Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: World
ပင်လယ်နီတွင် ယီမင်၏ဟူသီရ်သူပုန်တို့က ကုန်သင်္ဘောများကို တိုက်ခိုက်မှုများကြောင့် အာမခံကြေးများကို မြင့်တက်သွားစေခဲ့ရာ ကုန်တင်ခများမြင့်တက်နေခြင်းနှင့် အချိန်ပိုကြာသောအခြားလမ်းကြောင်းမှ သင်္ဘောများ ခုတ်မောင်းနေရခြင်းတို့ကြောင့် များပြားနေသော ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေခဲ့သည်။ ဟူသီရ်တို့သည် ပင်လယ်နီကို ဖြတ်သန်းသော ကုန်သင်္ဘောများကို နိုဝင်ဘာကတည်းက တိုက်ခိုက်ခဲ့သည်။ ပင်လယ်နီသည်…
မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများက ပြောကြားသည်။ အသက် ၆၀ နှစ်ရှိ တာကီရှီအီဘီဆာဝါသည် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိသော မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုကူးသူ…
တရုတ်နိုင်ငံ တောင်ပိုင်းတစ်ဝန်းတွင် အပူချိန်များ ကျဆင်းနေပြီး ပေကျင်းမြို့တော်တွင် နှင်းများထူထပ်စွာ ကျဆင်းနေချိန်တွင် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် အမြင့်ဆုံးမိုးလေဝသ သတိပေးချက်များ ထုတ်ပြန်ထားသည်။ လက်ရှိအပူချိန် သုညဒီဂရီဆဲလ်စီးယက်စ်ရှိနေသည့် နိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၂၃…
မဲမသမာမှု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပါကစ္စတန်နိုင်ငံတစ်ဝန်း X ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုများ သုံးရက်ဆက်တိုက် ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအပေါ် စိုးမိုးခြယ်လှယ်မှုများရှိခဲ့သည်ဟု…
အရေးပါသော မြို့တစ်မြို့ကို လက်လွှတ်ဆုံးရှုံးထားရသော ယူကရိန်းတပ်ဖွဲ့များသည် နှောင့်နှေးနေသော ပြည်ပအကူအညီများကြောင့် ရုရှားနှင့်ထိပ်တိုက်တွေ့သည့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက်လုံးတွင် ယခု အခါအလွန်ခက်ခဲ့သော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် အရှိန်မြှင့်တင်ထားသော ရုရှားထိုးစစ်ကြောင့် ရုရှားသည်လွန်ခဲ့သော သီတင်းပတ်တွင် အရေးပါသော…
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေဖြင့် တော်ဝင်အသရေဖျက်မှု ဥပဒေချိုးဖောက်ခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမှုများထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဘီလျံနာတစ်ဦးဖြစ်သည့် သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက ခံဝန်ချုပ်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်။ သို့သော်သက်ဆင်အနေဖြင့် ခြေချင်းဝတ်တွင်…
အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ် အီရန်က ဖေဖော်ဝါရီ ၁၇ ရက် တွင် လေကြောင်းကာကွယ်ရေးစနစ်အသစ် နှစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ “ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်ခဲ့တဲ့ Araman ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်နဲ့ Azarakhsh အနိမ့်ပျံ လေကြောင်းကာကွယ်ရေးစနစ်ကို အခုမနက်ပိုင်းမှာ…
တရုတ်ကျောင်းသားများကို နိုင်ငံအတွင်းဝင်ရောက်မှုနှင့်ပတ်သက်ပြီး အနှောင့်အယှက်ပေးနေမှုကို ရပ်တန့်ရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန် ဒရို မာယော်ကက်စ်အား တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ ဝမ်သည် မာယော်ကက်စ်နှင့် သြစတြီးယားနိုင်ငံ…
ဖေဖော်ဝါရီ ၁၅ ရက်တွင် ဘန်ကောက်မြို့၌ အန္တရာယ်ရှိသော မြူများအုပ်စိုင်းနေခဲ့သောကြောင့် ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ရှောင်ရန် ယင်းမြို့ရှိ ဝန်ထမ်းများကို နေအိမ်မှပင် အလုပ်လုပ်ကြရန် ပြောထားရသည်။ လေထုညစ်ညမ်းမှုကို ရှောင်ရန် ပြည်သူ ၁၁ သန်းခန့်ရှိသော ဘန်ကောက်က…
လွန်ပရာဘန်မြို့တွင် အရုဏ်တက်ချိန်၌ သံဃာတော်များဆွမ်းခံ ထွက်လေ့ရှိသော်လည်း ကင်မရာ ကိုင်ဆောင်ထားသည့် ကမ္ဘာလှည့် ခရီးသွားများအပြား ရောက်ရှိလာခြင်းသည် ရှေးဟောင်းလာအိုမြို့၏ သာယာအေးချမ်းမှုကို ဖြိုခွဲခဲ့သည်။ ယူနက်စကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် ယင်းနေရာသည် လွန်ခဲ့သည့်နှစ် ပထမကိုးလတာကာ လအတွင်း ခရီးသွား ၈၀၀,ဝဝဝနီးပါး…