Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Monday, June 2
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 1 Views

ဥရောပဝင်ခွင့်က ချယ်လ်ဆီးနည်းပြ ပိုချက်တီနို၏အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိပြီး စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်ကိုလည်း ပစ်မှတ်ထားနေ

February 28, 20241 Min Read
Share
Facebook Twitter

ဖေဖော်ဝါရီလ ၂၅ ရက်က လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအား (၀-၁)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို၏အနာဂတ်မှာ ပိုမိုဖိအားများလာပြီး ဥရောပဝင်ခွင့်ရရှိမှုက အဆုံးအဖြတ်ပေးဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ယင်းသတင်းတွင် ချယ်လ်ဆီးအသင်းသည် ပိုချက်တီနို၏နေရာတွင် အစားထိုးရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီလူမျိုးနည်းပြ ရူဘင်အမော်ရင်မ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။ အသက် ၅၁ နှစ်ရှိ ပိုချက်တီနိုအနေဖြင့် ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးဖလားနှင့် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ခဲ့သော်လည်း လီဗာပူးလ်အသင်းကို အချိန်ပိုဒုတိယပိုင်းတွင် ဗန်ဒိုက်သွင်းယူသည့်ခေါင်းတိုက်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပိုချက်တီနိုကို ပြီးခဲ့သည့်နွေရာသီက နှစ်နှစ်စာချုပ် ချုပ်ဆိုကာ တစ်နှစ်သက်တမ်းတိုးခွင့်ရှိ သည့်အချက်ကိုလည်း စာချုပ်တွင် ထည့်သွင်းထားသည်။ ပိုချက်တီနို၏အသင်းသည် လိဂ်ဖလားကို ဆုံးရှုံးလိုက်ရသော်လည်း ယခုကာ လအပိုင်းအခြားအတွင်း အသင်းစွမ်းဆောင်ရည် တိုးတက်လာနေကြောင်းလည်း မှတ်တမ်းများက ဖော်ပြခဲ့သည်။

လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ချယ်လ်ဆီးအသင်းသည် ပြိုင်ပွဲစုံ အဝေးကွင်း သုံးပွဲဆက်တိုက် ကစားခဲ့ရသော်လည်း အက်စတွန်ဗီလာနှင့် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားကာ မန်စီးတီးကို သရေကစားနိုင်ခဲ့သည်။ လက်ရှိအနေအထားများအရ ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ပိုချက်တီနိုကို ယခုရာသီအတွင်း ထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်မှသာ ပြန်လည်သုံးသပ်ဖွယ်ရှိကြောင်း သိရသည်။

ပရီးမီးယား လိဂ်မှ ထုတ်ပယ်ခံရဖွယ်ရှိသည့် နည်းပြရေပန်းစားမှုတွင် ပိုချက်တီနိုသည် ဘန်လေအသင်းနည်းပြ ကွန်ပနီ(၅း၂ လေး)၊ ထုတ်ပယ်ခံရသူမရှိ(ရး၂ လေး)နောက်တွင် ၄း၁ လေး ဖြင့် တတိယနေရာမှ ရေပန်းစားလျက်ရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အသက် ၃၉ နှစ်သာရှိသေးသူ ပေါ်တူဂီလူငယ်နည်းပြ အ မော်ရင်မ်ကို ကာလကြာရှည်ကတည်းက ပစ်မှတ်ထားနေခြင်းဖြစ်သည်။ အမော်ရင်မ် သည် လီဗာပူးလ်အသင်းနည်းပြသစ် ရေပန်းစားမှုတွင် အလွန်ဆို၏နောက် ဒုတိယနေရာမှ ရေပန်းစားနေပြီး ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်လာနိုင်သူစာရင်းတွင်လည်း ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ပါဝင်လျက်ရှိကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဆန်ချိုကို အညံ့ဖျင်းဆုံးကစားသမားဟု ဂျာမန်မီဒီယာများ တံဆိပ်ကပ်
Next Article ရှမ်းပြည်နယ် တောင်ပိုင်းတွင် တစ်လကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဦးရေ ၉၄၀၀၀ ကျော် ရှိလာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.