Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 1
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

City Taxi ယာဉ်များ၏ ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး ကျန်ရှိယာဉ်များ မတပ်ဆင်ပါက ဖေဖော်ဝါရီ ၁ ရက်မှ စတင်စစ်ဆေးအရေးယူမည်

January 16, 20241 Min Read
Share
Facebook Twitter

City Taxi ယာဉ်များ၏ ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်း တပ်ဆင်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိယာဉ်များမတပ်ဆင်ပါက ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များအား အခြားသော ယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ “City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ဆောင်ရွက်သွားရန် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၃) ဆုံးဖြတ်ချက်အပိုဒ်-၇(က) အရ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင် အနံ ငါးလက်မခန့်ရှိ အလျားလိုက်လိုင်းဘေး Sticker ကပ်ရန်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် YRTC မီဒီယာတွေ့ဆုံပွဲတွင် (က) သတ်မှတ် Design အတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅,ဝဝဝိ/- (၁-၁၁-၂၀၂၃ မှ ၃၁-၁-၂၀၂၄) အထိ YRTC က ကျခံပေးမည် ၊ ( ခ ) လက်ခမယူဘဲ မိမိဝန်ထမ်းများဖြင့်ကပ်ပေးခြင်းဆောင်ရွက်မည် ၊ ( ဂ ) City Taxi ယာဉ်ပိုင်ရှင်များကိုယ်တိုင် သတ်မှတ် Design အတိုင်း မိမိအစီအစဉ်ဖြင့် Sticker ကပ်ခွင့်ပြုသည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် YRTC ၏ သုတေသနစစ်တမ်းများအရ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်း တပ်ဆင်ပြီးစီးသည်ကိုတွေ့ရှိရပြီး ခန့်မှန်းယာဉ်စီးရေ (၅၀၀၀၀) တွေ့ရှိရပါသဖြင့် မိမိအစီအစဉ်ဖြင့် တပ်ဆင်ဆောင်ရွက်ခဲ့ကြသော တက္ကစီယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်များအား အထူးကျေးဇူးတင်ရှိကြောင်း ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ ရန်ကုန်တက္ကစီမှတ်ပုံတင်စီးရေ ၅၈၄၈၁ စီးရှိသဖြင့် ၁၄ ရာခိုင်နှုန်း တက္ကစီစီးရေ ၈၀၀၀ ခန့် တပ်ဆင်ရန် ကျန်ရှိကြောင်းတွေ့ရှိရကြောင်း YRTC က သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ဆောင်ပြေးဆွဲလျက်ရှိသည့် နယ်အသီးသီးမှ တက္ကစီယာဉ်များလည်း ရန်ကုန်စီးတီး တက္ကစီများနည်းတူ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ရမည်ဖြစ်ကြောင်း ၊ ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့် အဝါရောင်လိုင်း Sticker တပ်ဆင်ကျန်ရှိသော တက္ကစီယာဉ်မျာအားလုံး ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဖေဖော်ဝါရီ ၂ ရက်မှစ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က သတင်းထုတ်ပြန်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမြောက်ကိုရီးယား၏ ပိုင်နက်ကို အနည်းငယ် ထိပါးချိုးဖောက်လျှင်ပင် စစ်ပွဲဆင်နွှဲမည်ဟု တောင်ကိုရီးယားကို ကင်ဂျုံအွန် ခြိမ်းခြောက်
Next Article လီဗာပူးလ်နှင့် အာဆင်နယ်၏ အထက်တွင် စပါးအသင်း ရပ်တည်နိုင်ဖွယ်ရှိသည်ဟု ဂယ်ရီနဗီးလ် သုံးသပ်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.