Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ပြင်သစ်လက်ရွေးစင်အသင်း၏နည်းပြ ဒေးရွှမ့်က တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာနှင့် စကားပြောဆိုဖြစ်ခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ပေါ့ဘာသည် ရှောင်တခင်တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျမှုကြောင့် (၄) ပွဲပယ်ချမှတ်ခံထားရသူဖြစ်ပြီး အသက် (၃၁) နှစ်ကျော်ပြီဖြစ်သည့်အတွက် ၎င်း၏ကစားသမားဘဝ အဆုံးသတ်တော့မည်ဟု သုံးသပ်မှုများ ရှိနေသည်။ “ကျွန်တော် သူနဲ့ စကားပြောဖြစ်ပါတယ်။ သူက လူတော်တစ်ယောက်ပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။ ပေါ့ဘာသည် (၄)နှစ်ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ထားကြောင်းလည်း သိရသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် မတ်လ ၁၉ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေစဉ် အဆိုပါတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပင်လယ်ပြင်၌ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေးပဋိပက္ခများအတွက် ပြင်ဆင်ရာတွင် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် တရုတ်သမ္မတ ရှီကျင်းပင်က တရုတ်စစ်တပ်ကို တိုက်တွန်းခဲ့ပြီးနောက် မားကို့စ်ကလည်း ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်း ပိုင်ဆိုင်ခွင့်များကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။ “ကျွန်တော်မအံ့သြမိပါဘူး။ ဒါပေမဲ့ တရုတ်က ဖိလစ်ပိုင်ရဲ့ ပိုင်နက်နယ်မြေတချို့ကို သိမ်းယူဖို့ ပိုမိုတက်တက်ကြွကြွ ကြိုးပမ်းလာချိန်မှာ မိမိတို့ရဲ့ ပင်လယ်ရေကြောင်း ပိုင်နက်ကို ကာကွယ်ဖို့ တတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ယခုသီတင်းပတ်အတွင်း ဘာလင်သို့ အလုပ်သဘော ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မားကို့စ်က ပြောကြားခဲ့သည်။ ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင် ခေါင်းဆောင်တို့သည် လာမည့်ဧပြီလတွင် ၀ါရှင်တန်၌ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဂျပန်သတင်းစာ အဆာဟိက ဖော်ပြခဲ့သည်။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ ပြောကြားချက်များသည် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိကြောင်း သည်ဟိဂ်မြို့အခြေစိုက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အမြဲတမ်းခုံရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော်လည်း တရုတ်က ယင်းဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အများစုကို အငြင်းပွားဖွယ်မရှိ အခွင့်အာဏာပိုင်ဆိုင်သည်ဟု အခိုင်အမာပြောဆိုထားသည်။
ဂါဇာသို့အကူအညီပစ္စည်းများ တင်ဆောင်လာသော စပိန်သင်္ဘောတစ်စီးသည် မတ် ၁၃ ရက်တွင် လမ်းခရီးကိုရောက်နေပြီဖြစ်ရာ စားနပ်ရိက္ခာအကူအညီ အသည်းအသန် လိုအပ်နေသော ပါလက်စတိုင်းပြည်သူများအတွက် ရေကြောင်းမှ အကူအညီများပေးပို့သည့် လမ်းကြောင်းသစ်တစ်ခုဖြစ်လာသည်။ လူသားချင်းစာနာမှု အခြေအနေများ ပိုမိုဆိုးရွားလာသည့် လက္ခဏာအဖြစ် လူ ၂၇ ဦးသည် အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ကုန် ခန်းခြင်းတို့ဖြင့် သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးများဖြစ်သည်ဟု ဆိုသည်။ ရာမာဒန်ဥပုသ်လမတိုင်မီ အပစ်အခတ်ရပ်စဲရန်နှင့် အကူအညီများ ပို့ဆောင်မှုကို တိုးမြှင့်ရန် သီတင်းပတ်ပေါင်းများစွာ သံတမန်ရေးကြိုးပမ်းမှုများလုပ်ဆောင်ခဲ့သော်လည်း အစ္စရေးနှင့်ဟားမာ့စ်တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် နီးစပ်ခြင်းမရှိဟု ကြားဝင်ဆောင်ရွက်ပေးနေသော ကာတာက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ဂါဇာတောင်ပိုင်းတွင် လောလောလတ်လတ် ဗုံးကြဲသံများကို ကြားရနိုင်သည်ဟု မတ် ၁၃ ရက် စောစောပိုင်းတွင် အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။ ညပိုင်းတွင် တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူ ၇၀ သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်သို့ အကူအညီများကို ကုန်းလမ်းမှ ပေးပို့မှုများအား သိသိသာသာ လျှော့ချလိုက်ခြင်းနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းသည် အကူအညီများပေးရေးအတွက် လမ်းကြောင်းများ ပြောင်းလဲခဲ့ရသည်။ ထို့ကြောင့် ရိက္ခာများကို လေယာဉ်များပေါ်မှ ချပေးခြင်း၊ ဆိုက်ပရပ်ရေကြောင်းလမ်းမှ ပို့ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရသည်။ မတ် ၁၂ ရက်တွင် လာနာကာ ဆိပ်ကမ်း မှ ထွက်ခွာလာသော Open Arm အန်ဂျီအိုအဖွဲ့၏သင်္ဘောသည် စားနပ်ရိက္ခာတန်ချိန် ၂၀၀ ဝန်းကျင်တင်ဆောင်ပြီး မြေထဲပင်လယ်မှ ဂါဇာသို့ မိုင် ၂၅၀ (ကီလိုမီတာ…
