Author: admin

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၁၀ ရက်က ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး အမ်မာစတုန်းက Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကို ဆွတ်ခူးကာ ခီလီယံမာဖီက Oppenheimer ဇာတ်ကားဖြင့် ဇာတ်ဆောင်မင်းသားဆုကို ရသွားသည်။ အကောင်းဆုံးဇာတ်ကားဆုကိုမူ ရှေ့ဆုပေးပွဲများစွာတွင် ဇာတ်ကားဆုသိမ်းပိုက်ထားသည့် ဒါရိုက်တာခရစ္စတိုဖာနိုလန်၏လက်ရာ Oppenheimer ကပင်ရပြီး နိုလန်က ယင်းဇာတ်ကားဖြင့်ပင် အကောင်းဆုံးဒါရိုက်တာဆုရခဲ့သည်။ ထပ်မံပြီး Oppenheimer မှ ရောဘတ်ဒေါင်းနီဂျူနီယာက အကောင်းဆုံးဇာတ်ပို့မင်းသားဆုရပြီး ဇာတ်ပို့မင်းသမီးဆုကို The Holdovers ဇာတ်ကားမှ ဒဗိုင်ဂျွိုင်ရန်းဒို့ဖ်က ရယူသွားသည်။ Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What Was I Made For? သီချင်းက အကောင်းဆုံးမူရင်း တေးသီချင်းဆု ၊ ဂျပန်ဇာတ်ကား Godzilla Minus One က အကောင်းဆုံး Visual effects ဆုတို့အတွက် ရွေးချယ်ခံရသည်။ ခင်ပွန်းသည်ကိုသတ်သူဟု စွပ်စွဲခံရသူစာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ဇာတ်ကားက မူရင်းဇာတ်ညွှန်းဆုရပြီး အကောင်းဆုံးနိုင်ငံခြားဇာတ်ကားဆုကို The Zone of Interest ကရသွားသည်။ဆက်လက်ပြီး အန်နီမေးရှင်းဇာတ်ကားဆုကို The Boy and The Heron ၊ Documentary ဖြစ်ရပ်မှန် ဇာတ်ကားဆုကို 20 Day In Mariupol တို့ ရခဲ့သည်။မိတ်ကပ်နှင့်ဆံပင်အပြင်အဆင်ဆု ၊ ဝတ်စုံဒီဇိုင်းဆုတို့ကို Poor Things ကထပ်ရပြီး…

Read More

သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် တရုတ်ခေါင်းဆောင်များ၏ အထင်ကရနိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကာ အရှိန်အဟုန်နှေးကွေးနေသည့် နိုင်ငံ့စီးပွားရေးကို အားသစ်ပြန် လောင်းရန်လိုအပ်ကြောင်း ၎င်းတို့က ဝန်ခံပြောကြားခဲ့သည်။ ထိခိုက်ကျဆင်းနေသည့် အိမ်ခြံမြေစျေးကွက်၊ ပြည်တွင်းဝယ်လိုအား လျော့ကျခြင်းနှင့်လူငယ်များ အလုပ်လက်မဲ့ဖြစ်ပွားမှု စံချိန်တင်မြင့်တက်လာခြင်းတို့သည် တရုတ်၏စီးပွားရေးကို အကြီးအကျယ် သက်ရောက်မှုဖြစ်စေခဲ့သည်။ တရုတ်သည် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်ဟု ထိပ်တန်းတာဝန်ရှိသူများက ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စီးပွားရေးတိုးတက်မှု ငါးရာခိုင်နှုန်းရရှိရေး လျာထားချက်အားပြည့်မီရန်မလွယ်ကူ ကြောင်းနှင့် မမြင်နိုင်သည့်အန္တရာယ်များက စီးပွားရေးကို ဆွဲချနေကြောင်း ၎င်းတို့က ဝန်ခံခဲ့သည်။ သို့သော် ယင်းပြဿနာများကို ဖြေရှင်းရန်မည်သို့မည်ပုံစီမံထားသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ တရုတ်ခေါင်းဆောင်များသည် ၎င်းတို့၏ အုပ်ချုပ်မှုအပေါ် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရာတွင် အခွင့်အာဏာ ပိုမိုခိုင်မာစေရန်နှင့် မူဝါဒချမှတ်မှုများနှင့် ပတ်သက်၍လျှို့ဝှက်ထားခြင်းကို တင်းကျပ်ရန် တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့ပြီး နှစ်စဉ်သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် အစဉ်အလာကိုလည်း ဖျက်သိမ်းခဲ့သည်။ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုထည့်သွင်းကာ ဥပဒေသစ်အများအပြား အတည်ပြုပြဋ္ဌာန်း မည်ဟုလည်း ၎င်းတို့က ကတိပြုခဲ့သည်။ တရုတ်၏ အချုပ်အခြာအာဏာပိုင် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ကာ အမျိုးသားလုံခြုံရေးအတွက် နည်းစနစ်နှင့် လုပ်နိုင်စွမ်းတို့ကို ခေတ်နှင့်အညီ မွမ်းမံရန်အတွက် ဥပဒေသစ်အများအပြား အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းဥပဒေပြုအမတ်များက မတ်လ ၈ ရက်တွင် ကတိပြုခဲ့သည်။ ယင်းသည် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများဟု ယူဆသော ကိစ္စရပ်များအပေါ်အာရုံစိုက်မှု တိုးမြှင့်လာသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။ အဖွဲ့ဝင် ၁၇၀ ခန့်ပါဝင်သော အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ(NPCSC)၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေ…

