Author: admin

Netflix က လူအများစောင့်မျှော်နေကြသည့် ဇာတ်လမ်းတွဲဖြစ်သော “Parasyte: The Grey ”၏ ရုပ်သံအမြည်းနှင့် ပိုစတာတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ ယွန်းဆန်းဟို ရိုက်ကူးသည့် ယင်းဇာတ်လမ်းတွဲသည် ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားသော manga“Parasyte ”၏ ကမ္ဘာကိုချဲ့ထွင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲသည် ကပ်ပါးကောင်တစ်ကောင်နှင့် အတူယှဉ်တွဲနေထိုင်နေရသည်ကို သိရှိလာသော ဆူအင်း(မင်းသမီးဂျောင်ဆို နီး)အမည်ရှိ အမျိုးသမီးနှင့် ယင်းအမျိုးအမည်မသိသည့် ကပ်ပါးပုံစံများကို တိုက်ဖျက်ရန် ကတိပြုထားသည့် Team Grey အဖွဲ့တို့ကို ဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်သည်။ “Parasyte: The Grey ”ရုပ်ရှင်သည် နိုင်ငံနှင့် ဒေသ ၃ဝကျော်တွင် အုပ်ရေ ၂၅ သန်းကျော်စံချိန် တင်ရောင်းချနိုင်သည့် ဟီတိုရှီအိုင်ဝါကီ ရေးသားထားသော မူလကာတွန်း “Parasyte ”ကို အခြေခံ၍ရိုက် ကူးထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်သည် လူသားတစ်ဦး၏ ဦးနှောက်မှတစ်ဆင့် ကပ်ပါးကောင်ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် စိတ်ကူးယာဉ်ဇာတ်လမ်းကို ပုံဖော်ထားသည်။ ပိုစတာ၌ လူသားတစ်ဝက်၊အခြားမျိုးစိတ်တစ်ဝက်ဖြစ်နေသည့် ဆူအင်း၏ အနီးကပ်ဓာတ်ပုံကို ဖော်ပြ ထားသည့်အတွက် လူအများ၏ ပိုမိုစိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ၎င်း၏နောက်ဘက်တွင် ကပ်ပါးကောင်ဘောလုံးများက လူသားတစ်ဦး၏ဘဝကို ကျယ်ကျယ်ပြန့် ပြန့် ထိုးဖောက်နေကြောင်း အရိပ်အမြွက်ဖော်ပြထားသည်။ ဇာတ်လမ်းအမြည်းအား ကပ်ပါးကောင် ဝင်ရောက်နေထိုင်နေသော ဆူအင်း၏ ဖျတ်ခနဲအကြည့် တစ်ချက်ဖြင့် အဆုံးသတ်ထားရာ ဆူအင်းသည် လူသား သို့မဟုတ် ကပ်ပါးကောင်ကမ္ဘာနှစ်ရပ်လုံးတွင်အ ပြည့်အဝ မထိန်းချုပ်နိုင်သော သန္ဓေပြောင်းသတ္တဝါမည်သို့ ဖြစ်လာပုံကို လူအများက စိတ်ဝင်စားလျက်ရှိသည်။

