲ့အတွက် မနေ့ကပဲ…

Read More

မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာများအပြင် ပြင်ပရှိဘဏ်ကောင်တာများတွင်လည်း ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန် ထားသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှု ကတ်များ(Debit Card နှင့် Credit Card ) အပြင် အသေးသုံး နိုင်ငံခြားငွေငွေသား ဆောင်ယူသွားနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍လည်းကောင်း၊ ပည်ပသို့ ထွက်ခွာမည့်သူများအနက် ဘုရားဖူးထွက်ခွာသူများ ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတတ်ရောက်ရန် ထွက်ခွာသူများအား ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍လည်းကောင်းတစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ပြည်ပသို့အမှန်တစ်ကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်း‌ချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်မှ) နေ့စဉ် အလှည့်ကျရောင်းချပေးလျက်ရှိသည်။ ယခုအခါ လေဆိပ်ကောင်တာများအပြင် အသေးသုံး…

Read More

အသက်(၈)နှစ်ကျော်သာရှိသူ စင်ကာပူကလေးငယ် အက်ရှ်ဝါကူရှစ်သည် ဂရင်းမာစတာတစ်ဦးကို အနိုုင်ကစားနိုင်သည့် အသက်အငယ်ဆုံး စစ်တုရင်သမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် Burgdorfer Stadthaus အိုးပင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ကူရှစ် က အသက်(၃၇)နှစ်အရွယ်ရှိ ပိုလန် ဂရင်းမာစတာ ယာဆက်စတိုပါကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ကူရှစ်သည် မကြာသေးမီက ဆားဘီးယားကလေးငယ် လီယိုနစ်အီဗန်နိုဗစ် တင်ရှိထားသော ဂရင်းမာစတာကို အသက်(၉) နှစ်အောက်ဖြင့် အနိုင်ကစားနိုင်သည့် ပထမဆုံးစစ်တုရင်သမားမှတ်တမ်းကို ထပ်မံကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ အီဗန်နိုဗစ်သည် ဖေဖော်ဝါရီလ(၁၂)ရက်က စံချိန်တင်ခဲ့ရာတွင် အသက်(၈)နှစ်၊ (၁၁)လ၊ (၇) ရက်ရှိခဲ့ပြီး ယခုအခါ ကူရှစ်က (၈)နှစ်၊ (၆)လ၊ (၁၁)ရက်ဖြင့် စံချိန်သစ် ထပ်တင်ခဲ့သည်။ စစ်တုရင်သမိုင်းတစ်လျှောက် ဂရင်းမာစတာတစ်ဦးကို အသက်(၁၀)နှစ်နှင့်အောက်ဖြင့် အနိုင်ယူနိုင်သူမှာလည်း ကူရှစ်နှင့် အီဗန်နိုဗစ်အပါအဝင် (၈)ဦးသာရှိကြောင်း သိရသည်။ ကူရှစ်ကို အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့ကာ လွန်ခဲ့သည့်(၆)နှစ်ကမှ မိသားစုနှင့်အတူ စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး အိန္ဒိယနိုင်ငံသားအဖြစ်ရှိနေသော်လည်း နိုင်ငံတကာအဆင့်တွင် စင်ကာပူကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ကူရှစ်အနေဖြင့် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်၏သတ်မှတ်ချက်၌ အဆင့်(၃၇၃၃၈) နေရာတွင် ရှိနေသည်။

