Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 1
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 0 Views

သမ္မတရှီကျင်းပင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ဘဏ္ဍာရေးကဏ္ဍကို ပစ်မှတ်ထားလာခဲ့

January 23, 20241 Min Read
Share
Facebook Twitter

တရုတ်သမ္မတ ရှီကျင်းပင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် ပြဿနာပတ်လည်ဝိုင်းနေသည့် ဘဏ္ဍာရေးကဏ္ဍကို ပစ်မှတ်ထားလာခဲ့သည်ဟု အကဲခတ်များက ဆိုသည်။

သိုသိုသိပ်သိပ် ဖွဲ့စည်းထားသည့် ဒုံးလက်နက်တပ်ဖွဲ့၊ ကွန်မြူနစ်ပါတီ အထက်တန်းလွှာ၊ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတို့ကို ပစ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် စီးပွားရေးအရှိန်အဟုန်နှေးကွေးနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော ဘဏ္ဍာရေးကဏ္ဍကိုပါ ထိထိရောက်ရောက် လုပ်ဆောင်လာဖွယ်ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်၏စီးပွားရေးတိုးတက်မှုသည် ဆယ်စုနှစ်သုံးခုကျော်အတွင်း နှစ်အလိုက် အနိမ့်ဆုံးဖြစ်ဖွယ်ရှိကြောင်း သိရသည်။ အိမ်ခြံမြေအကျပ်အတည်း၊စားသုံးမှုဆိုင်ရာ အရှိန်အဟုန်နှေး ကွေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ဖြစ်ပေါ်နေသည့်ဒဏ်ကို ခံစားနေရခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်က သမ္မတရှီ အာဏာရလာပြီးနောက်ပိုင်း နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အစဉ်တစိုက်လုပ်ဆောင်ခဲ့ပြီး အရာရှိ ၄ ဒသမ ၇ သန်းထက်မနည်းကို ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် နိုင်ငံပိုင် Global Times သတင်းစာ၏ဖော်ပြချက်အရ သိရသည်။

ယမန်နှစ်တွင် အဆင့်မြင့်အရာရှိများအား လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာန၏ အဆိုအရ သိရသည်။

အိမ်ခြံမြေအကျပ်အတည်း၊ ဒေသန္တရအစိုးရများ၏ ကြွေးမြီမြင့်တက်မှုနှင့် စားသုံးမှုနှုန်း ကာလရှည် ကျဆင်းမှုကြောင့် စီးပွားရေး လည်ပတ်မှုအပေါ် ထိခိုက်မှုဖြစ်ပေါ်နေစဉ် နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မသမာမှုများကို အမြစ်ဖြတ်ဖယ်ရှားမည်ဟု သမ္မတရှီက ကတိပြုထားသည်။

ကာလရှည် တည်ရှိခဲ့သည့် နိုင်ငံရေးအစဉ်အလာမှ ခွဲထွက်ကာ ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ဒုတိယမြောက်ဆယ်စုနှစ်တာ ကာလကို စတင်တာဝန်ယူခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် သန့်ှရှင်းသော အုပ်ချုပ်ရေးစနစ်ကို အထောက်အကူပေးခြင်းဖြစ်သည်ဟု ထောက်ခံအားပေးသူများက ပြောဆိုနေသော်လည်း ဝေဖန်သူများကမူ ယင်းသည် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားရာတွင် ၎င်းအသုံးချနေသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

ဘဏ္ဍာရေး၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်၊ဆေးဝါးနှင့် အခြေခံအဆောက် အအုံကဏ္ဍများတွင် အဂတိလိုက်စားမှုများကို ပိုမိုကျယ်ပြန့်စွာ တိုက်ဖျက်သွားရန် ရှီကညွှန်ကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဇန်နဝါရီ ၈ ရက် နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။ အာဏာရ ကွန်မြူနစ်ပါတီ၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဌာနအား မိန့်ခွန်းပြောကြားရာတွင် ရှီက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကွန်မြူနစ်ပါတီဟာ မကျေနပ်ချက်တွေကို ထိန်းချုပ်ဖို့နဲ့ ထောက်ခံမှုရရှိဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်အားပြုခဲ့ပေမဲ့ ရှီဟာ စီးပွားရေးတည်ငြိမ်မှုကို အရေးအကြီးဆုံးကိစ္စရပ်လို့ ရှုမြင်မထားပါ ဘူး”ဟု တရုတ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပေးအဖွဲ့ဖြစ်သည့် Cercius Group ၏ အမှုဆောင်ချုပ် အဲလက်စ် ပါယက်ထ်က ပြောကြားခဲ့သည်။

ရှီသည် ပြည်ပမှ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကို ခုသာခံသာရှိစေရန်နှင့် စီးပွားရေးကဏ္ဍကို ပါတီ၏ထိန်းချုပ်မှုအောက်တွင် အပြည့်အဝထားရှိရန် အရေးပါသော လုပ်ငန်းကဏ္ဍအများအပြားကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ယမန်နှစ်တွင် တရုတ်သည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန် ကြီးတို့ကို ရာထူးမှဖယ်ရှားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်၏ မိုးပျံပူဖောင်းခြောက်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကိုလည်း တွေ့ရှိခဲ့ဟု ထိုင်ဝမ် ပြောကြား
Next Article တရုတ်-ကာဂျစ္စတန်နယ်စပ်တွင် ပြင်းအား ၇ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သဖြင့် လူ ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.