Author: admin

ဆီစက်များ အဆင့်မြှင့်တည်ဆောက်ရေးနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်အတွက် တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ သိန်း ၃၀၀၀ အထိ ချေးငွေထုတ်ချေး မည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ မှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း သိရသည်။ ၎င်းတို့ မှာ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည် ပေါက် လိုင်စင် (သက်တမ်းရှိ) ရရှိရမည်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက် ပိုင်ဆိုင်သောမရွှေ့မပြောင်းနိုင် သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ပေးအပ်နိုင်ရမည်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်သည်၊ FDA လက်မှတ် ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ ချေးငွေပမာဏအနေဖြင့် (၁) လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ (Working Capital) အတွက်ချေးငွေ -…

Read More

မတ် ၁၄ ရက်က Disney+ တွင်ထုတ်လွှင့်ပြသလိုက်သည့် တေလာဆွစ်၏ Eras Tour ရုပ်ရှင်ဇာတ်ကားသည် Disney+ ၏ ပရိသတ်ကြည့်ရှုမှုစံချိန်ကို ချိုးသွားသည်အထိ များပြားလွန်းခဲ့သည်။ ဝေါ့ဒစ္စနေကုမ္ပဏီအဆိုအရ ဆွစ်၏ ဖျော်ဖြေပွဲရုပ်ရှင်ကို Disney+ တွင်စပြလိုက်သည့် ရက်ပိုင်းမှာပင် ဝင်ရောက်ကြည့်ရှုမှု ၄ ဒသမ ၆ သန်း ၊ နာရီအားဖြင့် ၁၆ ဒသမ ၂သန်းအထိ ရှိခဲ့ပြီး ယခင်ကပြသခဲ့သည့် အခြားအဆိုတော်များ၏ ရုပ်ရှင်ကားများကိုကျော်ကာ Disney+ ၏ နံပတ်တစ်ဂီတရုပ်ရှင် ဇာတ်ကားဖြစ်လာခဲ့သည်။ ရှေ့တွင်လည်း ဆွစ်က ဇာတ်ကားတစ်ကားထွက်လာပြီး ယခုဇာတ်ကားက ပိုအောင်မြင်သွားသည်။ ဇာတ်ကားကြာချိန်က သုံးနာရီခွဲရှိပြီး Disney+ ပြသမှုတွင် ရုံတင်ပြသစဉ်တုန်းက မပါခဲ့သည့် သီချင်းသစ်ဖျော်ဖြေနေပုံများလည်း ပါလာသည်။ Eras Tour ကို ကမ္ဘာတစ် ဝန်းရုံတင်ပြခဲ့ရာ အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရခဲ့သည်။ ဘီလီအိုင်းလစ်ရှ်၏ Happier Than Ever:A Love To Los Angeles ဇာတ်ကား ၊ ၀ါရင့်အဆိုတော်ကြီး အယ်လ်တန်ဂျွန်၏ Elton John: Farewall From Dodger Stadium ဇာတ်ကား ၊ ဘီယွန်းဆေး၏ Black Is King ဇာတ်ကား ၊The Beatles အဖွဲ့၏ The Beatles: Get Back ဇာတ်လမ်းတွဲတို့ကိုလည်း Disney+ က ပြသခဲ့သည်။ သို့သော် ယင်းဇာတ်ကားများထက် ဆွစ်၏ Eras…