Read More

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အတွက် ဒိုင်များက အကူအညီမပေးရန် မျှော်လင့်ကြောင်း တိုက်တွန်းပြောကြားသည်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ရာ လိဂ်ဖလားဗိုလ်လုပွဲမှာ ၎င်း၏နှုတ်ဆက်ရာသီအတွက် ပထမဆုံးရယူရန် အခွင့်အရေးရှိနေသည့် ဆုဖလားဖြစ်သည်။ ဇန်နဝါရီလကုန်ပိုင်းက လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအနေဖြင့် ပယ်နယ်တီအခွင့်အရေး နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရသောကြောင့် ပိုချက်တီနိုက ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။ ရာသီကုန်တွင် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်အတွက် ၎င်းနှင့် လီဗာပူးလ်အသင်းတွင် ဖိအားပိုရှိနိုင်သလားဟု မေးမြန်းမှုအပေါ် ပိုချက်တီနိုက ”ဒါက ကောင်းမွန်တဲ့မေးခွန်းပါ။ သူ့(ကလော့ပ်)အတွက် ဖိအားမရှိပါဘူး။ သူထွက်ခွာတော့မှာဖြစ်လို့ လီဗာပူးလ်နဲ့အတူ အောင်ပွဲခံချင်သူတွေအတွက်တော့ ဖိအား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့၊ ဆုံးဖြတ်ချက်အားလုံးက တရားမျှတမှုရှိဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ လီဗာပူးလ်ကွင်းမှာ လီဗာပူးလ်နဲ့ကစားတုန်းက ဆုံးဖြတ်ချက်တွေ အရမ်းမှားခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တော့ တစ်ခုမှမရှိပါဘူး။ ကျွန်တော်တို့ ပယ်နယ်တီနှစ်ကြိမ် မရခဲ့ဘူး။ အမြင့်ဘောမှာ ၅၀-၅၀ အနေအထားဆိုရင် အမြဲတမ်း တခြားအသင်းရဲ့အရောင်အတွက်၊ အမြဲတမ်းအနီရောင်အတွက်ပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ မျှတတဲ့နည်းလမ်းနဲ့ပဲ ဆက်ဆံခံရချင်တယ်။ ကျွန်တော်တို့က အောင်ပွဲခံဖို့ အဲဒီကိုသွားမှာပါ။ လီဗာပူးလ်က အံ့အားသင့်စရာ ကောင်းတဲ့အသင်းဆိုတာကို ကျွန်တော်က အရင်ဆုံးပြောမယ့်သူပါ။ ကလော့ပ်ကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ အဲဒီနေရာ (ဝင်ဘလေကွင်း)မှာ နောက်ဆုံးကစားခဲ့ဖူးတဲ့ အတွေ့အကြုံအရ ကျွန်တော်လိုချင်တာက ဝင်ဘလေကို သွားဖို့ဖြစ်ပြီး ဘယ်သူမှ ဖိအားမခံစားရဘူးလို့ ထင်တယ်။ ဒါက တူညီတဲ့အဆင့်မှာ ကစားရတဲ့ ပွဲစဉ်တစ်ခုပဲဖြစ်ပြီး အကောင်းဆုံးအသင်းက…

