မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် သုံးမည့် အသေးသုံး နိုင်ငံခြားငွေ ငွေသားကို လေဆိပ်ကောင်တာများအပြင် ပြင်ပရှိဘဏ်ကောင်တာများတွင်လည်း ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန် ထားသည်။
မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှု ကတ်များ(Debit Card နှင့် Credit Card ) အပြင် အသေးသုံး နိုင်ငံခြားငွေငွေသား ဆောင်ယူသွားနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍လည်းကောင်း၊ ပည်ပသို့ ထွက်ခွာမည့်သူများအနက် ဘုရားဖူးထွက်ခွာသူများ ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတတ်ရောက်ရန် ထွက်ခွာသူများအား ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍လည်းကောင်းတစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်ပသို့အမှန်တစ်ကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်မှ) နေ့စဉ် အလှည့်ကျရောင်းချပေးလျက်ရှိသည်။
ယခုအခါ လေဆိပ်ကောင်တာများအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့် ဘဏ်ကောင်တာများမှာ (CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝ ဘဏ်လီမတက်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL ၊ UAB Bank လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက် ၊ မြန်မာ နိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာ ဘဏ်လီမိတက်နှင့် ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေး ဘဏ်လီမိတက်ဘဏ်များတွင်လည်းဝယ်ယူနိုင် ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။