Read More

အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက်တွင် ဂါဇာအကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာအနီးဝန်းကျင်တွင် စစ်ဆင်ရေးလုပ်ခဲ့သည်ဟု မျက်မြင်တွေ့သူများကပြောကြားခဲ့ပြီး ယင်းဆေရုံတည်ရှိရာရပ်ကွက်တွင် လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ “အစ္စရေး စစ်သားတွေဟာ ရှီဖာဆေးရုံရဲ့အရပ်ဒေသမှာ တိကျတဲ့ စစ်ဆင်ရေးကို လတ်တလော လုပ်ဆောင်နေပါတယ်”ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ “ဟားမာ့စ် အကြီးတန်းတာဝန်ရှိသူတွေက ရှီဖာဆေးရုံကိုအသုံးပြုနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီးဒီစစ်ဆင်ရေးကို လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ တင့်ကားများက ဆေးရုံကို ၀ိုင်းထားသည်ကို မြင်ရကြောင်း ဂါဇာစီးတီးရှိ မျက်မြင်တွေ့သူများက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ စစ်ဘေးရှောင် ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာသည် ယင်းဆေးရုံတွင် ခိုလှုံနေသည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် နိုဝင်ဘာစစ်ဆင်ရေးကို အယ်လ်ရှီဖာဆေးရုံ၌ လုပ်ဆောင်ခဲ့ရာ ယင်းစစ်ဆင်ရေးသည် နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။ ဟားမာ့စ်သည် စစ်ဆင်ရေးများကို ဆေးရုံများနှင့် အခြားသော ဆေးဘက်ဆိုင်ရာစင်တာများမှ လုပ်ဆောင်နေသည်ဟု အစ္စရေးကထပ်တလဲလဲ စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲမှုများကို ဟားမာ့စ်က ပယ်ချထားသည်။ အယ်လ်ရှီဖာဆေးရုံ၌ လုပ်ဆောင်သော စစ်ဆင်ရေးကို ဂါဇာရှိဟားမာ့စ် အစိုးရ မီဒီယာရုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး အယ်လ်ရှီဖာဆေးရုံကို တင့်ကားများ၊ ဒရုန်းများ၊ လက်နက်များဖြင့် ဝင်ရောက်စီးနင်းပြီး ဆေးရုံအတွင်းပိုင်း၌ ပစ်ခတ်မှုများသည် စစ်ရာဇဝတ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေကျေ ဒဏ်ရာရသူ ဒါဇင်ချီရှိနေသည်ဟု ဆေးရုံအနီးတွင် နေထိုင်သူများ၏ ဖုန်းဆက်ပြောကြားမှုများကို လက်ခံရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ “သေနတ်ပစ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာကြောင့် ဘယ်သူကိုမှ ဆေးရုံတင်လို့မရပါဘူး”ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။…

Read More

နှစ်ပေါင်း ၂၀၀ ကျော်တွင် အေဂျီဘီဒိုယဗိုလ်မှူကြီးဟောင်းပူတင်ကို သက်တမ်းအကြာဆုံး ရုရှားခေါင်းဆောင်ဖြစ်လာစေခဲ့သော ရွေးကောက်ပွဲ၏အောင်ပွဲကို ချီးကျူးပြောဆိုခဲ့သော သမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံကို ခြိမ်းခြောက်၍ရလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ အသက် ၇၁ နှစ်အရွယ် ပူတင်၏ အဓိကပြိုင်ဘက်အားလုံးသည် သေသူသေ၊ ထောင်ကျသူကျ၊ ပြည်ပြေးဘဝရောက်သူရောက်သဖြင့် ၎င်းသည် ၎င်း၏အုပ်စိုးမှုကို လူသိရှင်ကြား အတိုက်အခံလုပ်သူ သို့မဟုတ် ယူကရိန်းတွင် ၎င်းဆင်နွှဲနေသော ထိုးစစ်ကို အတိုက်အခံလုပ်သူများကို မညှာမတာဖြိုခွင်းခဲ့သည်။ “ခင်ဗျားတို့ပြည်သူတွေရဲ့ထောက်ခံမှု၊ ခင်ဗျားတို့ပြည်သူတွေရဲ့ ဒီယုံကြည်မှုအတွက် နိုင်ငံသားအားလုံးကို ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်” ဟု မဲရုံများ ပိတ်လိုက်ပြီးနောက် နာရီပိုင်းအတွင်း မော်စကို ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ကို ဘယ်သူက ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ၊ အရေးမစိုက်ပါဘူး။ ကျွန်တော်တို့ကို ဘယ်သူက ဘယ်လောက်ပဲ ဖိနှိပ်ချင်ပါစေ ၊အရေးမစိုက်ပါဘူး။ ဒီလိုလုပ်ဆောင်တာကို သမိုင်းမှာဘယ်သူမှ မအောင်ခဲ့ပါဘူး။ ခြိမ်းခြောက်တာဟာ အခုချိန်မှာလည်း အလုပ်မဖြစ်ပါဘူး။ နောင်မှာလည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်တော့မှလည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ မဲရုံ ၉၉ ရာခိုင်နှုန်းကျော်က ရလဒ်များကို တင်ပြလာခြင်းနှင့်အတူ ပူတင်သည် မဲအားလုံး၏ ၈၇ ရာခိုင်နှုန်းကို ရရှိခဲ့သည်ဟု တရားဝင်ရွေးကောက်ပွဲ အချက်အလက်များတွင် ဖော်ပြထားကြောင်း အစိုးပိုင် RIA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ယင်းသည် စစ်မှန်သော ပြိုင်ဆိုင်မှုကို ရင်ဆိုင်ခဲ့ရခြင်းမရှိသော သမ္မတရွေးကောက်ပွဲတွင် စံချိန်တင်အောင်ပွဲဖြစ်သည်။ ပြင်းထန်သော ယူကရိန်းဗုံးကြဲတိုက်ခိုက်မှုများ မြင့်တက်လာပြီး ယူကရိန်းလိုလားသော အုပ်စုများက ရုရှားပိုင်နက်အတွင်း ထိုးဖောက်ဝင်ရောက်ကာ မဲရုံးများ၌…

