Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 31
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

၂၀၂၄ ခုနှစ်တွင် ပဋိပက္ခဖြစ်လာနိုင်သော နိုင်ငံများ

January 5, 20243 Mins Read
Share
Facebook Twitter

၂၀၂၃ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဆိုးရွားသောနှစ်တစ်နှစ် ဖြစ်ခဲ့သည်မှာ ဝမ်းနည်းစရာကောင်းသည်။ ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်တို့ စစ်ဖြစ်နေရာ ပါလက်စတိုင်းသား သောင်းချီ သေဆုံးခဲ့ရပြီး အစ္စရေးနိုင်ငံသား ထောင်ဂ ဏန်းသေဆုံးခဲ့သည်။ နှစ်ဘက်စလုံးတွင် ကလေးသူငယ် အများအပြားသေဆုံးခဲ့ သည်။ ရုရှားနှင့်ယူကရိန်း ဖြစ်ပွားနေသော စစ်ပွဲသည်လည်း ပြီးဆုံးရန် လမ်းစမမြင်ရ သေးပါ။

အဆိုပါစစ်ပွဲကြီးနှစ်ခုကြောင့် အခြား နိုင်ငံများသည် လူအများ စိတ်ဝင်စားခံရ သောအကြောင်းအရာများထဲတွင်ပါမလာတော့ပေ။ အများပြည်သူ စိတ်ဝင်စားမှုနည်း နေသော အဆိုပါနိုင်ငံများသည် မငြိမ်မ သက်မှုများဖြစ်ပေါ်နေသော နိုင်ငံများဖြစ် သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် အဆိုပါ နိုင်ငံများသည် စစ်ပွဲနှစ်ခုကို ကျော်လွန်ပြီး အများပြည်သူစိတ်ဝင်စားသော နိုင်ငံများ ဖြစ်လာနိုင်သည်။

၂၀၂၄ ခုနှစ်ထဲတွင် စိတ်ဝင်တစား စောင့်ကြည့်ရမည့် နိုင်ငံများရှိနေသည်။ ထို့ကြောင့် ထိုနိုင်ငံများတွင်ပြည်တွင်းရေး ပဋိပက္ခများသို့မဟုတ် ပြည်တွင်းရေးမတည် ငြိမ်မှုများသည် ပိုမိုဆိုးရွားလာနိုင်ပြီး အ ကြမ်းဖက်မှုဆီ ဦးတည်သွားနိုင်သည်။

မာလီ

အာဖရိက၏ မတည်မငြိမ်ဖြစ်နေသော ဆာဟယ်ဒေသတွင်း နိုင်ငံဖြစ်သော မာလီ သည် ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ပဋိပက္ခ များ မြင့်တက်နေခဲ့သည်။ ယခုအခါ ယင်းပဋိ ပက္ခများက အင်ပြည့်အားပြည့် ပြည်တွင်းစစ် အဖြစ် ပွင့်ထွက်လာရန် ခြိမ်းခြောက်နေ သည်။

မာလီသည် သောင်းကျန်းမှုများကို နှိမ် နင်းနေရသည်မှာ ကြာပြီဖြစ်ပါသည်။ အာ ဏာသိမ်းမှုအတွင်း မာလီအစိုးရ ပြုတ်ကျ သွားသည်။ အစ္စလာမ်မစ်စစ်သွေး<ကများက ကျောထောက်နောက်ခံပေးထားသော တူ အာရက်သူပုန်များက မာလီမြောက်ပိုင်း တွင် အာဏာသိမ်းထားသည်။

မာလီနိုင်ငံ တည်ငြိမ်စေရေးအတွက် ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်ကို ဖွဲ့စည်းခဲ့သည်။ ထို့ နောက် ၂၀၁၅ ခုနှစ်တွင် အဓိက သူပုန်အုပ် စုများသည် မာလီအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သည်။

၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် နောက်ထပ် အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီးနောက် စစ်တပ်အရာရှိများက ၎င်းင်းတို့၏ အာဏာကို ကျစ်လျစ်ခိုင်မာအောင်လုပ် ဆောင်ခဲ့ပြီး မာလီတစ်နိုင်ငံလုံးကို နယ်မြေ အပြည့်အဝထိန်းချုပ်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဟု စစ်တပ်အရာရှိများ က ပြောကြားခဲ့သည်။ ကုလသမဂ္ဂငြိမ်းချမ်း ရေး ထိန်းသိမ်းမှု တပ်များ နိုင်ငံမှ ရုပ်သိမ်း ရန် မာလီစစ်အစိုးရက ပြောကြားခဲ့သော ကြောင့် ၂၀၂၃ ခုနှစ် ဇွန်လထဲတွင် ကုလသ မဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် ရုပ်သွား ခဲ့သည်။ အကျိုးဆက်မှာ ကုလသမဂ္ဂအခြေ စိုက်စခန်းများကို နောင်တွင် အသုံးပြုရေး ကိစ္စနှင့်ပတ်သက်၍ မာလီစစ်တပ်နှင့်သူပုန် တပ်ဖွဲ့များ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ပင်ဖြစ်သည်။