Read More

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် မတ် ၇ ရက်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ၎င်း၏အဓိကပြိုင်ဘက် ဒေါ်နယ်ထရန့်ကို ပြင်းပြင်းထန်ထန်ထိုးနှက်ဝေဖန်ခဲ့သည်။ အသက် ၈၁ နှစ်အရွယ်သမ္မတဂျိုးဘိုင်ဒင်သည် မိန့်ခွန်းအဖွင့်တွင်ပင် ဝေဖန်ထိုးနှက်သည့်စကားများကို ပြောကြားခဲ့ကာ ရီပတ်ဘလီကင်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဦးညွှတ်နေသည်ဟု စွပ်စွဲပြော ကြားခဲ့သည်။ ထို့အပြင် ကိိုယ်ဝန်ဖျက်ချသည့် ကိစ္စမှသည် စီးပွားရေးအထိအားလုံးနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။ “သမ္မတ လင်ကွန်းနဲ့ပြည်တွင်းစစ် နောက်ပိုင်းကတည်းက လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီဟာ ကိုယ့်ပြည်တွင်းမှာ ဒီနေ့လောက် စော်ကားခံရတာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အခါသမယကို ရှားရှားပါးပါးဖြစ်သွား စေတဲ့အရာကတော့ ပြည်တွင်းနဲ့ပြည်ပမှာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီတို့ တိုက်ခိုက်ခံနေရတာပဲဖြစ်ပါတယ်”ဟု ဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။ ယင်း နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားနေစဉ် သမ္မတတစ်ဦးက ရွေးကောက်ပွဲပြိုင်ဘက်ကို တိုက်ရိုက် ဝေဖန်တိုက်ခိုက်ခဲ့ရာတွင် ဘိုင်ဒင်သည် ထရန့်၏အမည်ကို ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း “ကျွန်တော့်ရှေ့က လူ”ဟု ၁၃ ကြိမ်သုံးနှုန်းကာ ဝေဖန်ခဲ့သည်။ နေတိုးနှင့်ပတ်သက်၍ အမေရိကန်၏လုပ်ဆောင်ချက်အကြောင်း မကြာသေးမီကထရန့်ပြောကြားခဲ့သော စကားမှာ ရုရှားခေါင်းဆောင်ထံ ဦးညွှတ်လိုက်သောစကားဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့ရာ ယင်း စကားကြောင့် ဒီမိုကရက်များက သြဘာပေးခဲ့သည်။ “ကျွန်တော်ကတော့ ဦးညွှတ်မှာမဟုတ်ပါဘူး”ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။ သမ္မတတစ်ဦးက နှစ်စဉ်ပြောကြားသော နိုင်ငံတော်အခြေပြမိန့်ခွန်းသည် သမ္မတ၏ အရင်းနှီးဆုံး နိုင်ငံရေးမိတ်ဖက်များနှင့် အနီးဆုံး ပြိုင်ဘက်များ၏ရှေ့မှောက်တွင် သမ္မတအဖြစ် ပြန်လည် အရွေးခံရရေးအတွက် အကောင်းဆုံးစည်းရုံးနိုင်သည့် မိန့်ခွန်းဖြစ်သည်။ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ပြော ကြားသော ယင်းမိန့်ခွန်းကို အမျိုးသားရုပ်သံမှ မဲဆန္ဒရှင်ပြည်သူ သန်းပေါင်းများစွာကြည့်ရှုကြသည်။ ဒီမိုကရက်များက ဘိုင်ဒင်ကိုနောက်ထပ်လေးနှစ်ဟု အော်ပြောကြားခဲ့ကြပြီး ဒုတိယသမ္မတ ကာမလာဟဲရစ်က ထိုင်ခုံမှထကာ ဘိုင်ဒင်ကို လက်ခုပ်သြဘာပေးခဲ့သော်လည်း ရီပတ်ဘလီကင်…