Read More

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန် ဖြေဆိုရမည့် EPS-TOPIK စာမေးပွဲအတွက် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမရှေ့၌ နံနက် ၄ နာရီမှစ၍ စာမေးပွဲကြေးပေးသွင်းမည့်သူများ တန်းစီစောင့်ဆိုင်းနေကြောင်း သိရသည်။ စာမေးပွဲဖောင်လျှောက်လွှာတင်ထားသူများ မတ် ၁၉ ရက်မှစ၍ ရက်အလိုက် သတ်မှတ်ဦးရေဖြင့် စာမေးပွဲ ကြေးပေးသွင်းရမည်ဖြစ်ကြောင်း၊ ပထမဆုံးပေးသွင်းရမည့် မတ် ၁၉ ရက်တွင် ဝန်ဆောင်မှုလုပ်ငန်းဖြင့် ဝင်ရောက်ဖြေဆိုမည့် မိန်းကလေးများအားလုံး စတင်ပေးသွင်းရန်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ် အကိုင် အေဂျင်စီက ကြေညာထားသည်။ ယင်းနောက် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း လျှောက်လွှာတင် ထားသူများ သတ်မှတ်ရက်၊ သတ်မှတ် Payment No အလိုက် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပေးသွင်းရမည့် စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာဖြစ်ပြီး မြန်မာငွေဖြင့်လည်း ပေးသွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အတွက် စာမေးပွဲဖောင်တင်သူစုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆကျော်များပြားကြောင်း သိရသည်။ စာမေးပွဲဖြေဆိုမည့်သူတစ်ဦးက “ ဒီနှစ်ကတော့ စံချိန်တင်ပါပဲဗျာ။ မနှစ်ကတောင် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူရေးအားလုံးပေါင်းဖြေဆိုသူမှ သုံးသောင်းကျော်ပဲရှိတာ။ ဒီနှစ်က ခုနစ်သောင်းကျော်ဆိုတော့ နှစ်ဆကျော်လောက်ကို များသွားတာ။ အောင်ဖို့ လွယ်တော့မလွယ်ဘူး။ ပြီးတော့ ဒီနှစ်က အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်းဆိုတဲ့ Skills Test ပါ သက်သက်ဖြေရမှာ။ အောင်မြင်ဖို့ တော်တော်ကြိုးစား ရတော့မယ်” ဟု ပြောကြားသည်။ အဆိုပါစာမေးပွဲဖောင်လျှောက်လွှာကို မတ် ၄ ရက်မှ…