ရုရှား၏ဝက်ဂနာကြေးစားစစ်အုပ်စုက အထောက်အပံ့ပေးထားသည်ဟုဆိုသော မာလီစစ်တပ်သည် နိုဝင်ဘာလထဲတွင် မဟာဗျူဟောမြောက် မြောက်ပိုင်းမြို့ ခီ ဒါးလ်ကို ထိန်းချုပ်ခဲ့သည်။ တူအာရက်သူပုန် တို့က ခီဒါးလ်မြို့ကို ၂၀၁၅ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့သည်။ ခီဒါးလ်မြို့ကို မာလီ စစ်တပ် ထိန်းချုပ်လိုက်ခြင်းက ၂၀၁၅ ခုနှစ် ကတည်းကရှိထားသော ယိုင်နဲ့နဲ့ငြိမ်းချမ်း ရေးကို အားနည်းသွားစေသည်။

သူပုန်ထိန်းချုပ်ထားသော မြောက်ပိုင်း ဒေသများကို မာလီစစ်တပ်က အပြည့် အဝ ပြန်လည်ထိန်းချုပ်ရေးမှာ ဖြစ်နိုင်ဖွယ်မရှိ ပေ။ တစ်ချိန်တည်းတွင် သောင်းကျန်းသူ များ အတင့်ရဲလာသည်။ ၂၀၁၅ ငြိမ်းချမ်းရေး သဘောတူစာချုပ်သည် ယခု အခါ ပျက်ပြယ် သွားပြီဖြစ်၍ ၂၀၂၄ ခုနှစ် တွင် မာလီနိုင်ငံ$ မတည်ငြိမ်မှု ပိုများလာမည်ဟု ခန့်မှန်းရ သည်။

လက်ဘနွန်

ပြည်သူတို့၏နေ့စဉ်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်းမရှိဟုဆို သောလက်ဘနွန်ခေါင်းဆောင်များကို ဆန္ဒ ပြမှုများ ၂၀၁၉ ခုနှစ်တွင် နေရာအနှံ့ဖြစ်ပွား ခဲ့သည်။

အခြေအနေသည် ဆက်လက်ယိုယွင်း လျက်ရှိသည်။ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့ စည်းခြင်း၊ စီးပွားရေးအကျပ်အတည်း တိုး လာခြင်း၊ အဂတိလိုက်စားမှု ဓလေ့များကို ပေါ်သွားစေခဲ့သည့် ဆိပ်ကမ်း ပေါက်ကွဲမှု ဖြစ်ပွားခြင်းတို့ရှိခဲ့သည်။

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမ ရှိခဲ့သည့်အတွက် လက်ဘနွန်ကို နိုင်ငံတ ကာငွေကြေး ရန်ပုံငွေအဖွဲ့ က စက်တင်ဘာ လထဲတွင် ဝေဖန်ခဲ့သည်။ လက်ဘနွန်အစိုး ရသည် သမ္မတကို ခန့်အပ်ရန် သဘောတူညီ မှုလည်းမရပေ။ လက်ဘနွန်သည်သမ္မတ နေရာ လစ်လပ်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ယင်းသည် လက်ဘနွန်$ မခိုင်မာသော အာဏာခွဲဝေရေးသဘောတူညီချက်ကိုအား နည်းသွားစေမည့် အန္တရာယ်ရှိနေသည်။ လက်ဘနွန်နိုင်ငံတွင် အရေးပါသော နိုင်ငံ ရေး ရာထူးများဖြစ်သည့် ဝန်ကြီးချုပ်၊ လွှတ် တော်ဥက္ကဋ္ဌ၊ သမ္မတ ရာထူးတို့ကို ဆွန်နီမွတ် စလင်၊ ရှီးယားမွတ်စလင်၊ ခရစ်ယာန်မယ်ရွန် နိုက်တို့ကို အသီးသီး ခွဲဝေပေးထားသည်။

ဖြစ်ပွားနေဆဲ အစ္စရေးနှင့်ဟားမာ့စ် စစ်ပွဲသည် လက်ဘနွန်နိုင်ငံသို့ ကူးစက်လာ ရန် ခြိမ်းခြောက်လျက်ရှိသည်။ လက်ဘ နွန်တွင် ဟစ်ဇဘိုလာစစ်သွေး<ကအဖွဲ့ရှိနေ သည်။ ဟစ်ဇဘိုလာတွင် တိုက်ခိုက်ရေးသ မား ၁၀၀,၀၀၀ ရှိသော စစ်တပ်ရှိသည်။ ထို့ ထက်ပိုအရေးကြီးသည်မှာ စစ်ပွဲကူးစက်လာ မှုက လက်ဘနွန် စီးပွားရေးနာလန်ပြန်ထူ ရေးအတွက် အဓိကမျှော်လင့်ချက်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေပါသည်။