Read More

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အပေါ် အမေရိကန်၏ ထိန်းချုပ်ဟန့်တားမှုများကို မတ် ၇ ရက်က ဝေဖန်ခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေးကို ချီးမွမ်းပြောဆိုခဲ့ကာ ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲသည် လူမှုတိုးတက်ရေးအတွက် အရှက်ရစရာ ကောင်းကြောင်း ပြောကြားခဲ့သည်။ တရုတ်အပေါ် ထိန်းချုပ်ဟန့်တားရန် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အပြစ်တင်နေသည့် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများသည် မယုံကြည်နိုင်လောက်သည့် အခြေအနေအထိ ရောက်ရှိခဲ့သည်ဟု ဝမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဝမ်သည် မတ် ၇ ရက်က တရုတ်၏ အကြီးဆုံး နှစ်ပတ်လည် နိုင်ငံရေးညီလာခံတွင် မီဒီယာများနှင့် သီးသန့်တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။ တရုတ်၏ လွှတ်တော်နှင့် နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တို့၏ အပြိုင်ကျင်းပသည့် အစည်းအဝေးနှစ်ခုတွင် သမ္မတ ရှီကျင်းပင်၏ ကွန်မြူနစ်ပါတီဦးဆောင်သည့် အစိုးရအဖွဲ့၏ လာမည့်နှစ်အတွက် ချမှတ်ထားသည့် မ ဟာဗျူဟာကို ရိုးတိုးရိပ်တိပ်မြင်တွေ့ခဲ့ရသည်။ ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ထဲဝင် ရောက်လာချိန်နှင့် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ဆက်လက်တည်ရှိနေချိန်တွင် လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေများ၌ တရုတ်ခေါင်းဆောင်များ၏ ယုံကြည် ချက်ရှိမှုနှင့်ပတ်သက်ပြီး ယခုနှစ် လွှတ်တော်ညီလာခံသည် အနီးကပ်စောင့်ကြည့်ခံနေရသည်။ တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးကို အန္တရာယ်ရှိစေသည့် တရုတ်၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ယခုသီတင်းပတ်အတွင်း အာဆီယံနှင့် သြစတြေးလျ ခေါင်းဆောင်များက သတိပေးခဲ့ပြီးနောက် ဝမ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှုနှင့် အတူ တရုတ်၏ နိုင်ငံရေးချဲ့ထွင်မှုသည် နယ် ပယ်ကဏ္ဍအများအပြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ပြီး ထိုကြေညာချက်ကို နိုင်ငံတကာ အနုညာတခုံရုံးက တရားမဝင်ကြောင်း…

Read More

မတ်လ ၈ ရက်က ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၀၄၀၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်မတ်လ ၆ ရက်နံနက်က စျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား လျှင် ၃၉၉၈၀၀၀ ဝန်းကျင်ဖြင့် စတင်ဖွင့်ခဲ့ပြီး မတ်လ ၆ ရက် နေ့လည်ပိုင်းတွင် တစ်ကျပ်သားလျှင် သိန်းလေးဆယ် ဝန်းကျင်သို့ရောက် ရှိလာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၁၁၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့် ခဲ့ပြီး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၃၁၀၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၁၃၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Read More

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့် ခန်း (MILAN-2024) နှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း ((6th IMNEX) သို့ ပါဝင်တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါနိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန် မာနိုင်ငံမှ စစ်ရေယာဉ် (ဆင်ဖြူရှင်) အပါအ ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၁၃ စင်းနှင့် ကင်းထောက်လေယာဉ် တစ်စင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ တက်ရောက် ခြင်း၊ ှ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ MILAN Young Officer Interaction အစီ အစဉ်တွင် အရာရှိငယ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း ၊ International City Parade ၌…

Read More

ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်သည်။ အဆိုပါ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် အရေးကြီး ကုန်စည်များအဖြစ် သတ်မှတ်ထားသည်။ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် အဆိုပါအရေးကြီး ကုန်ပစ္စည်းများကို စျေးကွက်အတွင်း စျေးနှုန်းမြင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ယင်းသို့ ရည်ရွယ်ချက်များ၊ စျေးမြင့်တင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် အသိပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Read More

မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် ထင်ကြေးပေးခံရသည့်စာရင်းတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်လည်း ပါဝင်လာကြောင်း Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းတာဝန်ရှိသူများသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိိပါက လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ ယခုအခါ မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာနိုင်ဖွယ်ရှိသူအဖြစ် ဆောက်ဂိတ်လည်း ထင်ကြေးပေးခံလာရခြင်းဖြစ်သည်။ ဆောက်ဂိတ်ကလည်း ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းကို ကိုင်တွယ်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

