Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 6
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

အိန္ဒိယနိုင်ငံတွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်းနှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း၌ ပါဝင်ခဲ့သည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

March 8, 20241 Min Read
Share
Facebook Twitter

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့် ခန်း (MILAN-2024) နှင့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း ((6th IMNEX) သို့ ပါဝင်တက်ရောက်ခဲ့သည့် တပ်မတော် (ရေ) မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါနိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန် မာနိုင်ငံမှ စစ်ရေယာဉ် (ဆင်ဖြူရှင်) အပါအ ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၁၃ စင်းနှင့် ကင်းထောက်လေယာဉ် တစ်စင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ တက်ရောက် ခြင်း၊ ှ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ MILAN Young Officer Interaction အစီ အစဉ်တွင် အရာရှိငယ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း ၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ MILAN Village ၌ နိုင်ငံတကာယဉ်ကျေးမှု ပြပွဲတွင် ကပြဖျော်ဖြေခြင်းနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓ ဂါယာနှင့် တာ့ချ်မဟာ Taj Mahal) သို့ သွား ရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက် အထိ ဆောင်ရွက်ခဲ့သည့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း (6th IMNEX) တွင် ဆိပ်ကမ်းအခြေပြု လေ့ ကျင့်ခန်းများဆောင်ရွက်ခြင်း၊ စစ်ရေယာဉ် များ အပြန်အလှန်လေ့လာခြင်း၊ အိန္ဒိယစစ်ရေ ယာဉ် INS Kamorta (P 28) နှင့်ပူးပေါင်း၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ် (ဆင်ဖြူရှင်) ဖြင့် ယခုသွား ရောက်ခဲ့သည့် ခရီးစဉ်အသွားအပြန်သည် စုစုပေါင်း ရေမိုင် ၂၆၅၀ မိုင်ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်) အား အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) ရေတပ် လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ထွန်းလူနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleကိုဗစ်ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စျေးနှုန်းမြင့်တင်ခြင်း၊ စျေးကစားရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် သတိပေး
Next Article မတ် ၈ ရက်က ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ဝန်းကျင်ရှိနေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.