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်မည့်အချက်များကို လိုက် နာဆောင်ရွက်ခြင်းမရှိဟုဆိုကာ Money Changer လေးခုအား လုပ်ငန်းလိုင်စင်သုံး လရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့၊ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။ ထို့ပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန် အ တွက် နိုင်ငံခြားငွေလဲကောင်တာများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် မတ် ၆ ရက်နှင့် မတ် ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ် ရေးလုပ်ငန်းလုပ်ကိုင်သူများအား ကွင်း ဆင်းစစ်ဆေးခဲ့ရာ အောက်ပါနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လိုင် စင်ရရှိသူလေးဦးသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွက်မည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ငန်းများမှာ (က)Thura Nay Tun(Fame Money Changer)၊(ခ) Lead Star Money Changer ၊(ဂ) Steber Group Money Changer ၊(ဃ)Asia Shwe Thee Money Changer တို့ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ အထက်ပါနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူ လေးဦးအား…
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြော ပွဲများဆောင်ရွက်ခြင်း၊ ကားဂိတ်များ၊ ဈေးများတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအခြေအနေများကို ဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖေဖော်ဝါရီ ၁၄ ရက် အမိန့်ကြော်ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေး အဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊…
ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်စည်ကားစွာပြုလုပ်နိုင်စေရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းကော်မတီ၊ ရေကစားမှုစီစဉ်ရေး လုပ်ငန်းကော်မတီ၊ ဧည့်ခင်းကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ နှင့် မဟာသင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင်ဆောင်ရွက်မှုများ တင်ပြခဲ့သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သည်။ ဒုတိယမြို့တော်ဝန်က မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကားပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊သင်္ကြန်ကာလလုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရေးတို့အား ပြောကြားသည်။ ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်ဂီတနှင့် သဘင်အနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများအပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား ခပေါင်းတံတားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သုံးနှစ်ကျော်အတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲဖျက် ဆီးခံရမှုအကြိမ် ၁၃၀ ရှိပြီဖြစ်ကြောင်းသိရ သည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည်ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက် စီးခဲ့ကြောင်းတွေ့ရှိရပြီး တောင်ငူ-သောင်း တိုင်ကုန်း ရထားလမ်းပိုင်းအား မတ် ၁၃ ရက် နံနက် ၆ နာရီတွင် ခေတ္တပိတ်ခဲ့ရကြောင်းသိ ရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွား ရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး မြန်မာ့ မီးရထားဝန်ထမ်းများက တံတားကြံ့ ခိုင်မှုနှင့် ရထားလမ်းပိုင်းအား စစ်ဆေးဆောင် ရွက်ခဲ့ ကာ တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်း ပိုင်းကို မတ် ၁၃ ရက်နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိ ရသည်။ ယင်းမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း မိုင်းဖောက်ခွဲခံရသည့် ခပေါင်းတံတားသည် ရန်ကုန်-မန္တလေးရထား လမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင် ကုန်းဘူတာအကြား အဓိကတံတား တစ်စင်း…
