Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 13
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 0 Views

တရုတ်က အလွန်အင်အားပြင်းသည့် Jielong-3 ဒုံးပျံဖြင့် ဂြိုဟ်တုများ လွှတ်တင်

February 5, 20241 Min Read
Share
Facebook Twitter

တရုတ်သည် ဖေဖော်ဝါရီ ၃ ရက်က အ လွန်အင်အားပြင်းသည့် Jielong-3 ဒုံးပျံတစ်စင်းဖြင့် ဂြိုဟ်တုကိုးလုံးကို ပတ်လမ်းအတွင်း ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

Smart-Dragon 3 သို့မဟုတ် Jielong-3 အမည်ရှိ ဒုံးပျံသည် နိုင်ငံတောင်ပိုင်း ကွန်တုံပြည်နယ် ယန်ကျန်းမြို့၏ ကမ်းလွန် ရေပြင်ရှိ ရေပေါ် ဒုံးပျံပစ်လွှတ်စင်မှ ပျံသန်းထွက်ခွာခဲ့ခြင်းဖြစ်သည်။

ယခုလွှတ်တင်မှုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစပြီး နိုင်ငံပိုင် ဒုံးပျံထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်အောက်ခံ China Rockert ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် ဒုံးပျံကို တတိယအကြိမ်မြောက် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင်းပင်သည် စီးပွားဖြစ် အာကာသကဏ္ဍအပါအဝင် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများကို ချဲ့ထွင်ရန် တိုက်တွန်းခဲ့ပြီး ယင်းလုပ်ဆောင်မှုများသည် ဆက်သွယ်ရေး၊ ရေကြောင်းနှင့်လေကြောင်း သွားလာမှုများအတွက် အဓိကကျသည့် ဂြိုဟ်တုကွန်ရက် တည်ဆောက်မှုအတွက် အရေးကြီးကြောင်း ယူဆခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှာပင် တရုတ်၏ မော်တော်ယာဉ်ထုတ်လုပ်သည့် Geely Holding Group သည် မောင်းသူမဲ့ကားများအတွက် ပိုမိုတိကျသေချာသည့် သွားလာရေး လမ်းကြောင်းများကို ထောက်ပံ့သည့် ၎င်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဂြိုဟ်တု ၁၁ စင်း လွှတ်တင်ခဲ့သည်။

စီးပွားဖြစ် ဂြိုဟ်တုကွန်ရက်များ တည် ဆောက်ရေးအတွက် အရေးကြီးသည့်အချက်မှာ အာကာသယာဉ်လွှတ်တင်ရေး အဆောက်အအုံများနှင့် ရေပေါ်ဒုံးလွှတ်တင်ရေးစခန်းများ ပိုမိုတည်ဆောက်ရေးကဲ့သို့ ဒုံးလွှတ်တင်ရေး စခန်းအရေအတွက်ကို မြှင့်တင်ရန်၊ ဂြိုဟ်တုလွှတ်တင်သည့် ကုန်ကျစရိတ်ကို နည်းပါးစေရန်၊ မတူကွဲပြားသည့် ဝန်ချိန်အရွယ်အစားများနှင့် ကိုက်ညီမှုရှိသည့် ဒုံးပျံအမျိုးအစားများကို ချဲ့ထွင်ရန် တရုတ်၏ စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေသည်။

Jielong-3 ဒုံးပျံသည် ဝန်ချိန် ၁၅၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပြီး ၅၀၀ ကီလို မီတာရှိသည့် ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးနိုင်သည်။

ထိုဒုံးပျံသည် ဂြိုဟ်တုအစင်း ၂၀ ကျော် ကို သယ်ဆောင်နိုင်ပြီး လွှတ်တင်သည့် ကုန်ကျစရိတ်သည် ဝန်ချိန် ၁ ကီလိုဂရမ်လျှင် ဒေါ်လာ ၁၀၀၀၀ အောက်သာရှိကြောင်း China Rockert ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ ကုန်ကျစရိတ်သည် တရုတ်၏ Long March 11 ဒုံးပျံအပါအဝင် အရွယ်အစားသေးငယ်သည့် ဒုံးပျံများလွှတ်တင်သည့် ကုန်ကျစရိတ်နှင့် တူညီနေသော်လည်း ထိုဒုံးပျံများ၏ ဝန်ချိန်သယ်ဆောင်နိုင်မှုများ သိသာစွာ လျော့နည်းနေသည်။

Jielong-3 ဒုံးပျံသည် ၂၀၂၂ ခုနှစ်က ပထမဆုံးလွှတ်တင်ခဲ့သည့် Lijian-1 ဒုံးပျံ နှင့် နှိုင်းယှဉ်နိုင်သည်။

တရုတ် သိပ္ပံအကယ်ဒမီ၏ စီးပွားဖြစ်ဒုံးပျံလွှတ်တင်ရေး ကုမ္ပဏီဖြစ်သည့် ကွမ်ကျိုးမြို့အခြေစိုက် CAS Space ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် Lijian-1 ဒုံးပျံသည် ဝန်ချိန် ၁၅၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပြီး ၅၀၀ ကီလို မီတာရှိသည့် ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးနိုင်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ၎င်း၏ ပထမဆုံး Ceres-1 ဒုံးပျံကို စမ်းသပ်ခဲ့သည့် Galactic Energy ကုမ္ပဏီအပါအဝင် စီးပွားဖြစ်ကုမ္ပဏီများသည် တရုတ်၏ ဒုံးပျံလွှတ်တင်ရေးလုပ်ငန်းများတွင် ပါဝင်လျက်ရှိ သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သွားမည်ဟု ဟူရ်သီသူပုန်အဖွဲ့ ပြောကြား
Next Article အသက်(၃၅)နှစ်အထက် ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်ဇွန်လအတွင်း အင်္ဂလန်တွင် ကျင်းပမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.