Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ကစားသမားများ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်စေရန် ဒူဘိုင်းခရီးစဉ်တွင် မိသားစုဝင်များကို နည်းပြ အာတီတာ ခေါ်ဆောင်ခွင့်ပြု

January 10, 20241 Min Read
Share
Facebook Twitter

အာဆင်နယ်အသင်းနည်းပြ အာတီတာ သည် ကစားသမားများ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်စေရန်အတွက် ဒူဘိုင်းသို့ ရာသီဝက်ခရီးစဉ်သွားရောက်ရာတွင် မိသားစုဝင်များကိုပါ ခေါ်ဆောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် Winter Break ကာလအဖြစ် ဇန်နဝါရီ ၉ ရက်က ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ယင်းခရီးစဉ်သည် ယခုရာသီအတွင်း ခြေကုန်လက်ပန်းကျနေမှုကို ပြန်လည်လန်းဆန်းလာစေရန် ကလပ်အနေဖြင့် မျှော်လင့်ထားကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းအနေဖြင့် ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက်တိုက် အရေးနိမ့်ကာ လေးပွဲဆက်နိုင်ပွဲပျောက်ထားပြီး နောက်ဆုံး ခုနစ်ပွဲတွင်လည်း တစ်ပွဲသာ အနိုင်ရခဲ့သည်။ လက်ရှိအခြေအနေတွင် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ထိပ်ဆုံးမှ လီဗာပူးလ်အသင်း နှင့် ငါးမှတ်အကွာ စတုတ္ထနေရာသို့ ရောက်ရှိနေပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က FA ဖလား တတိယအဆင့်တွင်လည်း လီဗာပူးလ်အသင်း ကို အိမ်ကွင်း၌ပင် နှစ်ဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

လီဗာပူးလ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာက သူ၏အသင်းသည် ပုံမှန်အနိုင်ရသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းနိုင်ရန်အတွက် ချစ်ခြင်းတရား လိုအပ်နေကြောင်းလည်း ဝန်ခံခဲ့သည်။ ထို့ကြောင့် အာတီတာအနေဖြင့် မူလအစီအစဉ်ကိုပြောင်းလဲကာ ကစားသမားများကို သူတို့၏မိသားစုဝင်များအား ဒူဘိုင်းခရီးစဉ်သို့ တစ်ပါတည်းခေါ်ဆောင်ခွင့်ရှိကြောင်း ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အာဆင် နယ်အသင်းသည် ဒူဘိုင်းတွင် ခြောက်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး ပင်မလေ့ကျင့်ရေးကွင်းဖြစ်သည့် Londaon Colney တွင် လေ့ကျင့်ခန်းပြန်ဆင်းမှုကို လာမည့် ဇန်နဝါရီလ ၁၇ ရက်တွင် ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ယခုရာသီ Mis-season Break အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့ပြီး အာဆင်နယ်အသင်းအနေဖြင့် လာမည့် ဇန် နဝါရီလ ၂၀ ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ပြန်လည်ကစားရမည်ဖြစ်သည်။

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျေးဇူးသည် ဒူးဒဏ်ရာ ရရှိနေသော်လည်း ဒူဘိုင်းခရီးစဉ်တွင် အသင်းလူစာရင်းနှင့်အတူ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် လွတ်လပ်မျှတမှုမရှိဟု အမေရိကန်နှင့် ဗြိတိန် ဝေဖန်
Next Article မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားရခြင်းသည် အခြားအသင်းများတွင် ကစားရခြင်းထက် ပိုခက်ခဲသည်ဟု တန်ဟက်ဂ် သုံးသပ်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.