Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 11
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

တေလာဆွစ်၏ Eras Tour ရုပ်ရှင်ကို Disney+ မှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်ကြည့်ရှုမှုများပြားခဲ့ပြီး စံချိန်ပါချိုးသွား

March 21, 20241 Min Read
Share
Facebook Twitter

မတ် ၁၄ ရက်က Disney+ တွင်ထုတ်လွှင့်ပြသလိုက်သည့် တေလာဆွစ်၏ Eras Tour ရုပ်ရှင်ဇာတ်ကားသည် Disney+ ၏ ပရိသတ်ကြည့်ရှုမှုစံချိန်ကို ချိုးသွားသည်အထိ များပြားလွန်းခဲ့သည်။

ဝေါ့ဒစ္စနေကုမ္ပဏီအဆိုအရ ဆွစ်၏ ဖျော်ဖြေပွဲရုပ်ရှင်ကို Disney+ တွင်စပြလိုက်သည့် ရက်ပိုင်းမှာပင် ဝင်ရောက်ကြည့်ရှုမှု ၄ ဒသမ ၆ သန်း ၊ နာရီအားဖြင့် ၁၆ ဒသမ ၂သန်းအထိ ရှိခဲ့ပြီး ယခင်ကပြသခဲ့သည့် အခြားအဆိုတော်များ၏ ရုပ်ရှင်ကားများကိုကျော်ကာ Disney+ ၏ နံပတ်တစ်ဂီတရုပ်ရှင် ဇာတ်ကားဖြစ်လာခဲ့သည်။ ရှေ့တွင်လည်း ဆွစ်က ဇာတ်ကားတစ်ကားထွက်လာပြီး ယခုဇာတ်ကားက ပိုအောင်မြင်သွားသည်။

ဇာတ်ကားကြာချိန်က သုံးနာရီခွဲရှိပြီး Disney+ ပြသမှုတွင် ရုံတင်ပြသစဉ်တုန်းက မပါခဲ့သည့် သီချင်းသစ်ဖျော်ဖြေနေပုံများလည်း ပါလာသည်။ Eras Tour ကို ကမ္ဘာတစ် ဝန်းရုံတင်ပြခဲ့ရာ အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရခဲ့သည်။

ဘီလီအိုင်းလစ်ရှ်၏ Happier Than Ever:A Love To Los Angeles ဇာတ်ကား ၊ ၀ါရင့်အဆိုတော်ကြီး အယ်လ်တန်ဂျွန်၏ Elton John: Farewall From Dodger Stadium ဇာတ်ကား ၊ ဘီယွန်းဆေး၏ Black Is King ဇာတ်ကား ၊The Beatles အဖွဲ့၏ The Beatles: Get Back ဇာတ်လမ်းတွဲတို့ကိုလည်း Disney+ က ပြသခဲ့သည်။

သို့သော် ယင်းဇာတ်ကားများထက် ဆွစ်၏ Eras Tour ဂီတဇာတ်ကားက လူကြည့် အများဆုံးဖြစ်လာကာ ၂၀၂၀ ခုနှစ်ကထွက်သည့် ဆွစ်၏ Folklore:The Long Pond Studio Sessions ဇာတ်ကားကိုလည်း ကျော် တက်သွားသည်။

ပြီးခဲ့သည့်ဂရမ်မီဆုပေးပွဲတွင် ဆွစ်က နောက်ဆုံးထွက်ထားသည့် Midnights အယ်လ်ဘမ်ဖြင့် Album of the Year ဆုကို ဆွတ်ခူးခဲ့ပြီး ဂရမ်မီဆုပေးပွဲကျင်းပလာသည့် သမိုင်းတစ်လျှောက် တစ်နှစ်တာအကောင်း ဆုံးတေးအယ်လ်ဘမ်ဆုကို လေးကြိမ်ရသွားသည့် ပထမဆုံးအဆိုတော်ဖြစ်လာသည်။

ထိုပွဲတွင်ဆွစ်က The Tortured Poets Department အမည်ဖြင့် ဧပြီ ၁၉ ရက်တွင် အယ်လ်ဘမ်သစ်ထွက်မည်ဟု ကြေညာခဲ့သည်။ဆွစ်သည် အကောင်းဆုံးအယ်လ်ဘမ် ဆုကို၂၀၁၀ ၊၂၀၁၆ နှင့် ၂၀၂၁ ခုနှစ်များတွင်လည်း ဆွတ်ခူးခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအစ္စရေးစစ်သားများက ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည်ဟု အစ္စရေးစစ်တပ် ထုတ်ပြန်
Next Article ဆီစက်များ အဆင့်မြှင့်တည်ဆောက်ရေးနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေလိုအပ်ချက်အတွက် တစ်နှစ် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ သိန်း ၃၀၀၀ အထိ ချေးငွေထုတ်ချေးမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.