Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, May 21
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဘဝနတ်ထံ ပျံလွန်တော်မူ

February 9, 20242 Mins Read
Share
Facebook Twitter

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိသည် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်၌ ဆေးဝါးကုသမှု ဆက်လက်ခံယူနေစဉ် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် ဘဝနတ်ထံ ပျံလွန်ခဲ့ခြင်းဖြစ်ပြီး သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့(ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဦးစွာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမအဂ္ဂိစျာပနပူဇာသဘင် အခမ်းအနားအား စည်းကားသိုက်မြိုက်စွာနှင့် အခမ်းအနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး၊ ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် အများပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ သောက်သုံးရေများ လုံ​လောက်စွာရရှိရေးနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့သည် ဝစီပိတ်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွက်ဖတ်သရဇ္ဇျယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိစျာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောငိး သိရသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မဟာဗောဓိကမဋ္ဌာန်းကျောင်းတိုက် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဉာဏသီရိထံမှ အနုမောဓနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော်ကြီး အလောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ကြောင်း၊ ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင်ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ လေးခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ ၁၃၅၅ ခုနှစ်မှစတင်၍ ပိဋကတ်သုံးပုံ ပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံပါ ပါဠိတော််အစုံအား ကျောက်ချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက်အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတ​ည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆရာတော်ကြီးသည် တာချီလိတ်မြို့အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေ​နေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု အဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်းများကိုလည်း ဆောင်ရွက်တော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ အထက်ပါကဲ့သို့သော သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့ပြီး ထိုင်းနိုင်ငံမှ ဆပ်ကပ်ချီးမြှင့်သည် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအနားယူဖွယ်ရှိသည်ဆိုသောသတင်းများကို တိုင်ဆန်ဖျူရီ ငြင်းဆန်ခဲ့ပြီး အူဆိုက်၊ ဂျိုရှူအာ၊ အန်ဂန်နူတို့နှင့် အနည်းဆုံး(၅)ပွဲ ထိုးသတ်ဦးမည်ဟု ပြောကြား
Next Article ငွေသားအပ်နှံခြင်း၊ ထုတ်ယူခြင်း အပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်ကိုယ်စားဆောင်ရွက်ရန် Banking Agent များ လုပ်ကိုင်ခွင့်ပြုမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.