Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ဇန်နဝါရီတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံးစရိတ် ပေါင်သန်း ၁၀၀ သာရှိပြီး ယခင်နှစ်ထက် ပေါင် ၇၁၅ သန်း လျော့နည်းခဲ့ပြီး အသုံးစရိတ်အများဆုံးအဖြစ် လီဂူး-၁ ပြိုင်ပွဲက ပေါင် ၁၆၂ သန်း အသုံးပြုခဲ့

February 3, 20242 Mins Read
Share
Facebook Twitter

၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံး စရိတ်မှာ ပေါင်သန်း ၁၀၀ သာရှိပြီး ယခင်နှစ်ထက် ပေါင် ၇၁၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်း စာရင်းအင်းကုမ္ပဏီ လေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် လန်ဒန်အခြေစိုက် Deloitte ကုမ္ပဏီ၏ဖော်ပြမှုအရ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ ၏ ၂၀၂၄ ဇန်နဝါရီအသုံးစရိတ်မှာ ၂၀၁၁ -၂၀၁၂ ရာသီတွင် အသုံးပြုခဲ့သည့် ပေါင် သန်း ၆၀ နောက်ပိုင်း (COVID-19 ရောဂါ ဖြစ်ပွားသည့် ၂၀၂၁ ဇန်နဝါရီမပါဝင်) အသုံး စရိတ်အနည်းဆုံး ဇန်နဝါရီအပြောင်းအရွှေ့ ကာလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီတွင် ပေါင် ၈၁၅ သန်းအသုံး ပြုခဲ့ရာ ယခုနှစ်တွင် ပေါင် ၇၁၅ သန်းအထိ လျော့နည်းသွားခြင်းဖြစ်သည်။

ယင်းကဲ့သို့ လျော့နည်းသွားခြင်းမှာ ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR) အရ အရေးယူခံရနိုင်သဖြင့် အသုံး စရိတ်လျှော့ချခြင်းဖြစ်နိုင်ကြောင်း BBC သတင်းဌာနက သုံးသပ်ထားသည်။ PSR စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် သုံးရာသီအတွင်း ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိပြီး အဲဗာတန်အသင်းမှာ ၂၀၂၁- ၂၀၂၂ ရာသီက စည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသလို ၂၀၂၂-၂၀၂၃ ရာသီအတွက် အဲဗာတန်နှင့် နော်တင်ဟမ်အသင်းတို့ ထပ်မံစွဲချက်တင်ခံထားရကာ ယခုရာသီမကုန်မီ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။

အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက် အသုံးစရိတ်မှာလည်း ပေါင်သန်း ၃၀ သာရှိပြီး ယခင်နှစ်တွင် အသုံးပြုခဲ့သည့် ပေါင် ၂၇၅ သန်းထက် ပေါင် ၂၄၅ သန်းအထိ လျော့နည်းသွားသည်။ ဇန်နဝါရီကာလအတွင်း ပရီးမီးယားလိဂ်ကလပ် များအနေဖြင့် အပြီးသတ်ခေါ်ယူမှု ၁၇ ခုနှင့် အငှားဖြင့်ခေါ်ယူမှု ၁၃ ခုသာပြုလုပ်ခဲ့ပြီး ၎င်းတို့အနက် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အပြီးသတ်ခေါ်ယူမှု ခုနစ်ခုနှင့် အငှားဖြင့်ခေါ်ယူမှု ခြောက်ခုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီတွင် အသုံးစရိတ်များစွာ လျော့ကျသွားသော်လည်း နွေရာသီတွင် စံချိန်တင်အဖြစ် ပေါင် ၂ ဒသမ ၃၆ ဘီလျံ သုံးစွဲခဲ့သောကြောင့် ၂၀၂၃-၂၀၂၄ ရာသီအတွက် အသုံးစရိတ်စုစုပေါင်းမှာ ပေါင် ၂ ဒသမ ၅ ဘီလျံရှိခဲ့သည်။ ယင်းပမာဏမှာ ၂၀၂၂-၂၀၂၃ ရာသီတွင် စံချိန်တင်ခဲ့သည့် ပေါင် ၂ ဒသမ ၇ ဘီလျံပြီးလျှင် ဒုတိယသုံးစွဲမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အင်္ဂလန်အောက်တန်းလိဂ်လေးခု (EFL) ကလပ်များ၏ အသုံးစရိတ်မှာလည်း ပေါင် ၁၅ သန်း သာရှိပြီး ယခင်နှစ် ဇန်နဝါရီတွင် ပေါင် ၂၅ သန်းအသုံးပြုခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလသုံးခုမှာ စံချိန်တင်အသုံးစရိတ် အသုံးပြုခဲ့ပြီး နောက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ယခု ဇန်နဝါရီအသုံးစရိတ်က လျော့နည်းသွားပါတယ်။ ဒါဟာ နွေရာသီမှာ မြင့်မားတဲ့ အသုံးစရိတ်နဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ပိုမိုသတိရှိတဲ့ ချဉ်းကပ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ပိုမိုသိရှိနားလည်မှု၊ စည်းကမ်းမလိုက်နာရင် ဖြစ်နိုင်ခြေရှိတဲ့ ဂယက်ရိုက်ခတ်မှုတွေရဲ့ လွှမ်းမိုးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရည်အသွေးအမြင့်ဆုံးကစားသမားတွေ ဆက်ရှိနေခြင်းက ပရီးမီးယားလိဂ်အသင်းတွေအတွက် အဓိကကျပြီး ဒီအပြောင်းအရွှေ့မှာ ကစားသမားတွေ ခေါ်ယူနိုင်ဖို့ ဆွဲဆောင်ခြင်းထက် ထိန်းသိမ်းထားနိုင်ဖို့ ပိုဦးစားပေးခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု Deloitte ၏ အားကစားစီးပွားရေး အဖွဲ့ခေါင်းဆောင် တင်မ်ဘရစ်ချ်က ပြောကြားသည်။

ပရီးမီးယားလိဂ်နှင့် ဆန့်ကျင်ဘက်အဖြစ် အခြားဥရောပထိပ်တန်းလိဂ်များ၏ ဇန်နဝါရီအသုံးစရိတ်မှာ ယခင်နှစ်ထက်မြင့် တက်လာကြောင်း သိရသည်။ ၂၀၂၃ ဇန်နဝါရီတွင် စီးရီးအေ၊ လာလီဂါ၊ လီဂူး-၁၊ ဘွန်ဒစ်လီဂါပြိုင်ပွဲများ၏ အသုံးစရိတ်မှာ ပေါင် ၂၁၈ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ပေါင် ၃၈၈ သန်းသို့ မြင့်တက်လာသည်။ ၎င်းတို့အနက် လီဂူး -၁ ပြိုင်ပွဲက ပေါင် ၁၆၂ သန်းဖြင့် ယခုနွေ ရာသီတွင် ငွေသုံးစွဲမှုအများဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်က ပေါင်သန်း ၁၀၀ ဖြင့် ဒုတိယ၊ စီးရီးအေက ပေါင် ၈၅ သန်းဖြင့် တတိယ၊ ဘွန်ဒစ်လီဂါနှင့် လာလီဂါက ပေါင်သန်း ၇၀ စီဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။

ပရီးမီး ယားလိဂ်အနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလများတွင် ကမ္ဘာလုံးဆိုင်ရာ ငွေသုံးစွဲမှုအများဆုံးအဖြစ် မရပ်တည်နိုင်ခြင်းမှာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သလို ဥရောပ၌ ငွေသုံးစွဲမှုအများဆုံးမဟုတ်ခြင်းမှာလည်း ၂၀၁၁ နွေရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleလက်သုတ်ပဝါတွင် ရေးသားထားသည့် မက်ဆီနှင့် ဘာစီလိုနာအသင်း၏ ပထမဆုံးစာချုပ်ကို ကြမ်းခင်းစျေး ပေါင် (၃)သိန်းဖြင့် လေလံတင်ရောင်းချမည်
Next Article မိမိတို့အသင်းမှာ ဖလားသုံးလုံးရခဲ့သည့် ပြီးခဲ့သည့်ရာသီကထက် ပိုကောင်းလာကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.