၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်သည် ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်ရန် အဆင်သင့်မဖြစ်သေးသဖြင့် ကာတာအိုးပင်းပြိုင်ပွဲမှ နုတ် ထွက်ခဲ့ကြောင်း သိရသည်။
အသက် (၃၇) နှစ်ရှိပြီဖြစ်သည့် နဒါးလ်သည် ဇန်နဝါရီလအတွင်း Brisbane International ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် တင်ပါးဒဏ်ရာရရှိခဲ့သောကြောင့် ပြန်လည်အနားယူနေရခြင်း ဖြစ်သည်။
နဒါးလ်သည် တင်ပါးဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ပထမဆုံးပြန်လည်ယှဉ်ပြိုင်သည့် ပြိုင်ပွဲမှာပင် ဒဏ်ရာထပ်မံရရှိခဲ့သည်။
၎င်းအနေဖြင့် ဖေဖော်ဝါရီ (၁၉) ရက် စတင်မည့် ကာတာအိုးပင်းပြိုင်ပွဲတွင် ပြန်လည်ပါဝင်နိုင်ရန် မျှော်မှန်းထားသော်လည်း အဆင်သင့်မဖြစ်သေး ကြောင်း နဒါးလ်က X တွင် ပြောကြားခဲ့သည်။
“ဒိုဟာမှာ ကစားချင်ပါတယ်။ ဒါပေမဲ့ အဆင်သင့်မဖြစ်သေးပါဘူး။ လတ်စ်ဗေးဂတ်စ်မှာပြုလုုပ်မယ့် သရုပ်ပြပွဲနဲ့ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲအ တွက် အဆင်သင့်ဖြစ်အောင်လုပ်ထား ဖို့ အာရုံစိုက်နေပါတယ်”ဟု ၎င်းက ဆိုခဲ့သည်။
နဒါးလ်သည် သရုပ်ပြပွဲအဖြစ် မတ် (၃) ရက်တွင် စပိန်လူငယ် အယ်လ်ကာရက်ဇ်နှင့်ကစားရန် စီစဉ်ထားသည်။