Read More

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Dune ၏ ဒုတိယပိုင်းသည် ဝေဖန်သူများထံမှ ကောင်းမွန်သော မှတ်ချက်အများ အပြားရရှိခဲ့ပြီး ယင်းရုပ်ရှင်သည် အခြားနာမည်ကြီး ရုပ်ရှင်များနှင့်မတူကြောင်း ပြောကြားခဲ့ကြသည်။ ကာလကြာရှည် စောင့်မျှော်နေခဲ့ရသည့် Dune နောက်ဆက်တွဲရုပ်ရှင်ကို လွန်ခဲ့သည့် ဆောင်းဦးရာသီတွင် ထုတ်လွှင့်ပြသရန် မူလက စီစဉ်ထားသော်လည်း သရုပ်ဆောင်များ၏ သပိတ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ Dune: Part One သည်၂၀၂၁ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့ပြီး နောက်တီမိုသီချာလမက်နှင့် ဇန်ဒါရာတို့ ပါဝင်သရုပ်ဆောင်ထား ပြီး ဇာတ်လမ်း၏ ဒုတိယပိုင်းအတွက် မျှော်လင့်ချက်များ အလွန်မြင့်တက်ခဲ့သည်။ Independent သတင်းဌာနက ယင်းရုပ်ရှင်ကို ကြယ်ငါးပွင့် အဆင့်သတ်မှတ်ခဲ့ပြီး“ဒီရုပ်ရှင်ဟာ အခြား နာမည်ကြီး ရုပ်ရှင်တွေနဲ့မတူဘူး”ဟု ပြောကြားခဲ့သည်။ Dune: Part One ရုပ်ရှင်သည် အော်စကာ ဆန်ခါတင်စာရင်း ၁ဝခု ဝင်ထားပြီး ကမ္ဘာတစ်ဝန်းရှိ box office တွင် ဒေါ်လာသန်း ၄၀၀ ကျော်ရရှိထားသည်။ Rolling Stone မှ ရုပ်ရှင်ဝေဖန်သူ ဒေးဗစ်ဖီးယားကမူ သုံးနာရီနီးပါးကြာမြင့်သည့် ယင်းဒုတိယ မြောက်ရုပ်ရှင်သည် စစ်မှန်သည့် သိပ္ပံစိတ်ကူးယဉ်ပုံစံနှင့် တူညီနေပြီး အပိုင်းတစ်ထက် ပိုမိုကြီးလေးကာပို မိုကောင်းမွန်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ယင်းသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သည် ၁၉၆၅ ခုနှစ်က ထွက်ရှိခဲ့သော ဖရန့်ဟားဘတ်၏ Dune အမည်ရှိ ဝတ္ထုကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ကာ Hugo ဆုအပါအဝင် ချီးကျူးဂုဏ်ပြုဆု အများအပြားရရှိခဲ့သည်။ နောက်ဆက်တွဲ ရုပ်ရှင်တွင် ချားလမက်၏ ဇာတ်ကောင်ဖြစ်သည့် ပေါလ်အက်ထရီဒက်စ်သည် ၎င်း၏ မိသားစုကို ဖျက်စီးခဲ့သော ပူးပေါင်းကြံစည်သူများကို…

Read More

ယူကရိန်းအား ရုရှားကျူးကျော်ခဲ့သည့် စစ်ပွဲဖြစ်ပွားမှု ဒုတိယနှစ်ပတ်လည်သို့ မရောက်မီ ၂ ရက်အလိုဖြစ်သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗြိတိန်က ရုရှားအပေါ်ပိတ်ဆို့မှုအသစ် ၅၀ ကျော်ချမှတ်ကြောင်း ကြေညာခဲ့သည်။ ထိုပိတ်ဆို့မှုများသည် လက်နက်ခဲယမ်းထုတ်လုပ်သည့် ကုမ္ပဏီများ၊ လျှပ်စစ်ပစ္စည်း ကုမ္ပဏီများ၊ စိန်နှင့် ရေနံ ကုန်သည်များကို ပစ်မှတ်ထားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လက်နက်တိုက်းကို အင်အားလျော့ နည်းစေရန်ရည်ရွယ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရုရှား၏ ဝင်ငွေအတွက် အဓိကအရင်းအမြစ်များဖြစ်သည့် သတ္တုများ၊ စိန်များနှင့် စွမ်းအင်ကုန်သွယ်မှုများကို လျော့နည်းစေရန် လုပ်ဆောင်ခြင်းဖြင့် ရုရှား၏ စစ်ပွဲအတွက် ငွေကြေးရှာဖွေမှုများကို ဖြတ်တောက်ရန် ကြိုးပမ်းနေသည်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ရဲ့ နိုင်ငံတကာစီးပွားရေးဖိအားဟာ ရုရှားအနေနဲ့ ဒီတရားမဝင်ကျူးကျော်မှုကို ဆက်ပြီး အားမစိုက်ထုတ်နိုင်စေဖို့ဖြစ်ပါတယ်”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ပိတ်ဆို့မှုတွေဟာ ပူတင်အတွက် စစ်ပွဲမှာ ငွေကြေးအထောက်အကူဖြစ်စေဖို့အတွက် အရေးတကြီးလိုအပ်နေတဲ့ အရင်းအမြစ်တွေကို ပြတ်တောက်စေပါလိမ့်မယ်”ဟု ကင်မရွန်းက ပြောသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်သည့် နှစ်နှစ်ပြည့်အထိန်း အမှတ်ဖြစ်သည်။ ထိုစစ်ပွဲအတွင်း အရပ်သား ၁၀၀၀၀ ကျော်သေဆုံးကာ ၂၀၀၀၀ နီးပါးဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ “ယူကရိန်းဘက်က ကျွန်တော်တို့စည်းလုံးစွာ ရပ်တည်ပေးခဲ့တာဟာ နှစ်နှစ်ရှိပါပြီ”ဟု ကင်မရွန်းက ပြောသည်။ မိမိတို့အနေနှင့် နိုင်လိုမင်းထက်ပြုမှုကိုခွင့်ပြုမည်မဟုတ်ကြောင်း ယူကရိန်း၏ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ကာလပတ်လုံး ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီ ၂၂…