Read More

အစ္စရေးတပ်ဖွဲ့များနှင့် ဟားမာ့စ်စစ်သွေးကြွများ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းက အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်ကို ပြင်းပြင်းထန် ထန်ဒုက္ခပေးလျက်ရှိစဉ် မွတ်စလင်တို့၏ရာ မာဒန်ဥပုသ်လသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသည့် အနေအထားဖြင့် မတ် ၁၁ ရက်တွင် ဂါဇာကမ်းမြောင်၌ စတင်ခဲ့သည်။ စားနပ်ရိက္ခာအကူအညီများတင် ဆောင်လာသော စပိန်အန်ဂျီအို သင်္ဘောတစ်စင်းသည် ဆိုက်ပရပ်မှ ဂါဇာကမ်းမြောင်ကမ်းရိုးတန်းကို ထွက်ခွာရန် ပြင်ဆင်နေသည်ဟု သိရသည်။ ဂါဇာကမ်းမြောင်သည် အငတ် ဘေးဆိုက်တော့မည်ဟု ကုလသမဂ္ဂက ထပ်တလဲလဲ သတိပေးထားသည်။ အစ္စရေးက လုံးလုံးလျားလျားနီးပါး ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ကို အောက်တိုဘာကတည်းက အခြေခံလူသား ချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သော အကူအညီများ ၏ အနည်းငယ်ကိုသာခွင့်ပြုပေးထားသည်ဟု အန်ဂျီအိုအဖွဲ့များက ပြောသည်။ မြေထဲပင်လယ်တစ်လျှောက် ဆိုက်ပရပ်နိုင်ငံမှ မိုင် ၂၃၀(ကီလိုမီတာ ၃၇၀) ခန့်ဝေး သောနေရာရှိ ဂါဇာကမ်းရိုးတန်းပေါ်တွင် မိုဟာမက်ဟာရာယာသည် ရပ်နေပြီး အကူအညီများ ရောက်လာမည်ကို မျှော်လင့်နေသည်။ “ကျွန်တော်က မနက်ကတည်းက စောင့်နေတာပါ။ မနက်ဖြန်ဟာ ရာမာဒန်အစဖြစ်ပါတယ်။ အခြေအနေက တော်တော်ဆိုးနေတာပါ”ဟု ၎င်းက ပြောသည်။ Open Arms အန်ဂျီအိုအဖွဲ့၏ သင်္ဘောသည် စားနပ်ရိက္ခာတန်ချိန် ၂၀၀ တင်ဆောင်လာပြီး ယင်းစားနပ်ရိက္ခာများကို ၎င်း၏မိတ် ဖက်အဖွဲ့ဖြစ်သော အမေရိကန်အန်ဂျီအိုအဖွဲ့ World Central Kitchen က ဂါဇာကမ်းရိုးတန်းတွင် ချပေးမည်ဟု ဆိုသည်။ အဆိုပါ သင်္ဘောသည် နာရီပိုင်းအတွင်း ထွက်ခွာတော့မည်ဟု ဆိုက်ပရပ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကွန်စတန်နီနော့လီ တင်ဘီယိုးတစ်က ဆိုက်ပရပ်သတင်းဌာနကို ပြောကြားခဲ့သည်။ ဂျော်ဒန်၊ အမေရိကန်၊…