Read More

အာဆင်နယ်အသင်း၏ နည်းပြ ဖြစ်သူ မီခေးလ်အာတီတာက နောက်ဆုံးကစားခဲ့သည့် အမှတ်ပေးပွဲစဉ် (၄)ပွဲတွင် (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ ပြီး (၁)ဂိုးသာ အသွင်းခံခဲ့ရသည့် စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆိုခဲ့သည်။ အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲတွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် (၆)ဂိုးပြတ်၊ ဘန်လေအသင်းကို အဝေးကွင်းတွင် (၅)ဂိုးပြတ်၊ နယူးကာဆယ်အသင်းကို အိမ်ကွင်းတွင် (၄-၁)ဂိုးနှင့် ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်းတွင် (၆)ဂိုးပြတ်တို့ဖြင့် အသီးအသီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းစွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး အာတီတာက “ဒါဟာ သိပ်ကိုထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့ခြင်းလည်းဖြစ်တယ်။ ကျွန်တော်တို့အသင်း ဒီလောက်များတဲ့ ဂိုးအရေအတွက်တွေကို သွင်းယူနိုုင်ခဲ့ခြင်းမှာ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း အများကြီးတွေ့ရတယ်။ ဒါ့အပြင် ခံစစ်ပိုင်း စွမ်းဆောင်ရည်မှတ်တမ်းကလည်း အရမ်းကောင်းမွန်ခဲ့ပါ တယ်။ ကျွန်တော်တိုု့အသင်းက ဂိမ်းတစ်ခုရဲ့ အဓိကအစိတ်အပိုင်းနှစ်ခုစလုံးမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ဒါဟာ ကျွန်တော်တို့အသင်း အမြဲကြိုးစားနေတဲ့အရာလည်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Read More

အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီက ကွန်းဖရန့်လိဂ်ဖလား ရယူလိုသည်ဟု ပြောကြားခဲ့သည်။ အူနိုင်းအမ်မရီက မိမိအနေဖြင့် ဥရောပမှပြိုင်ပွဲအားလုံးကို လေးစားမှုရှိကြောင်းလည်း ပြောကြားခဲဲ့သည်။ ဆီဗီလာနှင့် ဗီလာရီးယဲလ်အသင်းတို့ကို ကိုင်တွယ်ခဲ့စဉ် ယူရိုပါလိဂ်ချန်ပီယံဆုကို (၄)ကြိမ် ရယူနိုုင်ခဲ့သည့် အူနိုင်းအမ်မရီက ယခုအခါ အက်စတွန်ဗီလာအသင်းနှင့်အတူ ကွန်းဖရန့်လိဂ်ဖလားကို ရယူလိုနေခြင်းဖြစ်သည်။ အူနိုင်းအမ်မရီက “ကျွန်တော် ဗီလာရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ကစားခဲ့ဖူးပြီး ယူရိုပါလိဂ်ချန်ပီယံဆုကိုလည်း ရယူခဲ့ဖူးပါတယ်။ ကျွန်တော် ဥရောပက ပြိုင်ပွဲအားလုံးကို လေးစားမှုရှိပါတယ်။ အခု ကွန်းဖရန့်လိဂ်ချန်ပီယံဆုကို ရယူချင်နေပါတယ်”ဟု ပြောကြားခဲ့သည်။

Read More

ဘာစီလိုနာအသင်းသည် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား လာမည့် ၂၀၂၄ နွေရာသီတွင် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း Sport က ဖော်ပြခဲ့သည်။ အသက် (၃၀)နှစ် အရွယ်ရှိ ဒီဘားလားသည် ရိုးမားအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေသော်လည်း လာမည့်နွေတွင် ပြည်ပကလပ်အသင်းထံသို့ ယူရို (၁၂) သန်းဖြင့် ပြောင်းရွှေ့ခွင့်ရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ ဘာစီလိုနာအသင်းက ၎င်းကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း Sport က ဖော်ပြခဲ့သည်။ လက်ရှိတွင် ဒီဘားလားအား ခေါ်ယူရန် ဘာစီလိုနာအပြင် အက်သလက်တီကိုနှင့် ဝက်စ်ဟမ်းအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ဒီဘားလားအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက ရိုးမားအသင်းတွင် ရရှိနေသည့်လစာထက် လျှော့ယူရဖွယ်ရှိကြောင်းလည်း သိရသည်။ ဒီဘားလားသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၁၃) ဂိုး သွင်းယူထားသည်။

Read More