Read More

အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့ တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Safe Migration က ထုတ်ပြန်သည်။ ဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန်တင်ပြလာသည့် အလုပ်ခေါ်စာများ၊ OWIC ပြုလုပ်ခွင့်များကို အမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်ဟု ထုတ်ပြန်သည်။ အေဂျင်စီအချို့မှာ ဦးစီးဌာနကို Demand letter တင်ပြီး ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးကို စိစစ်ရန်ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်းများရှိနေကြောင်း၊ သို့သော်လည်း ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေးပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ ‌အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ်ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့် လွှဲချခြင်း စသည့်အပြုအမူများ လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အထူးသဖြင့် မလေးရှား Demend Letter များတွင် ဖြစ်နေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။ အေဂျင်စီလိုင်စင် ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ် ပြည်ပသို့ သွားရောက်မည့်သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက် မဟုတ်ပါကြောင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ၍ ဝန်ဆောင်ခများရယူကာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Read More

မန္တလေးမြို့ကျုံးပတ်လည်နှင့် နေရာအသီးသီးတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်မည့်သူများအား အခွန်ကင်းလွတ်ခွင့်ပြုပြီး ဧပြီ ၁၀ ရက်အထိ လျှောက်ထားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ ယခုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ ကျုံးတောင်ဘက် (၂၆ ဘီလမ်း)၌ လမ်းလျှောက်သင်္ကြန်အပါအဝင် ကျုံးအရှေ့ဘက် (၆၆ လမ်း) တို့တွင် ရေကစားမဏ္ဍပ်များကို အခမဲ့တည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်သလို မန္တလေးမြို့တွင်းရှိ စျေးချို၊ ကမ်းနားလမ်း၊ မင်္ဂလာမန္တလေးစသည့်နေရာတို့တွင်လည်း ကျင်းပခွင့်ပေးသွားမည်ဟု သိရသည်။ “အဓိကကတော့ ကျုံးတောင်ဘက်မှာ အတွင်းလမ်းကို ရေကစားမဏ္ဍပ်တွေထားပြီး အပြင်လမ်းကို လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားမှာပါ။ ရေကစားမဏ္ဍပ်တွေရှိရာနေရာမှာ ကားကလွဲလို့ ဆိုင်ကယ်ဝင်ခွင့်မပြုပါဘူး။ လမ်းလျှောက်သင်္ကြန်အခြမ်းမှာတော့ ဆိုင်ကယ်ရောကားရော ဝင်ခွင့်မပြုဘဲ လူတွေချည်း ရေကစားနိုင်ပါတယ်။ ဒီနှစ်မှာ အဓိကကတော့ ကျုံးပတ်လည်ရော၊ မန္တလေးမြို့တွင်း ဘယ်နေရာမဆို သင်္ကြန်မဏ္ဍပ်တည်ဆောက်မှုတွေအတွက် အခွန်အခပေးသွင်းစရာမလိုပါဘူး။ အရင်တုန်းကလိုပဲ ကျုံးတောင်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ မိသားစုလိုက် ကိုယ်ပိုင်ရေစုပ်တွေနဲ့ ရေကစားမှုတွေကိုလည်း အခမဲ့ခွင့်ပြုပေးထားပါတယ်” ဟု မန္တလေးမြို့ သင်္ကြန်ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်ပြီး စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနဌာနမှူး ဦးတင်ထွန်းဦးက ပြောကြားသည်

