Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, May 30
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 0 Views

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၅ ဒသမ ၃၈ သန်း ထပ်မံရောင်းချ

February 15, 20242 Mins Read
Share
Facebook Twitter

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၅ ဒသမ ၃၈ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်၌ ဒေါ်လာရှစ်သန်း ထုတ်ရောင်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်၌ နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်တွင် ဒေါ်လာကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ငါးသန်းနှင့် ဘတ်သန်း ၅၀၊ ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြား ငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့် ညီမျှသောတရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်း တည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည် ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည် ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(ခ)၊ (ဂ) နှင့် (ဃ) တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များ အနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့် ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့် တရားဝင်ရောင်းချနိုင်မည့် Platform များကို Importer များက တောင်းဆိုသဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေဝယ်လိုအား (Demand) နှင့်ရောင်းလိုအား (Supply) မျှတမှုရှိစေရန်အတွက်လည်းကောင်း၊ Online Trading Platform ကို ဗဟိုဘဏ်ဦးဆောင်မှု ဖြင့်တည်ထောင်ခဲ့ပြီး စျေးကွက်၏ လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ဆန်တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ရောင်းချမည်
Next Article ‌ယူကရိန်း စစ်ဆင်ရေးကို ဝေဖန်သူများအား ပိုင်ဆိုင်မှု သိမ်းဆည်းနိုင်မည့် ဥပဒေကို ရုရှား သမ္မတ ပူတင် လက်မှတ်ရေးထိုး
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.