ဘရာဇီးလ်နှင့် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ဘယ်လင်ဟမ်သည် ၎င်း၏ရီးယဲလ်အသင်းဖော်ဟောင်း ဇီဒန်းကဲ့သို့ စွမ်းရည်မျိုးရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် (၂၀) အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေကမှ ဒေါ့မွန်မှ ရီးယဲလ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ယူရို (၁၃၃.၉) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဘယ်လင်ဟမ်သည် ရီးယဲလ်အသင်းတွင် ၎င်း၏ Idol ဖြစ်သူ ဇီဒန်း ဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၅)ကို ဝတ်ဆင်ကစားပြီး ခြေစွမ်းပြနေသည်။ ရော်နယ်လ်ဒိုက ”ဘယ်လင်ဟမ် ကစားတာကို ကျွန်တော် သဘောကျပါတယ်။ သူ ပွဲတိုင်းနီးပါး ဂိုးသွင်းနေတာပါ။ သူဟာ ဇီဒန်းလို စွမ်းရည်မျိုးရှိသူဖြစ်ပြီး သူ့ကို မြင်ရတာ ဇီဒန်းကိုတောင် သတိရစေပါတယ်”ဟု ဆိုခဲ့သည်။ ဘယ်လင်ဟမ်သည် ယခုရာသီပြိုင်ပွဲစုံ (၃၁) ပွဲတွင် ဂိုး(၂၀)သွင်းကာ ဂိုးဖန်တီးမှု (၉) ကြိမ်ပြုလုပ်ထားသည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းနှင့်လက်တွဲညီခဲ့သည့် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်သော်လည်း ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို မပြင်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်အား ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း မတ်လ (၁၂) ရက်တွင် ကြေညာခဲ့သည်။ မိုက်ကယ်အက်ဒ်ဝက်ဒ်သည် လီဗာပူးလ်အသင်းသို့ ၂၀၁၁ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် လီဗာပူူးလ်အသင်းတွင် နည်းပြ ကလော့ပ်နှင့်လက်တွဲညီခဲ့ပြီး ဆာလာ၊ ဗန်ဒိုက်၊ မာနေ၊ ဖေမီနို၊ ရောဘတ်ဆန်တို့ကဲ့သို့ ကစားသမားများကို ခေါ်ယူပေးခဲ့သည်။ ယခုအခါ လီဗာပူးလ်အသင်းက မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ပြန်လည်ခေါ်ယူခဲ့သည့်အတွက် ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖွယ်ရှိကြောင်း ခန့်မှန်းမှုများရှိနေသည်။ သို့သော် ကလော့ပ်က ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်မဟုတ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”သူနဲ့ ကျွန်တော် စကားပြောပြီးပါပြီး။ ကျွန်တော်တို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အက်ဒ်ဝက်ဒ် ပြန်လာလို့ အခုရာသီကုန်မှာ အသင်းကထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို ပြင်မလားဆိုရင်တော့ မပြင်ပါဘူး။ ကျွန်တော့်အနေနဲ့ အဲဒီဆုံးဖြတ်ချက်နဲ့ စကားတွေကို သေချာစဉ်းစားပြီးမှ ပြောခဲ့တာပါ။ အက်ဒ်ဝက်ဒ် ပြန်လာတာ အသင်းအတွက်ကောင်းပါတယ်”ဟု ဆိုခဲ့သည်။
နယူးကဆယ်နည်းပြ အက်ဒီဟောင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးလျှင်ပင် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၀)မှတ်သာ ရရှိထားပြီး အဆင့် (၁၀)၌ ရပ်တည်နေသည်။ နယူးကာဆယ်အသင်းအနေဖြင့် ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့်ရမည့် အဆင့် (၆)နေရာမှ မန်ယူအသင်း (၄၇ မှတ်)နှင့်ပင် (၇) မှတ်အထိ ကွာဟနေသည်။ ထို့ကြောင့် နယူးကာဆယ်အသင်း၏ ရလဒ်ဆိုးရွားမှု များနှင့်အတူ အသင်းနည်းပြ အက်ဒီဟောင်း၏အနာဂတ်မှာလည်း လှုပ်ခတ်လာပြီဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ သို့သော် The Telegraph ၏ ဖော်ပြချက်အရ နယူးကာဆယ်အသင်းပိုင်ရှင်များသည် အက်ဒီဟောင်း အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း သိရသည်။ အသက် (၄၆)နှစ်အရွယ်ရှိ အက်ဒီဟောင်းသည် နယူးကာဆယ် အသင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချန် ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင် ပေးထားသူဖြစ်သည်။ ထို့ကြောင့် နယူူးကာဆယ်ပိုင်ရှင်များအနေဖြင့် အက်ဒီဟောင်းသည် အသင်းကို အောင်မြင်မှုများ ရယူပေးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။