Read More

ယူကရိန်းနယ်စပ်ဒေသရှိ ရုရှား၏ ရော့စတော့ဗ်မြို့အပါအဝင် နိုင်ငံတောင်ပိုင်းဒေသများတွင် ယူကရိန်းဒရုန်း ၄၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှားက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်းစစ်ပွဲ ၃ နှစ်ထဲ ဝင်ရောက်လာချိန်တွင် ယူကရိန်းသည် ရုရှားနိုင်ငံထဲသို့ ဒရုန်းများ ပုံမှန်လွှတ်တင်ပြီး တိုက်ခိုက်ခဲ့သည်။ “လေကြောင်းကာကွယ်ရေးစနစ်တွေဟာ ဘယ်ဂိုရော့ဒေသမှ ဒရုန်းတစ်စင်း၊ ကာ့စ်ဒေသမှာ ဒရုန်းနှစ်စင်း၊ ဗိုလ်ဂိုဂရက်ဒေသမှာ ဒရုန်းသုံးစင်းနဲ့ ရော့စ်တော့ဗ်ဒေသမှာ ဒရုန်း ၄၁ စင်းကို ကြားဖြတ်ထောက်လှမ်းပြီး ဖျက် ဆီးခဲ့ပါတယ်”ဟု ရုရှားစစ်တပ်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ရုရှားတောင်ပိုင်း ရော့စတော့ဗ်ဒေသသည် ယူကရိန်းတွင် စစ်ဆင်ရေး အစီအစဉ်များ ရေးဆွဲရန် ရုရှားစစ်တပ်အတွက် ဗဟိုချက်တစ်ခုုဖြစ်သည်။ ရော့စတော့ဗ်အုပ်ချုပ်ရေးမှူး ဗာစီလီဂိုလူဘက်ဗ်ကမူ ရုရှားတို့ သိမ်းပိုက်ထားသည့် ယူကရိန်း၏ နယ်မြေများအနီး အဇော့ပင်လယ်ပေါ်ရှိ တာဂန်ရော့မြိုကကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားတစ်ဦး ဒဏ်ရာရရှိသွားသော်လည်း သေဆုံးသူမရှိကြောင်း ၎င်းက ဆိုသည်။ ရုရှားစစ်တပ်နှင့် နီးစပ်သည့် လူမှုမီဒီယာ ချန်နယ်များတွင်မူ ယူကရိန်းသည် တာဂန်ရော့မြို့ရှိ လေယာဉ်စက်ရုံကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “တာဂန်ရော့မြို့က Berirv လေယာဉ် ထုတ်လုပ်ရေးစက်ရုံ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်”ဟု ရုရှားစစ်တပ်နှင့် ဆက်နွှယ်သည့် Rybar Telegram ချန်နယ်က ဖော်ပြခဲ့သည်။ နောက်ထပ်ပစ်မှတ်တစ်ခုမှာ မိုရိုဇော့စ်ခ်မြို့ရှိ ရုရှားစစ်တပ်၏ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုချန်နယ်က ဖော်ပြခဲ့သည်။ ယူကရိန်းနယ်စပ်နှင့် ရုရှားမြောက်ပိုင်းတွင် တည်ရှိသည့် ကာ့စ်ဒေသမှ အာဏာပိုင်များကလည်း ယူကရိန်း၏ တိုက်ခိုက်မှုကြောင့်…

Read More

မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဝင်ရောက်ဖြေသူဆို ကျောင်းသား/သူ စုစုပေါင်း ၅၇၆၇ ဦးရှိပြီး ၂၄၆ ဦး ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရင် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ၆၀၁၅ ဦးရှိပြီး ယနေ့(မတ် ၁၁ ရက်) တွင် စတင်ကျင်းပခဲ့သည့် မြန်မာစာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူပေါင်း ၅၇၆၇ ဦးရှိကာ ပျက်ကွက်သူ ၂၄၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “မွန်ပြည်နယ်အတွင်းမှာ တစ်ချို့မြို့နယ်တွေမှာဆိုရင် စာစစ်ဌာနတစ်ခုတည်းဘဲ ထားရှိတယ်လို့သိရတယ်။ အဓိကကတော့ စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က နည်းသွားတယ်။ မနှစ်တုန်းကလည်း ၆၀၀၀ ဝန်းကျင်ဘဲရှိခဲ့သလို ဒီနှစ်မှာလည်း စာမေးပွဲဖြေဆို ၆၀၀၀ ဝန်းကျင်ဘဲရှိပါတယ်” ဟု ပြောကြားသည်။ စာမေးပွဲဖြေဆိုခဲ့သည့် မြို့နယ်များအလိုက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်း ၄၆၁ ဦး၊ ဘီးလင်းမြို့နယ်အတွင်း ၃၉၃ ဦး၊ သထုံမြို့နယ်အတွင်း ၄၅၉ ဦးနှင့် ပေါင်မြို့နယ်အတွင်း ၄၃၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထို့အတူ မော်လမြိုင်မြို့နယ်အတွင်း ၁၄၄၈ ဦး၊ ချောင်းဆုံမြို့နယ်အတွင်း ၄၄၇ ဦး၊ ကျိုက်မရောမြို့နယ်အတွင်း၊ ၃၀၃ ဦး၊ မုဒုံမြို့နယ်အတွင်း ၇၄၈ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်း ၆၂၅ ဦးနှင့် ရေးမြို့နယ်အတွင်း ၄၅၃ ဦး စုစုပေါင်း ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်…