Read More

FAဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်က မိမိတို့အနေဖြင့် မည်သည့်ပြိုင်ဘက်မဆို အနိုင်ယူနိုင်စွမ်းရှိကြောင်းနှင့် အံ့အားသင့်ဖွယ်ရာများ လုပ်ဆောင်နိုင်မည့် ယုံကြည်မှုနှင့် စွမ်းအင်ရှိကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။ ”ဒါက အခိုက်အတန့်တစ်ခုဖြစ်နိုင်ပါတယ်။ ဒီအသင်းဆီမှာ အံ့သြဖို့ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ယုံကြည်မှုနဲ့ စွမ်းအင်ရှိပါတယ်။ လီဗာပူးလ်ကို အနိုင်ရပြီဆိုရင် ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ပထမပိုင်း ၃၅ မိနစ်မှာ ဒီအသင်းရဲ့ အနာဂတ်က အရမ်းတောက်ပနေတယ်ဆိုတာ ကျွန်တော်တို့ ထပ်ပြီးပြသနိုင်ခဲ့တယ်။ ဖြစ်နိုင်ခြေအလားအလာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က တစ်သမတ်တည်းဖြစ်ဖို့ လုပ်ရမှာပါ။ ပထမပိုင်း ၃၅ မိနစ်ကစားပုံက တကယ်ကျေနပ်စရာပါပဲ။ ကောင်းမွန်တဲ့ စရိုက်လက္ခဏာနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ ထပ်ပြီးတွေ့မြင်ခဲ့ရတယ်။ ကျွန်တော်တို့က ဒီရာသီမှာ အဆင်မပြေမှု အများကြီးရှိခဲ့ပြီး အချိန်တိုင်းမှာ ဒါကိုလိုက်လျောညီထွေ ဖြစ်အောင် လုပ်ရပါမယ်။ ဆောင်းဦးကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေထက် ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့သွားနေတဲ့ပုံစံအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမီလိုက်ရမှာတွေ ကျန်ပါသေးတယ်။ စပါးအသင်း ရှုံးနိမ့်ပြီး ဗီလာအသင်း ရမှတ်တွေလျော့နေတာ ကျွန်တော် ဝမ်းသာပါတယ်။ ဆီမီးဖိုင်နယ်တက်ရောက်နိုင်လို့လည်း ကျွန်တော်တို့ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်”ဟု ၎င်းက ပြောကြားသည်။ မန်ယူအသင်းအနေဖြင့် ကွာတားဖိုင်နယ်တွင် အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပိုနောက်ကျဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ အားအနည်းဆုံးပြိုင်ဘက်နှင့် တွေ့ဆုံနေခြင်းဖြစ်သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင်လည်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ကိုဗင်ထရီအသင်းမှာမူ FA ဖလားတွင်ဗိုလ်စွဲဖူးသည့် ၁၉၈၆-၁၉၈၇ ရာသီနောက်ပိုင်း ဆီမီးဖိုင်နယ်သို့…

