Browsing: Sports

ပြင်သစ်ကလပ် PSG အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို လာမည့်နွေရာသီတွင် ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ဆုံးရှုံးရမည်ဖြစ်သည့်အတွက် ပြန်လည်အစားထိုးရန် တိုက်စစ်ကစားသမားများ ရှာဖွေလျက်ရှိသည်။ PSG…

မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်၏ အနာဂတ်အတွက် ယခုရက်ပိုင်းအတွင်း လာလီဂါကလပ်အသင်း(၄)သင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ဂရင်းဝုဒ်(၂၂ နှစ်)ကို လိင်ပိုင်းဆိုင်ရာ တရားစွဲဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ပြီးခဲ့သည့်နွေရာသီတွင် လာလီဂါကလပ် ဂီတာဖေးအသင်းထံ အငှားချခဲ့ပြီး အသင်းတွင် ပြန်လည်နေရာပေးလိုခြင်းမရှိတော့သည့်အတွက်…

ပြင်သစ်လက်ရွေးစင်အသင်း၏နည်းပြ ဒေးရွှမ့်က တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာနှင့် စကားပြောဆိုဖြစ်ခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ပေါ့ဘာသည် ရှောင်တခင်တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျမှုကြောင့် (၄) ပွဲပယ်ချမှတ်ခံထားရသူဖြစ်ပြီး အသက် (၃၁) နှစ်ကျော်ပြီဖြစ်သည့်အတွက် ၎င်း၏ကစားသမားဘဝ အဆုံးသတ်တော့မည်ဟု သုံးသပ်မှုများ…

ဘရာဇီးလ်နှင့် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ဘယ်လင်ဟမ်သည် ၎င်း၏ရီးယဲလ်အသင်းဖော်ဟောင်း ဇီဒန်းကဲ့သို့ စွမ်းရည်မျိုးရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် (၂၀) အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေကမှ ဒေါ့မွန်မှ ရီးယဲလ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ယူရို (၁၃၃.၉)…

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းနှင့်လက်တွဲညီခဲ့သည့် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်သော်လည်း ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို မပြင်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်အား ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း…

နယူးကဆယ်နည်းပြ အက်ဒီဟောင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးလျှင်ပင် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၀)မှတ်သာ ရရှိထားပြီး အဆင့် (၁၀)၌ ရပ်တည်နေသည်။…

အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းနှင့် နှစ်ကျော့ပေါင်း (၁-၁) သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၄-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် (၁၄) နှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့…

လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်း တို့၏ပစ်မှတ်ဖြစ်သည့် နည်းပြ ဇာဘီအလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ဖာနန်ဒိုကာရိုက တုံ့ပြန်ပြောကြားခဲ့သည်။ အသက် ၄၂ နှစ်သာရှိသေးသည့် လူငယ်နည်းပြ အလွန်ဆိုသည် လေဗာကူဆင်အသင်းအား စံချိန်တင် ရှုံးပွဲမရှိမှတ်တမ်းတင်ရှိနိုင်သည်အထိ ရလဒ်ပိုင်းကောင်းမွန်စေရန်…

ဘာစီလိုနာအသင်းသည် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ယမားလ်(၁၆ နှစ်)သည် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး လက်ရှိ နည်းပြ ဇာဗီ၏ ခေါ်ယူမှုဖြင့် အသင်းကြီးနှင့်အတူ…

ချယ်လ်ဆီးအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဂျီရိုနာအသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနေသည့် နည်းပြ မီချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိနည်းပြ ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်းမရှိသည့်အတွက် မီချယ်လ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ မီချယ်လ်သည်…