Read More

လောက်ကိုငြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် မတ်လ ၁၁ ရက် နောက်ဆုံးထား၍ MNDAA အဖွဲ့က ရွှေ့ပြောင်းခိုင်းထားကြောင်း ဗမာတန်းတွင် စျေးရောင်းချသူအချို့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားချက်အရ သိရသည်။ ထိုသို့ နေအိမ်ဆိုင်ခန်းများ ဖျက်သိမ်းရွှေ့ပြောင်းရန် မတ်လ ၉ ရက်က MNDAA အဖွဲ့က အကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် နေအိမ်ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယခုကိစ္စရပ်အား အကြောင်းကြားမှုမရရှိမီကတည်းက ကြိုတင်သတင်းကြားသဖြင့် MNDAA အဖွဲ့၏ လောက်ကိုင်မြို့ အုပ်ချုပ်ရေးရုံးထံ သုံးကြိမ်တိုင်သွားရောက်၍ နေအိမ်များကို ဖျက်သိမ်းခြင်းမပြုရန် အကူအညီတောင်းခံ တင်ပြခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဗမာတန်းဆိုင်ခန်းများ၏ အရှေ့ဘက်နှင့် နောက်ကြောဘက်တွင် တစ်လမ်းမောင်းလမ်း တစ်လမ်းစီရှိပြီး ဗမာတန်းသည် တစ်လမ်းမောင်းလမ်း နှစ်လမ်း၏ အလယ်တွင်ရှိနေသဖြင့် ယခုဖျက်သိမ်းရန်အကြောင်းပြချက်မှာ လမ်းချဲ့ရန်အတွက်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် လက်ရှိတစ်လမ်းမောင်း နှစ်လမ်း၏ အကျယ်မှာ ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး တစ်ပြိုင်တည်းသွားလာနိုင်ပြီး ပလက်ဖောင်းအကျယ်မှာလည်း တစ်ဖက်လျှင် ၁၀ ပေခန့်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါ ဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်း အလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းကြောင့် ဒေသခံများက ဗမာတန်းဟု ခေါ်တွင်ခြင်းဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်းမှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ MNDAA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ယင်းဆိုင်ခန်းများမှာ လမ်း၏ အလယ်တွင် ဆောက်ထားခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွင် လမ်းကြောကျပ်တည်းသည့် နေရာများကို လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း…

Read More

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက် အစီအစဉ်များ အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်း လိုင်းအား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားအား မတ် ၈ ရက်က ရန်ကုန်မြို့ရှိ lotte hotel တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ MAI က၂၀၂၄ ခုနှစ်အတွက် ရည်မှန်းချက် ကြီးမား သော ကွန်ရက်ချဲ့ထွင်မှုအစီအစဉ်ကို ထုတ်ဖော် ပြသရန်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင် မှုများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်သည့် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်း တင်ဆက်ပြသရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ MAI ၏ မိတ် ဖက်များ၊ မီဒီယာကိုယ်စားလှယ်များ၊ ခရီးသွား အေးဂျင့်များနှင့် MAIနှင့် mingalar စီမံခန့်ခွဲ မှုအဖွဲ့များမှ အဖွဲ့ဝင်များအပါအဝင် ဧည့်သည် တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။ “လက်ရှိမှာ စိန်ခေါ်မှုများစွာရှိနေပေမယ့် MAI အနေနဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ် ကွန် ရက်ကို ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ကျွန် တော်တို့ MAI ပျံသန်းနေတဲ့ ပြည်ပခရီးစဉ် အရေတွက် ၂၁ ထိ တိုးမြင့်လာနိုင်မှာဖြစ်တဲ့ ခရီးစဉ်သစ်တွေအနေနဲ့ မကြာမီမှာပဲ ချင်းမိုင်၊ ဗီယမ်ကျင်း၊ ဒါကာ နဲ့ ဒိုဟာမြို့တွေဆီကိုစတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အခုလို ထပ်မံပြေး ဆွဲမယ့် ခရီးစဉ်သစ်တွေက ခရီးသည်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို များစွာအကျိုးပြုမယ်…