Read More

တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ပွဲစဉ် ၃၀ အဖြစ် မတ် ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပွဲအပြီးတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် ဧည့်သည်ဖီနာဘာချီအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂိုးများကို မန်ယူအသင်း ကွင်းလယ်လူဟောင်း ဖရက်ဒ်က ၁၃၊ ၄၅+၄ မိနစ်တွင် နှစ်ဂိုးနှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီက ၈၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဖီနာဘာချီအသင်းအတွက် အနိုင်ဂိုးကို ဘတ်ရှူအာယီသွင်းယူပြီးနောက် တင်းမာမှုများစတင်ဖြစ်ပေါ်လာပြီး ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ပွဲအပြီးတွင် ဖီနာဘာချီအသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ကွင်းလယ်စက်ဝိုင်းအတွင်း စုဝေးအောင်ပွဲခံနေစဉ် မျက်နှာဖုံးစွပ်ထားသည့် ပရိသတ်တစ်ဦး စတင်ပြေးဝင်လာခဲ့သည်။ ၎င်းအား လုံခြုံရေးများက တားဆီးနိုင်ခြင်းမရှိသဖြင့် ဖီနာဘာချီကစားသမားများအနီးသို့ ရောက်ရှိလာပြီး တိုက်ခိုက်မည့်ပုံစံပြုလုပ်နေသောကြောင့် ဖီနာဘာချီအသင်းနောက်ခံလူ ဘရိုက်အိုဆာယီဆမ်မြူရယ်က တုံ့ပြန်ထိုးကြိတ်ခဲ့သည်။ ယင်းအခြေအနေတွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်အများအပြား ကွင်းအတွင်းသို့ပြေးဝင်လာပြီး ဖီနာဘာချီအသင်းကစားသမားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်တစ်ခုတွင် ဘတ်ရှူအာယီက ၎င်းအနီးသို့ပြေးလာသည့် ပရိသတ်အား နောက်ပြန်လှည့်၍ အမြင့်ကန်ချက်ဖြင့် ကန်ရန် ကြိုးပမ်းသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့နောက် လုံခြုံရေးများက ဖီနာဘာချီကစားသမားများ အဝတ်လဲခန်းအတွင်း ဝင်ရောက်နိုင်ရန် ကာကွယ်ပေးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ”ယနေ့ ညနေပိုင်းကစားခဲ့တဲ့ ထရက်ဇွန်စပေါ် -ဖီနာဘာချီပွဲအပြီးမှာ ကွင်းအတွင်းဝင်လာတဲ့ ပရိသတ်တွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကိုလည်း ပွဲအပြီးမှာပဲ ချက်ချင်းစတင်သွားမှာပါ။ အားကစားဆိုတာ ယဉ်ကျေးသိမ်မွေ့ခြင်းဖြစ်ပါတယ်။…

Read More

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်းဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆိုခဲ့သည်။ အောင်လအန်ဆန်က”Kill Cliff FC နဲ့ အတူရှိနေရတဲ့နေ့ရက်တွေက တကယ့်ကို ပြီးပြည့်စုံတဲ့ရက်တွေပါပဲ။ ငြီးငွေ့စရာကောင်းတဲ့စကားတွေပြောတတ်တဲ့ အလိမ်အညာသမား မဖြစ်ချင်ပါနဲ့ ONE Championship။ ကျွန်တော်က ပွဲထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ကို ပွဲတစ်ပွဲပေးဖို့ ဖုန်းခေါ်ဆိုပါတော့”ဟု သူ၏ Facebook လူမှုကွန်ရက်မှ နေ၍ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အောင်လအန်ဆန်ကို Instagram လူမှုကွန်ရက်မှနေ၍ စိန်ခေါ်စကားဆိုထားသည်။ ရှာမေးလ်အာဒိုဂန်က ”မစ္စတာချက်ထရီ(ONE CEO) ခင်ဗျားမှာ သံသယတွေရှိနေရင် ကျွန်တော့်ကို ONE Championship မှာ ပွဲပေးလိုက်ပါ။ ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ။ ချန်ပီယံဟောင်း အောင်လအန်ဆန်နဲ့ ထိုးသတ်ချင်ပါ တယ်။ ကျွန်တော် သူ့ကို(အောင်လအန်ဆန်) နှစ်ချီအတွင်း အလဲထိုးပြမှာပါ။ ဒါဟာ ကျွန်တော့်အတွက် သိပ်လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ စက်တင်ဘာကျရင်တော့ ဒီရစ်ဒါနဲ့ ဆုံတွေ့ချင်ပါတယ်”ဟု ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်သည် ယခင်ကလည်း အောင်လအန်ဆန်ကို ယခုကဲ့သို့ စိန်ခေါ်စကားများ ပြောဆိုခဲ့ဖူးသည်။ ရှာမေးလ်အာဒိုဂန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံနှင့် နောက်ဆုံးထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိထားသည်။ ရှာမေးလ်အာဒိုဂန်သည် ပရော်ဖက်ရှင်နယ် MMA ပွဲ ၉ ပွဲ ထိုးသတ်ထားရာ ၉ ပွဲစလုံးအနိုင်ရရှိထားပြီး ရှုံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်သည်။ ရှာမေးလ်အာဒိုဂန် အနိုင်ရရှိထားသည့်…

Read More