Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 3
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

၂၀၂၄ အော်စကာဆုပေးပွဲတွင် Oppenheimer က အကောင်းဆုံးဇာတ်ကားဆုရပြီး ဇာတ်ဆောင်မင်းသားဆုကို ခီလီယံမာဖီ ၊ ဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းတို့ ဆွတ်ခူး

March 12, 20241 Min Read
Share
Facebook Twitter

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၁၀ ရက်က ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး အမ်မာစတုန်းက Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကို ဆွတ်ခူးကာ ခီလီယံမာဖီက Oppenheimer ဇာတ်ကားဖြင့် ဇာတ်ဆောင်မင်းသားဆုကို ရသွားသည်။

အကောင်းဆုံးဇာတ်ကားဆုကိုမူ ရှေ့ဆုပေးပွဲများစွာတွင် ဇာတ်ကားဆုသိမ်းပိုက်ထားသည့် ဒါရိုက်တာခရစ္စတိုဖာနိုလန်၏လက်ရာ Oppenheimer ကပင်ရပြီး နိုလန်က ယင်းဇာတ်ကားဖြင့်ပင် အကောင်းဆုံးဒါရိုက်တာဆုရခဲ့သည်။

ထပ်မံပြီး Oppenheimer မှ ရောဘတ်ဒေါင်းနီဂျူနီယာက အကောင်းဆုံးဇာတ်ပို့မင်းသားဆုရပြီး ဇာတ်ပို့မင်းသမီးဆုကို The Holdovers ဇာတ်ကားမှ ဒဗိုင်ဂျွိုင်ရန်းဒို့ဖ်က ရယူသွားသည်။ Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What Was I Made For? သီချင်းက အကောင်းဆုံးမူရင်း တေးသီချင်းဆု ၊ ဂျပန်ဇာတ်ကား Godzilla Minus One က အကောင်းဆုံး Visual effects ဆုတို့အတွက် ရွေးချယ်ခံရသည်။

ခင်ပွန်းသည်ကိုသတ်သူဟု စွပ်စွဲခံရသူစာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ဇာတ်ကားက မူရင်းဇာတ်ညွှန်းဆုရပြီး အကောင်းဆုံးနိုင်ငံခြားဇာတ်ကားဆုကို The Zone of Interest ကရသွားသည်။ဆက်လက်ပြီး အန်နီမေးရှင်းဇာတ်ကားဆုကို The Boy and The Heron ၊ Documentary ဖြစ်ရပ်မှန် ဇာတ်ကားဆုကို 20 Day In Mariupol တို့ ရခဲ့သည်။မိတ်ကပ်နှင့်ဆံပင်အပြင်အဆင်ဆု ၊ ဝတ်စုံဒီဇိုင်းဆုတို့ကို Poor Things ကထပ်ရပြီး Oppenheimer က ရုပ်ရှင်တည်းဖြတ်ဆုလည်း ဆွတ်ခူးခဲ့သည်။

ပြီးခဲ့သည့်BAFTA ခေါ် ဗြိတိန်အော်စကာဆုပေးပွဲရလာဒ်နှင့် ယခုအမေရိကန် အော်စကာပွဲရလာဒ်က အတော်လေးတူနေခဲ့သည်။ထို့ကြောင့်လည်း BAFTA က အမေရိကန်ပွဲကို ခန့်မှန်းပေးသည့်ပွဲဟု သတ်မှတ် ကြသည်။

အခမ်းအနားသို့ အဆိုတော်ဘီလီအိုင်းလစ်ရှ်အပါအဝင် အနုပညာရှင်အနည်းစုက ဂါဇာကမ်းမြှောင်ဒေသတွင် အပစ်အခတ်ရပ်ရန် တောင်းဆိုသည့်သဘောဖြင့် အနီရောင်ရင်ထိုးများ ဝတ်ဆင်လာကြသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleတရုတ်၏ အထင်ကရ နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်မည်ဟု တရုတ်ခေါင်းဆောင်များ ကတိပြု
Next Article အန်ဖီးလ်ကွင်း၌ တစ်မှတ်ရယူနိုင်ရန် ဆူနာမီကိုရင်ဆိုင်ရသည့်အခြေအနေမျိုး ကြုံခဲ့ရကြောင်းနှင့် လီဗာပူးလ်အသင်းအား ချီးကျူးကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.