Read More

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က မည်သည့်အချိန်၊ မည်သည့်ဖိုက်တာနှင့်မဆို ထိုးသတ်မည်ဟု ONE Championship ၏ မေးခွန်းအပေါ် တုံ့ပြန်ပြောဆိုခဲ့သည်။ ONE Championship သည် ပြီးခဲ့သည့်ရက်ပိုင်းက အောင်လအန်ဆန်နှင့် မကြာမီထိုးသတ်မည့်ဖိုက်တာမှာ မည်သူနည်းဟု ပရိသတ်များအား ၎င်းတို့၏ တရားဝင် Facebook လူမှုကွန်ရက်မှနေ၍ မေးခွန်းထုတ်ခဲ့သည်။ ONE Championship ၏ ယင်းမေးခွန်းအောက်တွင် အောင်လအန်ဆန်က ”ငါနဲ့ မကြာခင် ထိုးမယ့်သူက ဘယ်သူလဲ၊ မင်းသိပါတယ် ONE Championship၊ ငါက ဘယ်အချိန်၊ ဘယ်ဖိုက်တာနဲ့မဆို ထိုးမှာပါ”ဟု ပြန်လည်ရေးသားတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ONE Championship တို့အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ(၂၈) ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ(၆) ပွဲဖြစ်ပြီး (၁၂) လအတွင်း (၃) ပွဲထိုးသတ်ခွင့်ပေးရမည့် အချက်ပါဝင်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း လာမည့် လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့်ဧပြီတွင် ၎င်း၏ပွဲကိုမြင်တွေ့ရမည်ဟု ပြောကြားထားသည်။ ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် ပြီးခဲ့သည့်မတ်(၁) ရက်က လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့် စိန်ခေါ်သူ မာလီခင်တို့၏ပွဲကို ကာတာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ…

Read More

လေဗာကူဆင်အသင်း၏ စပိန်နိုင်ငံသားနည်းပြ အလွန်ဆိုသည် လွန်ခဲ့သည့် (၄)နှစ်ခန့်က မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။ ယင်းအချိန်က မန်စီးတီးအသင်းမှ လက်ထောက်နည်းပြ အာတီတာ ထွက်ခွာခဲ့ပြီးနောက် ဂွါဒီယိုလာအနေဖြင့် ၎င်းနေရာအတွက် အလွန်ဆိုအား ကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် အလွန်ဆိုသည် စပိန်ထိပ်သီးနည်းပြ ဂွါဒီယိုလာ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဆိုစီဒက်လူငယ်အသင်းကိုသာ ဆက်လက်ကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

Read More

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟောင်း ဒန်နီအဲလ်ဗတ်စ်သည် အကျဉ်းထောင်အတွင်း သေကြောင်းကြံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူ နေးအဲလ်ဗတ်စ်က သတင်းအမှားသာဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းခဲ့သည်။ ဒန်နီအဲလ်ဗတ်စ်(၄၀ နှစ်)သည် မုဒိမ်းမှုကြောင့် ဘာစီလိုနာမြို့မှ အကျဉ်းထောင်တွင် ထောင်ဒဏ်(၄)နှစ်ခွဲ ချမှတ်ခံထားရသည်။ ပြီးခဲ့သည့် စနေနေ့တွင် ဘရာဇီးလ်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးက ၎င်း၏လူမှုကွန်ရက်၌ ” ဘောလုံး၊ ဘီယာနှင့် မိန်းမလှများကိုချစ်သော ဒန်နီအဲလ်ဗတ်စ်သည် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီဟု သတင်းရရှိကြောင်း” ရေးသားခဲ့သည်။ အဆိုပါရေးသားမှုကို ၎င်း၏ ပရိသတ်များစွာက ပြန်လည်ဖြန့်ဝေခဲ့သည့်အတွက် နေးအဲလ်ဗတ်စ်က ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော့်ညီ သေတာကို မြင်ချင်နေကြတဲ့ လူတွေရဲ့အပြုအမူက ရက်စက်လွန်းရာကျပါတယ်။ သူ ပြစ်ဒဏ်ကျခံနေရတာ မလုံလောက်သေးဘူးလား”ဟု ဆိုခဲ့သည်။ ဒန်နီအဲလ်ဗတ်စ်၏ အကြံပေးအဖြစ် ဆောင်ရွက်နေသည့် ဖယ်လီဂျာက သတင်းအမှားကို ပထမဆုံးဖြန့်ဝေခဲ့သူအား ဥပဒေကြောင်းအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Read More