iPhone 16 Pro နှင့် iPhone 16 Pro Max တွင် ပါဝင်မည့်အရောင်များတွင် ယခင်ကကောလဟာလထွက်ထားသည့်နှင်းဆီရောင်ထက် အညိုရောင်ပါဝင်နိုင်တယ်လို့ မကြာသေးမီကပဲ သိခဲ့ကြပြီးဖြစ်ပါတယ်။ ယခုအခါတွင်၊ ဤအရောင်သစ်အတွက် နောက်ထပ်အထောက်အထားများ ထွက်ပေါ်လာခဲ့ကာ ကနဦးယုံကြည်ထားတာထက် ပိုမိုသာယာလှပလို့နေပါတယ်။
X တွင် ပို့စ်တင်ခြင်း(9to5Mac မှတဆင့်) ဖြင့် ပေါက်ကြားစေခဲ့သည့် နာမည်ကျော် သတင်းပေးသူ Majin Bu သည် iPhone 16 Pro နှင့် Pro Max အတွက် ရောင်စုံကင်မရာမှန်ဘီလူးကွင်းပုံပေါ်သည့်ပုံကို မျှဝေခဲ့တာ ဖြစ်ပါတယ်။ ကွင်းကို ငွေရောင်၊ အနက်ရောင်၊ မီးခိုးရောင် (ခဲရောင်) နှင့် ရွှေညိုရောင် (ကြေးဝါရောင်) တို့ အပါအဝင် အရောင်လေးမျိုးဖြင့် ပြသထားပါတယ်။
ထိုအရောင်အများစုသည် iPhone 15 Pro လိုင်းအတွက် ရနေပြီဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားစရာမဟုတ်ပါ။
စိတ်ဝင်စားစရာကောင်းသည်က iPhone 15 Pro ၏ Blue Titanium ကို အစားထိုးနိုင်သော ‘Desert Titanium’ ဟု Majin Bu ခေါ်သည့် ရွှေညိုရောင် (ကြေးဝါရောင်) ဖြစ်သည်။
ရွှေညိုရောင် (ကြေးဝါရောင်) လာမည်လော၊ သို့မဟုတ် ယခင်ပေါက်ကြားခဲ့သည့် နှင်းဆီရောင်ကို မြင်ရမလား? အရောင်လေးမျိုးသာ ပေးလေ့ရှိသောကြောင့် နှစ်ခုစလုံးတော့ ဖြစ်နိုင်ဖွယ်မရှိပေ။
Apple သည် iPhone 16 စီးရီးစ်ကို လာမည့်လ (ယခုနှစ် စက်တင်ဘာ) 10 ရက်မှာ Airpod4 နှင့်အတူ မိတ်ဆက်ပြသမှာဖြစ်တယ်လို့လည်း Majin Bu ရဲ့ ပေါက်ကြားစေမှုအရ သိရပါတယ်။