Author: admin

ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့၏စိတ်ဝင်စားခြင်းကို ခံနေရသည့် ဘာစီလိုနာနောက်ခံကစားသမား အာရူဟိုက မိမိအနေဖြင့် လက်ရှိအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လာမည့်နွေတွင် အသင်းနောက်ခံကစားသမား အာရူဟိုအား ရောင်းထုတ်မည်ဟု သတင်းထွက်နေပြီး ၎င်းကိုခေါ်ယူရန် မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ သို့သော် အာရူဟိုက ”အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လူတွေ ပြောနေတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပါတယ်။ ပြီးတော့ လက်ရှိမှာ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ထားတာပါ။ ပြီးရင် ဥရုဂွေးအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲလည်း ကစားရဦးမှာပါ”ဟု ပြောကြားခဲ့သည်။ အာရူဟိုသည် ဘာစီလိုနာအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၁) ပွဲ ပါဝင်ကစားထားသည်။

Read More

The Witches ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် အမေရိကန်ရုပ်ရှင်မင်းသမီး အန်းဟတ်သဝေးက ကိုယ်ဝန်ဆောင်သည် ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့သည်ဟု မကြာသေးမီက Vanity Fair နှင့် အင်တာဗျူးတွင် ဖွင့်ဟလိုက်သည်။ သီတင်းပတ်ခြောက်ပတ်ကြာ တစ်ကိုယ်တော်ပြဇာတ် Grounded တွင် ပါဝင်သရုပ်ဆောင်ရင်း ယင်းသို့ကြုံခဲ့ရသည့်အကြောင်းကို အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဟတ်သဝေးက ရင်ဖွင့်ပြောပြသွားခြင်းဖြစ် သည်။ အန်းဟတ်သဝေးကိုယ်တိုင် ပရိုဂျူဆာအဖြစ် ထုတ်လုပ်ပြီး ဒါရိုက်တာဂျူလီတေမာ ရိုက်ကူးညွှန်ကြားသည့် Grounded ပြဇာတ်သည် အရှေ့အလယ်ပိုင်းရှိ အမျိုးသမီးတိုက် လေယာဉ်မှူးတစ်ဦး မထင်မှတ်သည့်ကိုယ်ဝန် ကြောင့် အလုပ်ကိုစွန့်လိုက်လိုက်ရသည့်အကြောင်း ရိုက်ပြထားခြင်းဖြစ်သည်။ ပထမဆုံးကိုယ်ဝန်က ၎င်းအတွက် အဖတ်မတင်ခဲ့ဟု ဟတ်သဝေးက အင်တာဗျူးတွင်ဆိုပြီး သူငယ်ချင်းများ ဇာတ်စင်နောက်သို့ ရောက်လာစဉ်က ကိုယ်ဝန်ပျက်ကျမှု အဖြစ်မှန်ကို ပြောပြလိုက်သည်။ဇာတ်စင်ပေါ်တွင် အရာအားလုံး အဆင်ပြေနေသယောင် ဟန်ဆောင်ခဲ့ရသည်ဟုလည်း အော်စကာဆုရှင် ဟတ်သဝေးကပြောသည်။ ဟတ်သဝေးသည် ပရိုဂျူဆာ ၊ သရုပ်ဆောင် အဒမ်ရှူမန်နှင့် ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာတွင် လက်ထပ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်တွင် သားဦးလေး မွေးခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် အင်စတာဂရမ်၌ ဟတ်သဝေးက နောက်ထပ်ကိုယ်ဝန်ရှိနေပြီဟု ပရိသတ်ကို အသိပေးခဲ့သည်။ ထိုသို့သတင်းပေးရင်း ဟတ်သဝေးက ၎င်း၏ မျိုးအောင်မှုခက်ခဲပုံကိုပါ ရင်ဖွင့်ခဲ့သည်။ “ဒါက ရုပ်ရှင်ရိုက်ဖို့မဟုတ်ပါဘူး”ဟု ဆိုကာ ဟတ်သဝေးက ၎င်းဗိုက်ထွက်နေသည့် ဓာတ်ပုံကို တွဲတင်ပေးခဲ့သည်။ ယခုအင်တာဗျူးတွင် ဟတ်သဝေးက ပုံမှန်ဟုယူဆရသည့် အရာတစ်ခုအတွက် ၎င်းရှက်ကြောက်နေမည်မဟုတ်ဟု ပြောဆိုသွားသည်။…

