Browsing: World

လက်ရှိတွင် ထောင်ဒဏ်ကျခံနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ထောင်ဒဏ်ခြောက်နှစ်ကျခံရန် မလေးရှားနိုင်ငံ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်က အတည်ပြုပြောကြားခဲ့သည်။ နာဂျစ်သည် ဒေါ်လာဘီလျံပေါင်းများစွာချီသည့် 1MDB ဘဏ္ဍာရေးအရှုပ်တော်ပုံတွင် အများပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်သည့် ပြစ်မှုများနှင့်ပတ်သက်၍…

အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးအသစ်များ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည်အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက စစ်လက်နက်အင်အား ပြသမှုများကို ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ပြိုင်ဘက် တောင်ကိုရီးယားကို စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။ အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့…

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကင်ဆာရောဂါဖြစ်ပွားသည့် လူနာအသစ်အရေအတွက် ၃၅ သန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကင်ဆာရောဂါဆိုင်ရာ အေဂျင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် သတိပေးခဲ့သည်။ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် ၇၇ ရာခိုင်နှုန်း…

မြောက်ကိုရီးယားနိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ခေါင်းဆောင်ကင်ဂျုံအွန်သည် ၎င်း၏ ရေတပ်အင်အားကို မြှင့်တင်ရန်တွန်းအားပေးသည့်အနေဖြင့် သင်္ဘောကျင်းတစ်ခုသို့ သွားရောက်ပြီး စစ်သင်္ဘောများကို စစ်ဆေးကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်း ကင်သည် တောင်ကိုရီးယားကို မြောက်ကိုရီးယား၏…

ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးနှင့်ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေသည့်ကြားထဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ တပ်ဖွဲ့များက ဂါဇာတွင် နောက်ထပ်လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်တွင် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ (UNRWA) ကို ပိတ်ရန်…

ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေးကိစ္စ မိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်သည်ဆိုသော်လည်း အရှေ့အလယ်ပိုင်းဒေသ၌ ပိုမို ကျယ်ပြန့်သောစစ်ပွဲကို ၎င်းအလိုမရှိဟု ဆိုသည်။ အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့် နှစ်တွင် ဖိအားများ…

ထိုင်း နိုင်ငံ တွင် လူဝင်မှုကြီးကြပ်ရေးစွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ရုရှား-ဘယ်လာရုစ် ရော့ခ်ဂီတအဖွဲ့နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်နှင့်လုံခြုံရေးအကြီးအကဲများပါဝင်သည့် ထိုင်းလုံခြုံရေးကောင်စီက စစ်ဆေးအဆုံးအဖြတ်ပေးမည်ဟု ဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင်ပြောကြားသည်။ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းစစ်ပွဲကို ဝေဖန်ထားသည့် Bi-2 ရော့ခ်ဂီတအဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က…

ဇန်နဝါရီ ၃၀ ရက်က တရုတ်နှင့် အမေရိကန်တို့သည် ဖန်တနိုင်းမူးယစ်ဆေး ထုတ်လုပ်သည့် ပါဝင်ပစ္စည်းများ ထုတ်လုပ်မှုကို ထိန်းချုပ်ဟန့်တားမည့် ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့သည်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံသည် အငြင်းပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နေသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်တည်ဆောက်ရန်…

ဇန်နဝါရီ ၃၀ ရက်က မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက်ကမ်းလွန်ရေပြင်ထဲသို့ ခရုစ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် ပြိုင်ဘက်နိုင်ငံများ၏ ခံစစ်အကာအကွယ်များကို ဖြိုဖျက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို ထုတ်ဖော်ပြသမှုများ ဆက်တိုက်ပြုလုပ်နေပြီး ယင်းလက်နက်စမ်းသပ်မှုများကို ယခုလအတွင်း…

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ဗီယက်နမ်သို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံကမ်းခြေစောင့်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တောင်တ ရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။ နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးထရီလျံကျော် ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်း…