Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 25
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Sports 0 Views

ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်ကြောင်း NBA အကျော်အမော် လီဘရွန်ဂျိမ်းစ် ဖွင့်ဟ

April 4, 20241 Min Read
Share
Facebook Twitter

NBA နာမည်ကြီးဘက်စကတ်ဘောသမား လီဘရွန်ဂျိမ်းစ်က ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူရန် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

LA Lakers အသင်းမှ လီဘရွန်ဂျိမ်းစ် သည် ဘရွတ်ကလင်းနက်စ်အသင်းအား (၁၁၆-၁၀၄)မှတ်ဖြင့် အနိုင်ယူခဲ့သည့်ပွဲတွင် အသင်းအတွက် ရမှတ်ပေါင်း ၄၀ မှတ်အထိ ရယူပေးပြီးနောက် ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

“သိပ်မကြာတော့ပါဘူး။ နောက်ထပ်လည်း ၂၁ နှစ်ကြာအောင် ကျွန်တော် မကစားတော့ပါဘူး။ ဒါက ဖြစ်လာမှာ အသေအချာပါပဲ။ ဘယ်အချိန်မှာ တံခါးပိတ်ရမယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အချိန်များများစားစား မကျန်တော့ပါဘူး”ဟု လီဘ ရွန်ဂျိမ်းစ်က ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်ရှိပြီ ဖြစ်သည့် လီဘရွန်ဂျိမ်းစ်က ၂၀၀၃ ခုနှစ်က တည်းက NBA ပြိုင်ပွဲတွင် စတင်ကစားခဲ့ခြင်း ဖြစ်ပြီး ဘရွတ်ကလင်းနက်စ်အသင်းအား အနိုင်ရသည့်ပွဲတွင် Three Pointers ကိုးကြိမ် ရယူခဲ့ကာ သူ၏ကစားသမားသက်တမ်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း အများဆုံးစံချိန်ကို ထပ်မံလိုက်မီခဲ့သည်။

လီဘရွန်ဂျိမ်းစ်အနေဖြင့် ယခုပွဲမှာ ကစားသမားဘဝ ၁၄၈၅ ပွဲ မြောက်ဖြစ်ပြီး ယခုရာသီတွင် ပွဲစဉ်တစ်ပွဲအတွင်း ရမှတ် ၄၀ အထိ ရယူနိုင်မှုမှာ တတိယအကြိမ်မြောက်ဖြစ်ကာ နောက်ဆုံးမှာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်က ဂိုးလ်ဒင်းစတိတ်ဝါရီယာစ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲတွင် ရရှိထားခြင်းလည်း ဖြစ်သည်။

LA Lakers အသင်းသည် ယင်းပွဲပြီးကတည်းက ကစားခဲ့သည့် အမှတ်ပေးပွဲစဉ် ခြောက်ပွဲတွင် ငါးပွဲ အထိ အနိုင်ရခဲ့ပြီး အနောက်ပိုင်းဇုန်တွင် အဆင့် ကိုးနေရာ ရပ်တည်နေကာ NBA ပြိုင်ပွဲ Play-0ffs ယှဉ်ပြိုင်ခွင့်အတွက် လက်ကျန်ပွဲများတွင် အမှားမရှိအောင် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအိန္ဒိယတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများစတင်နေစဉ် မြို့တော်နယူးဒေလီ၌ လူထောင်ချီ စုဝေးဆန္ဒပြ
Next Article အသင်းကို ကူညီရန် နေရာစုံတွင်ကစားနိုင်ကြောင်း ဂျေးဇူး ဆို
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.