Read More

တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA) မှ ဥက္ကဌဟောင်းချန်ရွှိယွမ်ကို လာဘ်စားမှုဖြင့် ထောင်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီဟု မတ် ၂၆ ရက်တွင် စင်ဟွာရုပ်သံက ကြေညာသည်။ ၎င်းလာဘ်စားခဲ့သည့်ငွေသည် ယွမ် ၈၁ သန်း(အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်း)ရှိသည်ဟု ဇန်နဝါရီတွင် ချန်ကဝန်ခံ ထွက်ဆိုခဲ့သည်။ သမ္မတရှီကျင်းပင်လက်ထက် ဘောလုံးလောကတွင် စစ်ဆေးခံရသည့် နည်းပြနှင့် ကစားသမားဦးရေမှာ ၁၂ ဦးအထက်ရှိ လာပြီဖြစ်သည်။ရာထူးပါ၀ါကိုအသုံးချပြီး ၂၀၁၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ချန်ကျူးလွန်ခဲ့သည့် တရားမဝင်လုပ်ရပ်များကို တရားရုံးတွင်ကြေညာခဲ့ပြီး အစိုးရရှေ့နေများအဆိုအရ ချန်သည် ပရောဂျက်ကန်ထရိုက်ပေးခြင်း၊ အားကစားပွဲများစီစဉ်ခြင်းတို့တွင် အကူအညီပေးကာ ငွေနှင့်တန်ဖိုးကြီးအရာများကို လက်သင့်ခံခဲ့သည်။ ရုံးတော်ကြေညာချက်တွင် ချန်သည် တရုတ်ဘောလုံးလောကကို အကြီးအကျယ်ထိခိုက်စေသူဟု ဆိုခဲ့ပြီး အဂတိလိုက်စားမှုဖြင့် အကြီးတန်းဘောလုံးအရာရှိသုံးဦးကိုလည်း ထောင်ဒဏ်ရှစ်နှစ်မှ ၁၄ နှစ်ကြား ချမှတ်လိုက်သည်ဟု စင်ဟွာသတင်းဌာနက ဖော်ပြသည်။ Shandong Taishan ဘောလုံးအသင်းတွင် ကစားနေသည့် တောင်ကိုရီးယားနိုင်ငံသား ဆွန်ဂျွန်ဟိုဆိုသူကိုလည်း အဂတိလိုက်စားမှုဖြင့် ရဲတပ်ဖွဲ့ကထိန်းသိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာသည်။ သို့သော်၎င်းပြန်လွတ်လာပြီဟု တောင်ကိုရီးယားဘက်က ယခုတစ်ပတ်တွင်ကြေညာခဲ့သည်။

Read More

ဆေးရုံတက်ရသူ ၂၆ ဦးရှိပြီး ကျောက် ကပ်မူမမှန်မှုဖြစ်စေသည်ဆိုသည့် သံသယများကြောင့် ဖြန့်ဝေထားသည့် ကျန်းမာရေး ဖြည့်စွက်စာများကို ပြန်ရုပ်သိမ်းထားကြောင်း ဂျပန်ဆေးကုမ္ပဏီ ကိုဘာယာရှီက ထုတ်ပြန် လိုက်ပြီးနောက် လူတစ်ဦးသေဆုံးသည့် သတင်းပါထွက်လာသည်။ မကောင်းသည့် ကိုလက်စထရောများကိုလျှော့ချရန် ထည့်ထားသည့် ‘beni joki’ ခေါ် ဆန်ချဉ်တစ်မျိုးပါဝင်သည့် ဖြည့်စွက်စာသုံးမျိုးကြောင့် သုံးစွဲသူများ ဆေးရုံရောက်သည့်ဖြစ်စဉ်များ ရှိလာ ပြီးနောက် ထိုဆေးသုံးမျိုးကို ကုမ္ပဏီဘက်က လိုက်သိမ်းခဲ့သည်။ “ကျွန်တော်တို့ရဲ့ထုတ်ကုန်နဲ့ လူသေဆုံးမှုအကြား ဆက်နွယ်မှုဖြစ်နိုင်ခြေတစ်ခုရှိနေတယ်။ အဲဒါကို ဖော်ထုတ် နေတယ်”ဟု အိုဆာကာအခြေစိုက် ၎င်းကုမ္ပဏီကပြောသည်။ မတ် ၂၅ ရက်ကုမ္ပဏီထုတ်ပြန်ချက်တွင် ‘beni joki’ လုပ်သည့်အခါသုံးရသည့်ကုန်ကြမ်းများတွင် ထည့်သုံးရန်မရည်ရွယ်ထားသည့် ပါဝင်ပစ္စည်းအချို့ရောပါနေ သည့်ပုံမျိုးတွေ့ရသည်ဟု ဆိုထားသည်။ ဆေးစာမဲ့ဝယ်ယူနိုင်သည့် ယင်းဖြည့်စွက်စာများကို ကမ္ဘာတစ်ဝန်းရှိ အခြားကုမ္ပဏီ ၅၀ နီးပါးသို့ ကိုဘာယာရှီကဖြန့်ဖြူးထားကြောင်း ဂျပန် ရုပ်သံ NHK က ဖော်ပြခဲ့သည်။