ဆိုခဲ့ပါအချက်များက ၂၀၂၄ ခုနှစ်တွင် ပိုမိုစိုးရိမ်စရာကောင်းသော စီးပွားရေးနှင့် နိုင်ငံရေး ပြိုလဲမှုဆီတွန်းပို့ပစ်နိုင်သည်။

ပါကစ္စတန်

၁၉၄၇ ခုနှစ်တွင် ပါကစ္စတန် လွတ်လပ် ရေးရပြီးကတည်းက စစ်တပ်သည် နိုင်ငံရေး တွင် ကြားဝင်စွက်ဖက်သူ ကဏ္ဍမှ ပါဝင်ခဲ့ သည်။ ပါကစ္စတန်ခေါင်းဆောင်များကို လူ ထုက ရွေးကောက်ခြင်းဖြစ်သော်လည်း လူ ထုရွေးထားသောခေါင်းဆောင်များကိုစစ် တပ် တာဝန်ရှိသူများက ရံဖန်ရံခါ ဖယ်ရှားခဲ့ သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခမ်း သည် ၂၀၂၂ ခုနှစ်တွင် စစ်ခေါင်းဆောင်များ ၏ ထောက်ခံမှုကို မရတော့ပါ။ ထို့ကြောင့် ခမ်းသည် ပါလီမန်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရသည်။ ထို့နောက်တွင် သူသည် စွဲချက်များစွာဖြင့် ဖမ်းဆီးခံရသည်။ အဆိုပါ စွဲချက်များသည် နိုင်ငံရေးအရ စေ့ဆော် သောစွဲချက်များဖြစ်သည်ဟု ခမ်း ထောက်ခံ သူများက ပြောကြားသည်။

ခမ်း ဖမ်းဆီးခံရပြီးနောက် ပြင်းထန် သောဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့ရာ ယင်းဆန္ဒပြပွဲများသည် စစ်တပ် ကတစ်ကြိမ်တစ်ခါမျှပင် ထင်မထားသော စစ်တပ်ကို အမျက်ဒေါသထွက်ကြောင်း ဖော်ပြသည့် ဆန္ဒပြပွဲများဖြစ်သည်။

ပါကစ္စတန်သည် အိမ်နီးချင်း အာဖဂန် နစ္စတန်နိုင်ငံ၌ ဖြစ်ပွားနေသောမတည်ငြိမ်မှု များ ကူးစက်လာခြင်းနှင့် ပိုများလာသော အ ကြမ်းဖက်တိုက်ခိုက်မှုများကိုလည်းရင်ဆိုင် နေရသည်။

ရုန်းကန်နေရသော စီးပွားရေးနှင့် ဆိုး ရွားလှသည့် ၂၀၂၂ ရေကြီးမှုများကြောင့်ဖြစ် ပေါ်လာသောထိခိုက်ဆုံးရှုံးမှုတို့က အဆိုပါ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုဆိုး ရွားစေသည်။

လက်ရှိ စစ်တပ် ယာယီအစိုးရအဖွဲ့က အရပ်ဘက်သို့ အာဏာလွှဲပြောင်းပေးပြီး နောက် ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီလထဲတွင် လွှတ်တော်ရွေးကောက် ပွဲများကို ကျင်းပမည်ဟု မျှော်လင့်ရသည်။

သီရိလင်္ကာ

သီရိလင်္ကာသည် ၂၀၂၂ ခုနှစ်တွင် စီး ပွားရေး ကျဆင်းသွားသောအကျပ်အတည်း ကို ရင်ဆိုင်ခဲ့ရသောကြောင့် လောင်စာ၊ အ စားအစာ၊ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတို့ ဖြစ် ပေါ်ခဲ့သည်။ ပြည်သူ့ဆန္ဒပြပွဲများကြောင့် ထို အချိန်တုန်းက သမ္မတ ဂိုတာဘာယာရာဂျာ ပက်ဆာသည် ထွက်ပြေးသွားခဲ့သည်။ လက် ရှိသမ္မတ ရာနီးလ်ဝီခရီမက်ဆင်းက သူ့နေ ရာကို အစားထိုးဝင်ရောက်ခဲ့သည်။

၂၀၂၃တွင် ပြန်လည်တည်ငြိမ်လာ သည်ဆိုသော်လည်း သီရိလင်္ကာသည်စောင့် ကြည့်ရမည့်နိုင်ငံဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး ဘီးပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားပြီး သံဃာတစ်ပါးအပါအဝင် သုံးဦး သေဆုံး
Next Article အီရန်တွင် အနည်းဆုံး လူ ၈၄ ဦးသေဆုံးခဲ့သည့် ဗုံးခွဲမှုများကို မိမိတို့ လုပ်ဆောင်ခဲ့သည်ဟု IS အုပ်စုက ထုတ်ပြန်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.