Read More

ပင်လယ်နီတွင် ယီမင်၏ဟူသီရ်သူပုန်တို့က ကုန်သင်္ဘောများကို တိုက်ခိုက်မှုများကြောင့် အာမခံကြေးများကို မြင့်တက်သွားစေခဲ့ရာ ကုန်တင်ခများမြင့်တက်နေခြင်းနှင့် အချိန်ပိုကြာသောအခြားလမ်းကြောင်းမှ သင်္ဘောများ ခုတ်မောင်းနေရခြင်းတို့ကြောင့် များပြားနေသော ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေခဲ့သည်။ ဟူသီရ်တို့သည် ပင်လယ်နီကို ဖြတ်သန်းသော ကုန်သင်္ဘောများကို နိုဝင်ဘာကတည်းက တိုက်ခိုက်ခဲ့သည်။ ပင်လယ်နီသည် ကမ္ဘာလုံးဆိုုင်ရာကုန်သွယ်မှု ၁၂ ရာခိုင်နှုန်းဖြတ်သန်းလျက်ရှိသည့် ရေကြောင်းအချက်အချာ နေရာတစ်ခုဖြစ်သည်။ ရေကြောင်းဖြင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လိုက်ပါက ၂၀၂၄ ခုနှစ် ယခုအချိန်ထိ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အချက် အလက်များအရ သိရသည်။ ယီမင်ဒေသအများအပြားကို ထိန်းချုပ်ထားသော ဟူသီရ်သည် အရေးပါသော ရေလမ်းကြောင်းကို နိုဝင်ဘာကတည်းက အနှောင့်အယှက်ပေးနေခဲ့သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ဂါဇာရှိ ပါလက်စတိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဟူသီရ်အဖွဲ့က ပြောကြားထားသည်။ ပင်လယ်နီသည် မြေထဲပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ထားခြင်းဖြစ်ရာ ဥရောပနှင့်အာရှကို ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ နှစ်စဉ်သင်္ဘော ၂၀၀၀၀ သည် ပင်လယ်နီကို အဝင်အထွက် လုပ်နေသော ဂိတ်ပေါက်ဖြစ်သည့် စူးအက်တူးမြောင်းကို ဖြတ်သန်းသည်။ ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းသည် ပင်လယ်နီကို ဖြတ်သန်းခြင်းဖြစ်သောကြောင့် ပင်လယ်နီသည် အရေးပါသော ရေလမ်းကြောင်းဖြစ်သည်ဟု သင်္ဘောဖြင့် ကုန်ဆောင်ပို့ဆောင်သော အပြည်ပြည်ဆိုင်ရာ ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ပင်လယ်နီ အနီးတစ်ဝိုက်ခုတ်မောင်းနေသော သင်္ဘောများကို ဟူရ်သီကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက အမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဦးတည်စေခဲ့ပြီး အမေရိကန်နှင့်ဗြိတိန်တို့ ပူးပေါင်းကာ ဟူသီရ်ပစ်မှတ်များကို လက်ဦးမှုရယူတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်တိုင် ဟူသီရ်တို့က ပင်လယ်နီတွင်…

Read More