Read More

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မင်းတပ်မြို့နယ်အတွင်း မတ် ၂၀ ရက်မှ ၂၁ ရက်အထိ အိမ်ထောင်စုပေါင်း ၂၈၃ စုမှ လူဦးရေ ၁၂၆၆ ဦးအတွက် ထောက်ပံ့ကူညီပေးခဲ့ခြင်းလည်း ဖြစ်သည်။ “ဒီလိုကူညီခဲ့တာက လိုအပ်ချက်တွေအတွက် အပြည့်အဝမဟုတ်သည့်တိုင် သူတို့အတွက်များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောကြားသည်။ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အမှန်တကယ်လိုအပ်သည့်နေရာများမှ ပြည်သူလူထုထံ ထိရောက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကြက်ခြေနီ အခြေခံမူများနှင့်အညီ အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မတ် ၂၀ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းအော့ကျေးရွာ၊ ဖွီကျေးရွာ၊ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် Baptist Church တို့တွင် ရောက်ရှိနေကြသည့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု ၁၆၈ စုအတွက် လိုအပ်နေသော အသုံးအဆောင်ပစ္စည်းများကို အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်သည်။ ထိုသို့ထောက်ပံ့ကူညီရာတွင် အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်း ၁၃၉ အိတ်၊ အမျိုးသားတစ်ကိုယ်ရေသုံးပစ္စည်း ၁၃၈ အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း ငါးအိတ်၊ ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း အိတ် ၆၄ အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း ၅၂ အိတ်၊ ကလေးဝတ်အကျႌထုပ် ၆၆ ထုပ်၊ ခြင်ထောင် ၁၆၈၊ စောင် ၁၆၈…

Read More

People Media ၏ အယ်ဒီတာချုပ် ဦးကျော်စိုးဦး ယနေ့(မတ် ၂၅ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။ ဦးကျော်စိုးဦးသည် တယ်လီဂရမ်တွင် People Media၊ Kyaw Soe Oo စသည့် အမည်များဖြင့် သတင်းများကို တင်ဆက်လျက်ရှိပြီး မတ် ၂၀ ရက်မှစတင်ကာ ထိန်းသိမ်းခံရကြောင်း သိရသည်။ မတ် ၁၈ ရက်က ညနေပိုင်းက People media တွင် ဦးကျော်စိုဦး တင်ဆက်သော သတင်းတစ်ပုဒ်ဖြစ်သည့် တိုင်းပြည်အပေါ် သစ္စာစောင့်သိခဲ့သည့် ရဲအုပ်နေလင်းဟိန်းနာရေးသို့ ပြည်ထဲရေးဝန်ကြီးဌာန လာရောက်မှုမရှိဆိုသော သတင်းနှင့်ပတ်သက်၍ ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းကို ရဲတပ်ဖွဲ့က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့သည်ဟုလည်း ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့မှုအရ သိရသည်။ ဦးကျော်စိုးဦး ပြန်လည်လွတ်မြောက်ရေးအတွက် သတင်းမီဒီယာဥပဒေနှင့်အညီ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

Read More

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၄၂၁ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၇ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးငါးပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးရှစ်ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီးနှစ်ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့ကြောင်းနှင့်ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်…

