Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Sports
မန်ယူအသင်း၏ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေတွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။ ရက်ကလစ်ဖ်၏ INEOS အားကစားအဖွဲ့သည် မန်ယူဂန္ထဝင်ကစားသမားများနှင့်…
FAဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်က မိမိတို့အနေဖြင့် မည်သည့်ပြိုင်ဘက်မဆို အနိုင်ယူနိုင်စွမ်းရှိကြောင်းနှင့် အံ့အားသင့်ဖွယ်ရာများ လုပ်ဆောင်နိုင်မည့် ယုံကြည်မှုနှင့် စွမ်းအင်ရှိကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။ ”ဒါက အခိုက်အတန့်တစ်ခုဖြစ်နိုင်ပါတယ်။ ဒီအသင်းဆီမှာ အံ့သြဖို့ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ယုံကြည်မှုနဲ့ စွမ်းအင်ရှိပါတယ်။ လီဗာပူးလ်ကို…
တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ပွဲစဉ် ၃၀ အဖြစ် မတ် ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပွဲအပြီးတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင်…
ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်းဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆိုခဲ့သည်။ အောင်လအန်ဆန်က”Kill Cliff FC နဲ့ အတူရှိနေရတဲ့နေ့ရက်တွေက တကယ့်ကို ပြီးပြည့်စုံတဲ့ရက်တွေပါပဲ။ ငြီးငွေ့စရာကောင်းတဲ့စကားတွေပြောတတ်တဲ့ အလိမ်အညာသမား…
စပါးအသင်းခေါင်းဆောင် ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဖူလ်ဟမ်အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ စပါးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းကို အဝေးကွင်း၌ ဂိုးပြတ်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ”ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော် အပါအဝင်…
ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာက မန်စီးတီးမှ ထွက်ခွာပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အပတ်စဉ် ပွဲထွက်ကစားလိုခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပါလ်မာသည် ချယ်လ်ဆီးအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၃) ဂိုး သွင်းကာ ဂိုးဖန်တီးမှု (၁၁)…
ဒေါ့မွန်အသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသည့် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုသည် နည်းပြတန်ဟက်ဂ် ရာထူးမှမပြုတ်မချင်း မိခင်ကလပ် မန်ယူအသင်းထံသို့ ပြန်လာမည်မဟုတ်ကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်…
အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန်က ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်းကို စွန့်ခွာပြီး ကန့်ကွက်မှုများရှိနေသည့်ကြားမှ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဟန်ဒါဆန် သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာအသင်းထံသို့ ပေါင်…
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယခုရာသီတွင် ခြေစွမ်းပြနေသည့် အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို လက်ရွေးစင်အသင်းတွင် မရွေးချယ်ခြင်းမှာ ကစားသမားကိုယ်တိုင်က နိုင်ငံအသင်း၌ ကစားရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် မတ်လ ၁၄ ရက်နေ့က ဘရာဇီးလ်၊…
မန်ယူအသင်း၏ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုက စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေးသည် အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းက တွမ်မီနေးသည် အသင်းတိုင်းအတွက် လိုအပ်သည့် ကစားသမားမျိုးဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ “စကော့(တွမ်မီနေး)က အသင်းတိုင်းအတွက် လိုအပ်တဲ့ ကစားသမားမျိုးလို့ ထင်ပါတယ်။…