Read More

ရိုးမားအသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုက နွေရာသီတွင် နည်းပြအလုပ်ကို ပြန်လုပ်ခွင့်ရလိုကြောင်းနှင့် မည်သည့်အသင်းမဆို ကိုင်တွယ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။ မော်ရင်ဟို (၆၁ နှစ်) သည် ဘင်ဖီကာ၊ ပေါ်တို၊ ချယ်လ်ဆီး (နှစ်ကြိမ်)၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ စပါး၊ ရိုးမားစသည့် ဥရောပထိပ်တန်းကလပ်များစွာကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ရလဒ်ဆိုးများကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် ရိုးမားအသင်းနှင့် လမ်းခွဲခဲ့ရသည်။ မော်ရင်ဟိုသည် မတ် ၂၄ ရက်က ကျင်းပသည့် ပေါ်တူဂီဂရင်းပရီ MotoGP ဆိုင်ကယ်စီးပြိုင်ပွဲတွင် ပန်းဝင်အလံကိုင်ဆောင်ပေးခဲ့ပြီး မိခင်နိုင်ငံ၌ နည်းပြအလုပ် ပြန်လည်လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိမရှိ မေးမြန်းမှုကို ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။ ”သတင်းအချက်အလက်ကတော့ ဘာမှ မရှိပါဘူး။ ကျွန်တော့်မှာ ကလပ်အသင်းမရှိပါဘူး။ ကျွန်တော်က လွတ်လပ်သူဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော် အလုပ်ပြန်လုပ်ချင်တယ်။ နွေရာသီမှာ ကျွန်တော်အလုပ်လုပ်ချင်တယ်။ ဘယ်တော့မှဆိုတဲ့စကားကို လုံးဝ မပြောပါဘူး။ အထူးသဖြင့် ဘောလုံးမှာပေါ့။ ဘောလုံးက ကျွန်တော့်ဘဝပါ။ ဘယ်နေရာမှာမဆို ကျွန်တော်လေ့ကျင့်နိုင်တယ်။ အဲဒီအတွက် ကျွန်တော့်မှာ ပြဿနာမရှိပါဘူး” ဟု မော်ရင်ဟိုက ပြောကြားသည်။ ၎င်းအား အသင်းဟောင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် ရီးယဲလ်အသင်းတို့အပြင် ဆော်ဒီကလပ်အသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Read More

မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာ(ခ) အောင်ဟိန်းသည် ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာတင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ Thai Fight Kard Chuek Pluak Daeng ဟု အမည်ပေးထားသည့် မွေထိုင်းပြိုင်ပွဲကို မတ် (၂၄)ရက်က ရရောင်းမြို့ရှိ CK Plaza တွင် ကျင်းပပြုလုပ်ခဲ့ပြီး မင်းရဲကျော်စွာနှင့် ဆန်ချိုင်းတို့၏ပွဲကို အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၂၈ နှစ်ရှိ မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းကို ပညာ၊ သမ္ဘာအားလုံးမယှဉ်နိုင်ခဲ့ဘဲ အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မင်းရဲကျော်စွာသည် အောက်ခြေခတ်ချက်များ၊ ဘယ်ညာလက်သီးတွဲလုံးများဖြင့် အတင်းဝင်ကာ ဖိအားပေးထိုးသတ်ခဲ့ပြီး ဆန်ချိုင်းမှာမူ ချုပ်ဒူးကိုသာ အားပြုထိုးသတ်ခဲ့သည်။ ဆန်ချိုင်း၏ ဘယ်ခြေအမြင့်ကန်ချက်ကြောင့် မင်းရဲကျော်စွာမှာ ဖင်ထိုင်ကျခဲ့ပြီး ပြန်အလွှတ်တွင်လည်း ဘယ်ခြေအမြင့်ကန်ချက်ကြောင့်ပင် အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ Thai Fight အဖွဲ့အစည်းသည် မင်းရဲကျော်စွာနှင့် ဆန်ချိုင်းပွဲကို ဖေဖော်ဝါရီလအတွင်းက ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့၍ ယခုပြန်လည်စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

Read More

နယူးကာဆယ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဒါရင်းအေးစ်က လာမည့်(၅)နှစ်အတွင်း ဆုဖလားများရယူရန် ပစ်မှတ်ထားနေသည်ဟု ပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းသည် ဆော်ဒီစော်ဘွားများ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုများစွာရှိလာခဲ့သည်။ သို့သော် ဆုဖလားအောင်ပွဲများ ရယူနိုင်ရန် ရေရှည်စီမံကိန်းချမှတ်၍ ကြိုးပမ်းသွားလျက်ရှိကြောင်း ဒါရင်းအေးစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ”ကျွန်တော်တို့ Big Six အသင်းတွေရဲ့နောက် အဝေးကြီးမှာ ရှိနေတုန်းပါပဲ။ ဒီရာသီမှာ ထိပ်ဆုံး(၆)သင်းစာရင်းဝင်ရင်ပဲ ကျေနပ်စရာပါ။ ဒါပေမဲ့ လာမယ့်(၅)နှစ်အတွင်း ဆုဖလားတွေ ရယူသွားနိုင်အောင် ရည်ရွယ်ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

Read More